နည်းပြ ကမ်းလှမ်းမှုပြုလုပ်ကာ ခြေရှုပ်နေတဲ့ အေးဂျင့်များအား ဆိုးလ်ရှားရာထူး အာမခံချက်ရှိကြောင်း မန်ယူသတိပေးလာ

မန်ချက်စတာယူနိုက်တက်ကအိုလီဂန်းနားဆိုးလ်ရှားရဲ့အနာဂတ်အာမခံချက်ရှိကြောင်းပြောကြားကာ၎င်းတို့အားနည်းပြကမ်းလှမ်းမှုများပြုလုပ်ကာခြေရှုပ်နေတဲ့အေးဂျင့်များအားရပ်တန့်ကြရန်သတိပေးမှုပြုလုပ်လာပါတယ်။

ထိပ်တန်းအေးဂျင့်များဟာဆိုးလ်ရှားနေရာတွင်အစားထိုးတာဝန်ယူမယ့်နည်းပြများအား မန်ချက်စတာယူနိုက်တက်ထံကမ်းလှမ်းမှုများပြုလုပ်နေခဲ့ကြပါတယ်။ဒါပေမယ့်မန်ယူအသင်းကဆိုးလ်ရှားကိုထုတ်ပယ်ရန်အစီအစဉ်မရှိကြောင်းတုံ့ပြန်မှုပြုလုပ်ထားပါတယ်။

မန်ယူကစားသမားအချို့တို့ကဆိုးလ်ရှားအပေါ်တွင်ယုံကြည်မှုမရှိတော့သော်လည်းမန်ယူအသင်းတာဝန်ရှိသူများကဆော့ဆိုးလ်ရှားမှာမန်ယူကိုဦးဆောင်ရန်အသင့်တော်ဆုံးနည်းပြလို့ယုံကြည်နေပါတယ်။

ဆိုးလ်ရှားဟာကြားရက်တုန်းကအတ္တလန္တာအား၂ဂိုးပြတ်ရှုံးနိမ့်နေရာမှ၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့မှုကြောင့်ဖိအားအနည်းငယ်လျော့ကျသွားခဲ့ပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးနှင့်ကစားရမယ့်ပွဲတွင်အနိုင်ရရန်ဖိအားများစွာရရှိနေပါတယ်။မန်ယူဟာလီဗာပူးနှင့်ပွဲတွင်ရှုံးနိမ့်ပါကပရီးမီးယားလိဂ်ဖလားအားစိန်ခေါ်နိုင်မယ့်အခြေအနေနှင့်ဝေးကွာလာမှာဖြစ်ပါတယ်။

တစ်ဖက်တွင်ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရမန်ယူအသင်းမှကစားသမားများဟာဆိုးလ်ရှားနည်းစနစ်များအပေါ်တွင်နားလည်ရန်ခက်ခဲတဲ့အပြင်ယုံကြည်မှုမရှိတော့ကြောင်းလည်းသိရပါတယ်။

မန်ယူအတွင်းလူတစ်ဦးက “နည်းပြပြောတာတွေနဲ့ပတ်သက်ပြီးကစားသမားတွေသိပ်မရှင်းကြပါဘူး။ကစားသမားတွေဟာနည်းပြရဲ့နည်းဗျူဟာပိုင်းအပေါ်နားမလည်ဖြစ်နေကြတယ်။အသင်းလိုက်နည်းဗျူဟာမပါဘူး။တစ်ဦးချင်းညွှန်ကြားတာပဲရှိတယ်။ဒီတော့ခံစစ်ပိုင်းမှာပြဿနာအကြီးကြီးတက်နေတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

နည္းျပ ကမ္းလွမ္းမႈျပဳလုပ္ကာ ေျခရႈပ္ေနတဲ့ ေအးဂ်င့္မ်ားအား ဆိုးလ္ရွားရာထူး အာမခံခ်က္ရွိေၾကာင္း မန္ယူသတိေပးလာ

မန္ခ်က္စတာယူႏိုက္တက္ကအိုလီဂန္းနားဆိုးလ္ရွားရဲ႕အနာဂတ္အာမခံခ်က္ရွိေၾကာင္းေျပာၾကားကာ၎တို႔အားနည္းျပကမ္းလွမ္းမႈမ်ားျပဳလုပ္ကာေျခရႈပ္ေနတဲ့ေအးဂ်င့္မ်ားအားရပ္တန႔္ၾကရန္သတိေပးမႈျပဳလုပ္လာပါတယ္။

ထိပ္တန္းေအးဂ်င့္မ်ားဟာဆိုးလ္ရွားေနရာတြင္အစားထိုးတာဝန္ယူမယ့္နည္းျပမ်ားအား မန္ခ်က္စတာယူႏိုက္တက္ထံကမ္းလွမ္းမႈမ်ားျပဳလုပ္ေနခဲ့ၾကပါတယ္။ဒါေပမယ့္မန္ယူအသင္းကဆိုးလ္ရွားကိုထုတ္ပယ္ရန္အစီအစဥ္မရွိေၾကာင္းတုံ႔ျပန္မႈျပဳလုပ္ထားပါတယ္။

မန္ယူကစားသမားအခ်ိဳ႕တို႔ကဆိုးလ္ရွားအေပၚတြင္ယုံၾကည္မႈမရွိေတာ့ေသာ္လည္းမန္ယူအသင္းတာဝန္ရွိသူမ်ားကေဆာ့ဆိုးလ္ရွားမွာမန္ယူကိုဦးေဆာင္ရန္အသင့္ေတာ္ဆုံးနည္းျပလို႔ယုံၾကည္ေနပါတယ္။

ဆိုးလ္ရွားဟာၾကားရက္တုန္းကအတၱလႏၲာအား၂ဂိုးျပတ္ရႈံးနိမ့္ေနရာမွ၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့မႈေၾကာင့္ဖိအားအနည္းငယ္ေလ်ာ့က်သြားခဲ့ပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာယေန႔ညတြင္အိုးထရက္ဖို႔ဒ္ကြင္းမွာလီဗာပူးႏွင့္ကစားရမယ့္ပြဲတြင္အႏိုင္ရရန္ဖိအားမ်ားစြာရရွိေနပါတယ္။မန္ယူဟာလီဗာပူးႏွင့္ပြဲတြင္ရႈံးနိမ့္ပါကပရီးမီးယားလိဂ္ဖလားအားစိန္ေခၚႏိုင္မယ့္အေျခအေနႏွင့္ေဝးကြာလာမွာျဖစ္ပါတယ္။

တစ္ဖက္တြင္ၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမန္ယူအသင္းမွကစားသမားမ်ားဟာဆိုးလ္ရွားနည္းစနစ္မ်ားအေပၚတြင္နားလည္ရန္ခက္ခဲတဲ့အျပင္ယုံၾကည္မႈမရွိေတာ့ေၾကာင္းလည္းသိရပါတယ္။

မန္ယူအတြင္းလူတစ္ဦးက “နည္းျပေျပာတာေတြနဲ႔ပတ္သက္ၿပီးကစားသမားေတြသိပ္မရွင္းၾကပါဘူး။ကစားသမားေတြဟာနည္းျပရဲ႕နည္းဗ်ဴဟာပိုင္းအေပၚနားမလည္ျဖစ္ေနၾကတယ္။အသင္းလိုက္နည္းဗ်ဴဟာမပါဘူး။တစ္ဦးခ်င္းၫႊန္ၾကားတာပဲရွိတယ္။ဒီေတာ့ခံစစ္ပိုင္းမွာျပႆနာအႀကီးႀကီးတက္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။