နည်းပြအဲရစ်တန်ဟက်လက်အောက်တွင် ဘဝပြန်စရန် ရက်ဖို့ဒ်မျှော်လင့်နေ

မားကပ်စ်ရက်ဖို့ဒ်ကမန်ချက်စတာယူနိုက်တက်ကစားသမားများမှာအဲရစ်တန်ဟက်ရဲ့လက်အောက်တွင်ကစားသမားဘဝပြန်လည်ဦးမော့လာရေး လန်းဆန်းတဲ့ပြန်လည်စတင်ရန်မျှော်လင့်နေကြောင်းပြောကြားသွားပါတယ်။

ယူနိုက်တက်စတားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပွဲကစားသမားနေရာကိုအီလန်ဂါကိုဆုံးရှုံးခဲ့ရသူဖြစ်ပြီး၅ဂိုးတည်းသာသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ရက်ဖို့ဒ်ဟာအဲရစ်တန်ဟက်လက်အောက်တွင်ပရိသတ်အချစ်တော်တစ်ဦးဖြစ်လာနိုင်သေးတယ်လို့ယုံကြည်နေပါတယ်။

ရက်ဖို့ဒ်က “ကျွန်တော်တို့အားလုံးအတူတွဲပြီးအများကြီးလုပ်နိုင်ပါတယ်။ကျွန်တော့်အတွက်ကတော့လတ်ဆတ်တဲ့စတင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်လိုအပ်နေတဲ့အရာတစ်ခုပေါ့။အခုကျွန်တော် နေရာကောင်းသို့ရောက်နေပါတယ်။နောက်ထပ်ပွဲတွေကစားပြီးရာသီသစ်အတွက်အသင့်ဖြစ်အောင်လုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ရက်ဖို့ဒ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကနေရာရရှိရန်ရုန်းကန်ရမှု၊ခြေစွမ်းမပြနိုင်ခြင်းတို့ကြောင့် အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါဝင်ရန်မရေမရာဖြစ်နေခဲ့ပါတယ်။

၎င်းက “ပြန်လည်ဆန်းလန်းလာဖို့အခွင့်အရေးပါ။နောက်ထပ်သွားဖို့အဆင်သင့်ဖြစ်နေပါပြီ။ကျွန်တော်ဟာအရင်တုန်းကလည်းအခွင့်အရေးကိုအသုံးချခဲ့ပြီးပါပြီ။ပြန်လည်အာရုံစိုက်ပါမယ်။ပုံမှန်ထက်ပိုကောင်နေတယ်လို့ခံစားရပါတယ်။အရေးအကြီးဆုံးကတော့လန်းဆန်းတဲ့စတင်မှုဖြစ်လာဖို့ပါ။ကျွန်တော်လန်းဆန်းနေတယ်။အသင့်လည်းဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ရက်ဖို့ဒ်ဟာအသက်၂၄နှစ်တည်းသာရှိသေးပေမဲ့ယူနိုက်တက်အတွက်ပွဲပေါင်းသုံးရာကျော်ကစားထားသလိုအင်္ဂလန်အတွက်၄၆ပွဲကစားထားသူဖြစ်ပါတယ်။

ဒါ့အပြင်၎င်းက “ပထမနှစ်ပတ်ခွဲလေ့ကျင့်ခန်းအစီအစဉ်ကကောင်းခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကထက်ပိုပြီးတော့ကြံ့ခိုင်မှုကောင်းနေကြပါတယ်။ကျွန်တော်တို့ဟာအမှားတွေလုပ်နေတုန်းဖြစ်သလိုပိုကောင်းအောင်လုပ်ရမှာတွေလည်းအများကြီးရှိပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

နည္းျပအဲရစ္တန္ဟက္လက္ေအာက္တြင္ ဘဝျပန္စရန္ ရက္ဖို႔ဒ္ေမွ်ာ္လင့္ေန

မားကပ္စ္ရက္ဖို႔ဒ္ကမန္ခ်က္စတာယူႏိုက္တက္ကစားသမားမ်ားမွာအဲရစ္တန္ဟက္ရဲ႕လက္ေအာက္တြင္ကစားသမားဘဝျပန္လည္ဦးေမာ့လာေရး လန္းဆန္းတဲ့ျပန္လည္စတင္ရန္ေမွ်ာ္လင့္ေနေၾကာင္းေျပာၾကားသြားပါတယ္။

ယူႏိုက္တက္စတားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပြဲကစားသမားေနရာကိုအီလန္ဂါကိုဆုံးရႈံးခဲ့ရသူျဖစ္ၿပီး၅ဂိုးတည္းသာသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ရက္ဖို႔ဒ္ဟာအဲရစ္တန္ဟက္လက္ေအာက္တြင္ပရိသတ္အခ်စ္ေတာ္တစ္ဦးျဖစ္လာႏိုင္ေသးတယ္လို႔ယုံၾကည္ေနပါတယ္။

ရက္ဖို႔ဒ္က “ကြၽန္ေတာ္တို႔အားလုံးအတူတြဲၿပီးအမ်ားႀကီးလုပ္ႏိုင္ပါတယ္။ကြၽန္ေတာ့္အတြက္ကေတာ့လတ္ဆတ္တဲ့စတင္မႈတစ္ခုျဖစ္ခဲ့ပါတယ္။ကြၽန္ေတာ္လိုအပ္ေနတဲ့အရာတစ္ခုေပါ့။အခုကြၽန္ေတာ္ ေနရာေကာင္းသို႔ေရာက္ေနပါတယ္။ေနာက္ထပ္ပြဲေတြကစားၿပီးရာသီသစ္အတြက္အသင့္ျဖစ္ေအာင္လုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ရက္ဖို႔ဒ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေနရာရရွိရန္႐ုန္းကန္ရမႈ၊ေျခစြမ္းမျပႏိုင္ျခင္းတို႔ေၾကာင့္ အဂၤလန္အသင္းရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ပါဝင္ရန္မေရမရာျဖစ္ေနခဲ့ပါတယ္။

၎က “ျပန္လည္ဆန္းလန္းလာဖို႔အခြင့္အေရးပါ။ေနာက္ထပ္သြားဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။ကြၽန္ေတာ္ဟာအရင္တုန္းကလည္းအခြင့္အေရးကိုအသုံးခ်ခဲ့ၿပီးပါၿပီ။ျပန္လည္အာ႐ုံစိုက္ပါမယ္။ပုံမွန္ထက္ပိုေကာင္ေနတယ္လို႔ခံစားရပါတယ္။အေရးအႀကီးဆုံးကေတာ့လန္းဆန္းတဲ့စတင္မႈျဖစ္လာဖို႔ပါ။ကြၽန္ေတာ္လန္းဆန္းေနတယ္။အသင့္လည္းျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရက္ဖို႔ဒ္ဟာအသက္၂၄ႏွစ္တည္းသာရွိေသးေပမဲ့ယူႏိုက္တက္အတြက္ပြဲေပါင္းသုံးရာေက်ာ္ကစားထားသလိုအဂၤလန္အတြက္၄၆ပြဲကစားထားသူျဖစ္ပါတယ္။

ဒါ့အျပင္၎က “ပထမႏွစ္ပတ္ခြဲေလ့က်င့္ခန္းအစီအစဥ္ကေကာင္းခဲ့ပါတယ္။ၿပီးခဲ့တဲ့ရာသီတုန္းကထက္ပိုၿပီးေတာ့ႀကံ့ခိုင္မႈေကာင္းေနၾကပါတယ္။ကြၽန္ေတာ္တို႔ဟာအမွားေတြလုပ္ေနတုန္းျဖစ္သလိုပိုေကာင္းေအာင္လုပ္ရမွာေတြလည္းအမ်ားႀကီးရွိပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။