နယူးကာဆယ်ကို ဝယ်ယူပြီးနောက် နာမည်ကြီးကစားသမားတစ်ဦးကို စတင်ခေါ်ယူရန်အတွက် ဆော်ဒီပိုင်ရှင်သစ် ဆွေးနွေးနေပြီ

ဆော်ဒီကျောထောက်နောက်ခံ Public Investment Fund ဟာနယူးကာဆယ်အသင်းကို ပေါင်သန်း၃၀၀ဖြင့်ဝယ်ယူလိုက်ပြီးနောက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် နာမည်ကျော်ကစားသမားတစ်ဦးအား ခေါ်ယူရန်စတင်ဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါတယ်။

ဆော်ဒီမင်းသားဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ Public Investment Fund ဟာကြာသပတေးနေ့တုန်းကမိုက်အက်ရှ်လေထံမှနယူးကာဆယ်ကိုဝယ်ယူခဲ့ပါတယ်။နယူးကာဆယ်ပရိသတ်များဟာငွေကြေးအင်အားတောင့်တင်းတဲ့ Public Investment Fund လက်အောက်သို့ရောက်သွားမှုနဲ့အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။

နယူးကာဆယ်အသင်းရဲ့ဒါရိုက်တာသစ်ဖြစ်လာတဲ့အေမန်ဒါစတာဗီလေက စိန့်ဂျိမ်းစ်ပါ့ခ်သို့ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားများစွာတို့ကိုခေါ်ဆောင်ပေးမှာဖြစ်ကြောင်း နယူးကာဆယ်ပရိသတ်များကိုကတိပြုထားပြီးလည်းဖြစ်ပါတယ်။

SPORT ရဲ့ဖော်ပြချက်အရနယူးကာဆယ်ပိုင်ရှင်သစ်များဟာနွေရာသီကတည်းက နယူးကာဆယ်ကိုဝယ်ယူရန်လုပ်ဆောင်စဉ်တုန်းကကော်တင်ဟိုကိုခေါ်ယူရေးအတွက်အေးဂျင့်နှင့်ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ဒါပေမယ့်နွေတုန်းကနယူးကာဆယ်အားဝယ်ယူရေးမအောင်မြင်ခဲ့မှုနဲ့အတူဆွေးနွေးမှုကိုရွှေ့ဆိုင်းခဲ့ရပါတယ်။

ယခုအခါ၎င်းတို့ဟာနယူးကာဆယ်အားဝယ်ယူရေးအပြီးသတ်လုပ်ဆောင်နိုင်မှုနဲ့အတူကော်တင်ဟိုကိုခေါ်ယူရေးပြန်လည်ဆွေးနွေးလာပါတယ်။

ကော်တင်ဟိုဟာလီဗာပူးတွင်အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်ပြီး၂၀၁၈ခုနှစ်၊ဇန်နဝါရီလတုန်းကဘာစီလိုနာသို့ပေါင်၁၄၂သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ဘဏ္ဍာရေးပြဿနာများနှင့်ကြုံဆုံနေရတဲ့ဘာစီလိုနာဟာနွေရာသီကတည်းကကော်တင်ဟိုကိုပြောင်းရွှေ့ကြေးပေါင်၄၂သန်းဝန်းကျင်ဖြင့်ရောင်းချလိုခဲ့ပေမယ့်ဝယ်လက်မရှိမှုကြောင့်မရောင်းချနိုင်ခဲ့ပါတယ်။

ယခုအခါ နယူးကာဆယ်ဟာကော်တင်ဟိုကိုလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ခေါ်ယူရေးအတွက်ပြန်လည်ဆွေးနွေးလာပြီဖြစ်ပါတယ်။

ZawGyi

နယူးကာဆယ္ကို ဝယ္ယူၿပီးေနာက္ နာမည္ႀကီးကစားသမားတစ္ဦးကို စတင္ေခၚယူရန္အတြက္ ေဆာ္ဒီပိုင္ရွင္သစ္ ေဆြးေႏြးေနၿပီ

ေဆာ္ဒီေက်ာေထာက္ေနာက္ခံ Public Investment Fund ဟာနယူးကာဆယ္အသင္းကို ေပါင္သန္း၃၀၀ျဖင့္ဝယ္ယူလိုက္ၿပီးေနာက္ ပထမဆုံးကစားသမားေခၚယူမႈအျဖစ္ နာမည္ေက်ာ္ကစားသမားတစ္ဦးအား ေခၚယူရန္စတင္ေဆြးေႏြးေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေဆာ္ဒီမင္းသားဥကၠဌအျဖစ္တာဝန္ယူထားတဲ့ Public Investment Fund ဟာၾကာသပေတးေန႔တုန္းကမိုက္အက္ရွ္ေလထံမွနယူးကာဆယ္ကိုဝယ္ယူခဲ့ပါတယ္။နယူးကာဆယ္ပရိသတ္မ်ားဟာေငြေၾကးအင္အားေတာင့္တင္းတဲ့ Public Investment Fund လက္ေအာက္သို႔ေရာက္သြားမႈနဲ႔အႀကီးအက်ယ္ေပ်ာ္႐ႊင္ေနၾကပါတယ္။

နယူးကာဆယ္အသင္းရဲ႕ဒါ႐ိုက္တာသစ္ျဖစ္လာတဲ့ေအမန္ဒါစတာဗီေလက စိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔ကမာၻ႔အဆင့္ထိပ္တန္းကစားသမားမ်ားစြာတို႔ကိုေခၚေဆာင္ေပးမွာျဖစ္ေၾကာင္း နယူးကာဆယ္ပရိသတ္မ်ားကိုကတိျပဳထားၿပီးလည္းျဖစ္ပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာေႏြရာသီကတည္းက နယူးကာဆယ္ကိုဝယ္ယူရန္လုပ္ေဆာင္စဥ္တုန္းကေကာ္တင္ဟိုကိုေခၚယူေရးအတြက္ေအးဂ်င့္ႏွင့္ေဆြးေႏြးခဲ့ၾကၿပီးျဖစ္ပါတယ္။ဒါေပမယ့္ေႏြတုန္းကနယူးကာဆယ္အားဝယ္ယူေရးမေအာင္ျမင္ခဲ့မႈနဲ႔အတူေဆြးေႏြးမႈကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ယခုအခါ၎တို႔ဟာနယူးကာဆယ္အားဝယ္ယူေရးအၿပီးသတ္လုပ္ေဆာင္ႏိုင္မႈနဲ႔အတူေကာ္တင္ဟိုကိုေခၚယူေရးျပန္လည္ေဆြးေႏြးလာပါတယ္။

ေကာ္တင္ဟိုဟာလီဗာပူးတြင္ေအာင္ျမင္မႈမ်ားစြာရရွိခဲ့သူျဖစ္ၿပီး၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတုန္းကဘာစီလိုနာသို႔ေပါင္၁၄၂သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

ဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံဆုံေနရတဲ့ဘာစီလိုနာဟာေႏြရာသီကတည္းကေကာ္တင္ဟိုကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၄၂သန္းဝန္းက်င္ျဖင့္ေရာင္းခ်လိုခဲ့ေပမယ့္ဝယ္လက္မရွိမႈေၾကာင့္မေရာင္းခ်ႏိုင္ခဲ့ပါတယ္။

ယခုအခါ နယူးကာဆယ္ဟာေကာ္တင္ဟိုကိုလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေခၚယူေရးအတြက္ျပန္လည္ေဆြးေႏြးလာၿပီျဖစ္ပါတယ္။