နယူးကာဆယ်နည်းပြရာထူးနဲ့ပတ်သက်ပြီး နှုတ်ဆိတ်မနေတော့တဲ့ မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုကနယူးကာဆယ်နှင့်သူ့အကြားတွင် ဆက်နွယ်မှုများရှိနေပေမယ့်လည်းနယူးကာဆယ်နည်းပြရာထူးကိုရယူသွားမည်မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

နယူးကာဆယ်အသင်းကိုစတိဗ်ဘရုစ်ကိုင်တွယ်နေဆဲဖြစ်ပေမယ့်အသင်းပိုင်ရှင်သစ်များဟာများမကြာမီအပြောင်းအလဲပြုလုပ်သွားဖို့ရှိနေပါတယ်။

နယူးကာဆယ်နည်းပြရာထူးအတွက်လျာထားစာရင်းတွင်နည်းပြများစွာပါဝင်နေပြီးမော်ရင်ဟိုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ဒါပေမယ့်ပေါ်တူဂီလူမျိုးနည်းပြကရိုးမားအတွက်သာအပြည့်အဝအာရုံစိုက်နေပြီးနယူးကာဆယ်ကိုကိုင်တွယ်မှာမဟုတ်ကြောင်းဆိုလာပါတယ်။

မော်ရင်ဟိုက “နယူးကာဆယ်နဲ့ပတ်သက်ပြီးကျွန်တော့်မှာများများစားစားပြောစရာမရှိပါဘူး။ဘာမှမရှိတာပါ။ပြောစရာရှိတာကတော့အလွန်ခဲ့တဲ့နှစ်တော်ကြာတုန်းကနယူးကာဆယ်သမိုင်းမှာအရေးအပါဆုံးသူတွေထဲကတစ်ဦးဖြစ်တဲ့ဆာဘော်ဘီရော့ဘ်ဆင်နဲ့အလုပ်လုပ်ခဲ့တာပါ။ဒီတော့ကျွန်တော်နဲ့ ဒီမြို့၊ဒီပရိသတ်တွေအကြားမှာဆက်နွယ်မှုကရှိနေပြီးသားပါ။ဒီထက်မပိုပါဘူး။အခုဒီမှာ(ရောမ)ပျော်ပါတယ်။ရိုးမားစီမံကိန်းဖရိုင်းကင်စီမံကိန်းအပေါ်ရာနှုန်းပြည့်အာရုံစိုက်နေတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

နယူးကာဆယ္နည္းျပရာထူးနဲ႔ပတ္သက္ၿပီး ႏႈတ္ဆိတ္မေနေတာ့တဲ့ ေမာ္ရင္ဟို

ဟိုေဆးေမာ္ရင္ဟိုကနယူးကာဆယ္ႏွင့္သူ႔အၾကားတြင္ ဆက္ႏြယ္မႈမ်ားရွိေနေပမယ့္လည္းနယူးကာဆယ္နည္းျပရာထူးကိုရယူသြားမည္မဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

နယူးကာဆယ္အသင္းကိုစတိဗ္ဘ႐ုစ္ကိုင္တြယ္ေနဆဲျဖစ္ေပမယ့္အသင္းပိုင္ရွင္သစ္မ်ားဟာမ်ားမၾကာမီအေျပာင္းအလဲျပဳလုပ္သြားဖို႔ရွိေနပါတယ္။

နယူးကာဆယ္နည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္နည္းျပမ်ားစြာပါဝင္ေနၿပီးေမာ္ရင္ဟိုလည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။ဒါေပမယ့္ေပၚတူဂီလူမ်ိဳးနည္းျပက႐ိုးမားအတြက္သာအျပည့္အဝအာ႐ုံစိုက္ေနၿပီးနယူးကာဆယ္ကိုကိုင္တြယ္မွာမဟုတ္ေၾကာင္းဆိုလာပါတယ္။

ေမာ္ရင္ဟိုက “နယူးကာဆယ္နဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္မွာမ်ားမ်ားစားစားေျပာစရာမရွိပါဘူး။ဘာမွမရွိတာပါ။ေျပာစရာရွိတာကေတာ့အလြန္ခဲ့တဲ့ႏွစ္ေတာ္ၾကာတုန္းကနယူးကာဆယ္သမိုင္းမွာအေရးအပါဆုံးသူေတြထဲကတစ္ဦးျဖစ္တဲ့ဆာေဘာ္ဘီေရာ့ဘ္ဆင္နဲ႔အလုပ္လုပ္ခဲ့တာပါ။ဒီေတာ့ကြၽန္ေတာ္နဲ႔ ဒီၿမိဳ႕၊ဒီပရိသတ္ေတြအၾကားမွာဆက္ႏြယ္မႈကရွိေနၿပီးသားပါ။ဒီထက္မပိုပါဘူး။အခုဒီမွာ(ေရာမ)ေပ်ာ္ပါတယ္။႐ိုးမားစီမံကိန္းဖ႐ိုင္းကင္စီမံကိန္းအေပၚရာႏႈန္းျပည့္အာ႐ုံစိုက္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။