
ကိုင်လီယန်ဘက်ပေးဟာမနေ့ညတုန်းကနန့်တက်စ်ကို၄-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပီအက်စ်ဂျီသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
ပီအက်စ်ဂျီစူပါစတားဟာနန့်တက်စ်နှင့်ပွဲစဉ်ရဲ့၉၂မိနစ်တွင်ဘယ်ခြေဖြင့်အဆုံးသတ်ကာ၂၀၁ဂိုးမြောက်ဂိုးကိုသွင်းယူခဲ့ပါတယ်။
သူဟာယင်းဂိုးကြောင့်ယခင်တုန်းကပီအက်စ်ဂျီသမိုင်းတွင်ဂိုးအများဆုံးသွင်းယူခဲ့တဲ့ကာဗာနီ(၂၀၀)ကိုတစ်ဂိုးဖြတ်ကာစံချိန်သစ်ရေးထိုးလာတာဖြစ်ပါတယ်။
ဒီဇင်ဘာလတုန်းကအသက်၂၄နှစ်ရှိပြည့်ခဲ့တဲ့ပီအက်စ်ဂျီစတားဟာပီအက်စ်ဂျီတွင်ဘောလုံးစူပါစတားတစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။သူဟာကမ္ဘာ့ဖလားဗိုလ်လုပွဲ၂ကြိမ်ကစားထားပြီးကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားသလို၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘက်ပေးဟာပြင်သစ်နှင့်အတူ၂၀၂၁ခုနှစ်နေးရှင်းလိဂ်ဖလားဆွတ်ခူးသလိုဒီဇင်ဘာလတုန်းကအာဂျင်တီးနားကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်တဲ့ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဟက်ထရစ်သွင်းခဲ့ပါတယ်။
သူဟာ၂၀၁၇ခုနှစ်တွင်မိုနာကိုမှဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာပြီးနောက်ပီအက်စ်ဂျီနှင့်အတူလီဂူး၁ဖလား၄ကြိမ်ဆွတ်ခူးထားသလိုလီဂူး၁ရဲ့ဂိုးသွင်းဘုရင်ဆုကိုလည်းပြီးခဲ့တဲ့၄ရာသီဆက်ဆွတ်ခူးထားနိုင်ပါတယ်။
သူဟာယခုရာသီတွင်လည်းဂိုး၃၀သွင်းယူကာ၈ကြိမ်ဖန်တီးထားနိုင်ပါတယ်။
ZawGyi
နန႔္တက္စ္ႏွင့္ပြဲတြင္ ဂိုးသြင္းယူၿပီးေနာက္ ပီအက္စ္ဂ်ီသမိုင္းတြင္ ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာတဲ့ ဘက္ေပး
ကိုင္လီယန္ဘက္ေပးဟာမေန႔ညတုန္းကနန႔္တက္စ္ကို၄-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ပီအက္စ္ဂ်ီသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္သမိုင္းမွတ္တိုင္စိုက္ထူလာပါတယ္။
ပီအက္စ္ဂ်ီစူပါစတားဟာနန႔္တက္စ္ႏွင့္ပြဲစဥ္ရဲ႕၉၂မိနစ္တြင္ဘယ္ေျချဖင့္အဆုံးသတ္ကာ၂၀၁ဂိုးေျမာက္ဂိုးကိုသြင္းယူခဲ့ပါတယ္။
သူဟာယင္းဂိုးေၾကာင့္ယခင္တုန္းကပီအက္စ္ဂ်ီသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူခဲ့တဲ့ကာဗာနီ(၂၀၀)ကိုတစ္ဂိုးျဖတ္ကာစံခ်ိန္သစ္ေရးထိုးလာတာျဖစ္ပါတယ္။
ဒီဇင္ဘာလတုန္းကအသက္၂၄ႏွစ္ရွိျပည့္ခဲ့တဲ့ပီအက္စ္ဂ်ီစတားဟာပီအက္စ္ဂ်ီတြင္ေဘာလုံးစူပါစတားတစ္ဦးျဖစ္လာခဲ့သူျဖစ္ပါတယ္။သူဟာကမာၻ႔ဖလားဗိုလ္လုပြဲ၂ႀကိမ္ကစားထားၿပီးကမာၻ႔ဖလားခ်န္ပီယံျဖစ္ထားသလို၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေ႐ႊဖိနပ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဘက္ေပးဟာျပင္သစ္ႏွင့္အတူ၂၀၂၁ခုႏွစ္ေနးရွင္းလိဂ္ဖလားဆြတ္ခူးသလိုဒီဇင္ဘာလတုန္းကအာဂ်င္တီးနားကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္တဲ့ကမာၻ႔ဖလားဗိုလ္လုပြဲမွာဟက္ထရစ္သြင္းခဲ့ပါတယ္။
သူဟာ၂၀၁၇ခုႏွစ္တြင္မိုနာကိုမွဆယ္ေက်ာ္သက္ကစားသမားတစ္ဦးအတြက္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာၿပီးေနာက္ပီအက္စ္ဂ်ီႏွင့္အတူလီဂူး၁ဖလား၄ႀကိမ္ဆြတ္ခူးထားသလိုလီဂူး၁ရဲ႕ဂိုးသြင္းဘုရင္ဆုကိုလည္းၿပီးခဲ့တဲ့၄ရာသီဆက္ဆြတ္ခူးထားႏိုင္ပါတယ္။
သူဟာယခုရာသီတြင္လည္းဂိုး၃၀သြင္းယူကာ၈ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။