နည်းဗျူဟာပိုင်း မှန်ကန်လျှင် လီဗာပူးရဲ့ဖလားလေးလုံးအိပ်မက်ကို ဖျက်ဆီးနိုင်ကြောင်း တူချယ်ပြောကြားလာ

သောမတ်စ်တူချယ်ကဒေါ့မွန်ကိုကိုင်တွယ်ကတည်းကဂျာဂင်ကလော့ပ်ကိုလေးစားအားကျရကြောင်းနှင့်မိမိတို့အနေဖြင့်ယနေ့ညပွဲတွင်အပြီးပြည့်စုံဖြစ်နေရမယ်ဆိုပေမဲ့နည်းဗျူဟာပိုင်းမှန်ကန်ပါကလီဗာပူးရဲ့ဖလားလေးလုံးအိပ်မက်ကိုဖျက်ဆီးလာနိုင်ကြောင်းပြောကြားလာပါတယ်။

တူချယ်ရဲ့ချဲလ်ဆီးနှင့်ကလော့ပ်ရဲ့လီဗာပူးတို့ဟာယခုရာသီတွင်သုံးကြိမ်တိုင်တိုင်တွေ့ဆုံထားကြပြီးဖြစ်ပါတယ်။၎င်းတို့ဟာဖေဖော်ဝါရီလတုန်းကခါရာဘောင်ဖလားဗိုလ်လုပွဲတွင်လည်းထိပ်တိုက်တွေ့ခဲ့ပြီးပင်နယ်တီအဆုံးအဖြတ်ဖြင့်ကလော့ပ်ရဲ့လီဗာပူးကအနိုင်ရရှိခဲ့ပါတယ်။

ယနေ့ညအက်ဖ်အေဖလားဗိုလ်လုပွဲတွင်အနိုင်ရရှိတဲ့သူက အက်ဖ်အေဖလားကိုင်မြှောက်နိုင်တဲ့ပထမဆုံးးဂျာမန်နည်းပြဖြစ်လာပါမယ်။

တူချယ်က “လီဗာပူးအခွင့်အရေးတွေပေးခဲ့တယ်(ခါရာဘောင်ဗိုလ်လုပွဲ)။ခါရာဘောင်ဗိုလ်လုပွဲမှာကျွန်တော်တို့အခွင့်အရေးကောင်းကြီးတွေရပြီးသက်သေပြခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့ချဉ်းကပ်ပုံအတိုင်းဆိုရင်တော့ သူတို့က အခြားအသင်းကတိုက်စစ်မှူးကိုလူကျွံအောင်လုပ်တယ်။ဒီတော့တန်ပြန်တိုက်စစ်ကစားရတာမလွယ်ဘူး။ဘောလုံးပေးပို့သူနဲ့ဘောလုံးလက်ခံသူအကြားဆက်သွယ်မှုရှိဖို့လိုတယ်။တကယ်လို့များအပြည့်စုံဆုံးနေ့ဖြစ်ခဲ့ရင်တော့အဖြေရှာတွေ့နိုင်မှာပါ။ဒီလိုဖြစ်လာဖို့လည်းမျှော်လင့်နေတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်တူချယ်ဟာလီဗာပူးကအင်္ဂလန်တစ်နိုင်ငံလုံးရဲ့ချစ်ခင်မှုရရှိနေကြောင်းပြောကြားခဲ့တဲ့ဂွါဒီယိုလာရဲ့အဆိုကိုလည်းထောက်ခံသွားပါတယ်။

ZawGyi

နည္းဗ်ဴဟာပိုင္း မွန္ကန္လွ်င္ လီဗာပူးရဲ႕ဖလားေလးလုံးအိပ္မက္ကို ဖ်က္ဆီးႏိုင္ေၾကာင္း တူခ်ယ္ေျပာၾကားလာ

ေသာမတ္စ္တူခ်ယ္ကေဒါ့မြန္ကိုကိုင္တြယ္ကတည္းကဂ်ာဂင္ကေလာ့ပ္ကိုေလးစားအားက်ရေၾကာင္းႏွင့္မိမိတို႔အေနျဖင့္ယေန႔ညပြဲတြင္အၿပီးျပည့္စုံျဖစ္ေနရမယ္ဆိုေပမဲ့နည္းဗ်ဴဟာပိုင္းမွန္ကန္ပါကလီဗာပူးရဲ႕ဖလားေလးလုံးအိပ္မက္ကိုဖ်က္ဆီးလာႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။

တူခ်ယ္ရဲ႕ခ်ဲလ္ဆီးႏွင့္ကေလာ့ပ္ရဲ႕လီဗာပူးတို႔ဟာယခုရာသီတြင္သုံးႀကိမ္တိုင္တိုင္ေတြ႕ဆုံထားၾကၿပီးျဖစ္ပါတယ္။၎တို႔ဟာေဖေဖာ္ဝါရီလတုန္းကခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္လည္းထိပ္တိုက္ေတြ႕ခဲ့ၿပီးပင္နယ္တီအဆုံးအျဖတ္ျဖင့္ကေလာ့ပ္ရဲ႕လီဗာပူးကအႏိုင္ရရွိခဲ့ပါတယ္။

ယေန႔ညအက္ဖ္ေအဖလားဗိုလ္လုပြဲတြင္အႏိုင္ရရွိတဲ့သူက အက္ဖ္ေအဖလားကိုင္ေျမႇာက္ႏိုင္တဲ့ပထမဆုံးးဂ်ာမန္နည္းျပျဖစ္လာပါမယ္။

တူခ်ယ္က “လီဗာပူးအခြင့္အေရးေတြေပးခဲ့တယ္(ခါရာေဘာင္ဗိုလ္လုပြဲ)။ခါရာေဘာင္ဗိုလ္လုပြဲမွာကြၽန္ေတာ္တို႔အခြင့္အေရးေကာင္းႀကီးေတြရၿပီးသက္ေသျပခဲ့တယ္။ဒါေပမဲ့သူတို႔ရဲ႕ခ်ဥ္းကပ္ပုံအတိုင္းဆိုရင္ေတာ့ သူတို႔က အျခားအသင္းကတိုက္စစ္မႉးကိုလူကြၽံေအာင္လုပ္တယ္။ဒီေတာ့တန္ျပန္တိုက္စစ္ကစားရတာမလြယ္ဘူး။ေဘာလုံးေပးပို႔သူနဲ႔ေဘာလုံးလက္ခံသူအၾကားဆက္သြယ္မႈရွိဖို႔လိုတယ္။တကယ္လို႔မ်ားအျပည့္စုံဆုံးေန႔ျဖစ္ခဲ့ရင္ေတာ့အေျဖရွာေတြ႕ႏိုင္မွာပါ။ဒီလိုျဖစ္လာဖို႔လည္းေမွ်ာ္လင့္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္တူခ်ယ္ဟာလီဗာပူးကအဂၤလန္တစ္ႏိုင္ငံလုံးရဲ႕ခ်စ္ခင္မႈရရွိေနေၾကာင္းေျပာၾကားခဲ့တဲ့ဂြါဒီယိုလာရဲ႕အဆိုကိုလည္းေထာက္ခံသြားပါတယ္။