နည်းဗျူးဟာပြောင်းအလဲလုပ်ပြီး အီတလီကို တပတ်ရိုက်လာမယ့် အင်္ဂလန်

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာယနေ့ညတွင်ဝင်ဘာလေကွင်းမှာရင်ဆိုင်မယ့်ယူရို၂၀၂၀၂ဗိုလ်လုပွဲမှာအီတလီကိုနည်းဗျူဟာပိုင်းအပြောင်းအလဲများစွာပြုလုပ်ကာရင်ဆိုင်လာမှာဖြစ်ကြောင်းသိရပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာယနေ့ညပွဲစဉ်မှာဘူကာယိုဆာကာအားပွဲထွက်လူစာရင်းမှာချန်လှပ်လာပါတယ်။

ဆောက်ဂိတ်ဟာကီရန်ထရစ်ပီယာကိုညာတောင်ပံခံစစ်မှာအသုံးပြုလာမှာဖြစ်ပြီးကိုင်လီဝေါလ်ကားကိုဗဟိုခံစစ်မှာအသုံးပြုသွားပါမယ်။

ဂါရတ်ဆောက်ဂိတ်ဟာယနေ့တွင်ရင်ဆိုင်ရမယ့်အီတလီနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲမှာ၅-၃-၂ကစားကွက်ဖြင့်ရင်ဆိုင်သွားမှာလည်းဖြစ်ပါတယ်။

အင်္ဂလန်ရဲ့နောက်တန်းငါးယောက်တွင်ထရစ်ပီယာ၊ဝေါလ်ကား၊ဂျွန်စတုန်း၊မက်ဂွိုင်းယား၊လုခ်ရှောတို့ကိုသုံးသွားပါမယ်။ကွင်းလယ်ခံစစ်တွင်ဒက်လန်းရိုက်စ်နှင့်ကီဗင်ဖီးလစ်ကိုသုံးမှာဖြစ်ပြီးတိုက်စစ်မှာမေဆင်မောင့်၊ဟယ်ရီကိန်း၊ရာဟမ်းစတာလင်းတို့ကိုအသုံးပြုသွားပါမယ်။

ဆောက်ဂိတ်ဟာအဆိုပါနည်းဗျူဟာကိုဂျာမနီကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာအသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာအီတလီရဲ့တောင်ပံတိုက်စစ်ကိုကာကွယ်ရန်၅-၂-၃ကစားကွက်ကိုအသုံးပြုရန်ဆုံးဖြတ်လာခြင်းလည်းဖြစ်ပါတယ်။

ZawGyi







