နယူးကာဆယ်ကို ဆော်ဒီက ဝယ်ယူလိုက်ပြီးနောက် အရေးပေါ် အစည်းအဝေးခေါ်ရန် ဒေါသထွက်နေတဲ့ ပရီးမီးယားလိဂ်ကလပ်များ တောင်းဆို

ပရီးမီးယားလိဂ်ကလပ်များဟာနယူးကာဆယ်အသင်းအားဆော်ဒီကျောထောက်နောက်ခံကုမ္ပဏီကပေါင်သန်း၃၀၀ဖြင့်ဝယ်ယူလိုက်မှုအပေါ်မပျော်မရွှင်ဖြစ်နေကြပါတယ်။

ဒါကြောင့်လည်းပရီးမီးယားလိဂ်ကလပ်များမှအကြီးအကဲများဟာလာမယ့်အပတ်တွင်နယူးကာဆယ်အားဆော်ဒီကျောထောက်နောက်ခံကလပ်ကဝယ်ယူလိုက်မှုနှင့်ပတ်သက်ပြီးအရေးပေါ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်အလိုရှိနေကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာနယူးကာဆယ်အရောင်းအဝယ်အားတားဆီးနိုင်ခြင်းမရှိတော့သော်လည်းကြာသပတေးနေ့တုန်းကတစ်နေ့တည်းတွင်အကြီးအကျယ်အပြောင်းအလဲဖြစ်သွားမှုနဲ့ပတ်သက်ပြီးသိရှိနေလိုနေကြပါတယ်။

အထူးသဖြင့်ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဟာနယူးကာဆယ်ကို ဆော်ဒီကျောထောက်နောက်ခံကုမ္ပဏီကဝယ်ယူလိုက်မှုကြောင့်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကလပ်အသင်းတစ်သင်းပေါ်ထွက်လာမှာအကြီးအကျယ်စိုးရိမ်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

ဆော်ဒီမင်းသားဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Public Investment Fund က နယူးကာဆယ်ရှယ်ယာ ၈၀ နှင့်အေမန်ဒါစတာဗီလေဦးဆောင်တဲ့ရှင်းနှီးမြှပ်နှံရေးအဖွဲ့က နယူးကာဆယ်ရှယ်ယာ ၂၀ ရာခိုင်နှုန်းအသီးသီးဝယ်ယူခဲ့ကြပါတယ်။

Public Investment Fund ဟာပေါင်ဘီလီယံ၃၂၀ကြွယ်ဝချမ်းသာတဲ့ရင်းနှီးမြှပ်နှံရေးကုမ္ပဏီတစ်ခုဖြစ်ပြီးနယူးကာဆယ်အသင်းကိုကမ္ဘာ့အကောင်းဆုံးကလပ်တစ်ခုအဖြစ်သို့ပြောင်းလဲရန်စီစဉ်နေပါတယ်။

နယူးကာဆယ်ဒါရိုက်တာသစ်အေမန်ဒါစတာဗီလေကနယူးကာဆယ်အသင်းသို့ကမ္ဘာ့ထိပ်တန်းကစားသမားများကိုခေါ်ယူပေးသွားမည်ဟုပရိသတ်များကိုကတိပြုထားပြီဖြစ်ပါတယ်။

ZawGyi

နယူးကာဆယ္ကို ေဆာ္ဒီက ဝယ္ယူလိုက္ၿပီးေနာက္ အေရးေပၚ အစည္းအေဝးေခၚရန္ ေဒါသထြက္ေနတဲ့ ပရီးမီးယားလိဂ္ကလပ္မ်ား ေတာင္းဆို

ပရီးမီးယားလိဂ္ကလပ္မ်ားဟာနယူးကာဆယ္အသင္းအားေဆာ္ဒီေက်ာေထာက္ေနာက္ခံကုမၸဏီကေပါင္သန္း၃၀၀ျဖင့္ဝယ္ယူလိုက္မႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနၾကပါတယ္။

ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ကလပ္မ်ားမွအႀကီးအကဲမ်ားဟာလာမယ့္အပတ္တြင္နယူးကာဆယ္အားေဆာ္ဒီေက်ာေထာက္ေနာက္ခံကလပ္ကဝယ္ယူလိုက္မႈႏွင့္ပတ္သက္ၿပီးအေရးေပၚေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ရန္အလိုရွိေနၾကပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာနယူးကာဆယ္အေရာင္းအဝယ္အားတားဆီးႏိုင္ျခင္းမရွိေတာ့ေသာ္လည္းၾကာသပေတးေန႔တုန္းကတစ္ေန႔တည္းတြင္အႀကီးအက်ယ္အေျပာင္းအလဲျဖစ္သြားမႈနဲ႔ပတ္သက္ၿပီးသိရွိေနလိုေနၾကပါတယ္။

အထူးသျဖင့္ပရီးမီးယားလိဂ္ထိပ္သီးကလပ္မ်ားဟာနယူးကာဆယ္ကို ေဆာ္ဒီေက်ာေထာက္ေနာက္ခံကုမၸဏီကဝယ္ယူလိုက္မႈေၾကာင့္ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ကလပ္အသင္းတစ္သင္းေပၚထြက္လာမွာအႀကီးအက်ယ္စိုးရိမ္ေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

ေဆာ္ဒီမင္းသားဥကၠဌအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ Public Investment Fund က နယူးကာဆယ္ရွယ္ယာ ၈၀ ႏွင့္ေအမန္ဒါစတာဗီေလဦးေဆာင္တဲ့ရွင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕က နယူးကာဆယ္ရွယ္ယာ ၂၀ ရာခိုင္ႏႈန္းအသီးသီးဝယ္ယူခဲ့ၾကပါတယ္။

Public Investment Fund ဟာေပါင္ဘီလီယံ၃၂၀ႂကြယ္ဝခ်မ္းသာတဲ့ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီတစ္ခုျဖစ္ၿပီးနယူးကာဆယ္အသင္းကိုကမာၻ႔အေကာင္းဆုံးကလပ္တစ္ခုအျဖစ္သို႔ေျပာင္းလဲရန္စီစဥ္ေနပါတယ္။

နယူးကာဆယ္ဒါ႐ိုက္တာသစ္ေအမန္ဒါစတာဗီေလကနယူးကာဆယ္အသင္းသို႔ကမာၻ႔ထိပ္တန္းကစားသမားမ်ားကိုေခၚယူေပးသြားမည္ဟုပရိသတ္မ်ားကိုကတိျပဳထားၿပီျဖစ္ပါတယ္။