နယူးကာဆယ်နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် နည်းပြဘဝမှ အနားယူနိုင်ကြောင်း စတိဗ်ဘရုစ်ဖွင့်ဟလာ

နယူးကာဆယ်ဟာစတိဗ်ဘရုစ်ကိုနည်းပြရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။စတိဗ်ဘရုစ်ဟာနယူးကာဆယ်ကို၂နှစ်ကျော်ကြာကိုင်တွယ်လာခဲ့သူဖြစ်ပြီးကလပ်နှင့်နှစ်ဦးသဘောတူလမ်းခွဲလိုက်ခြင်းဖြစ်ကြောင်းကလပ်ကကြေညာသွားပါတယ်။

စတိဗ်ဘရုစ်ဟာနယူးကာဆယ်ကိုဆော်ဒီရင်းနှီးမြှပ်နှံသူများကဝယ်ယူလိုက်ပြီးနောက်၁၃ရက်အကြာတွင်ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။စတိဗ်ဘရုစ်ဟာသူ့ရဲ့နည်းပြဘဝပွဲ၁၀၀၀ပြည့်တဲ့စပါးစ်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာရာထူးထွက်ခွာရန်ပရိသတ်များရဲ့တောင်းဆိုခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာယာယီနည်းပြအဖြစ်စတိဗ်ဘရုစ်ရဲ့လက်ထောက်နည်းပြဂရေမီဂျုံးစ်ကိုခန့်အပ်ထားပါတယ်။

စတိဗ်ဘရုစ်ဟာနယူးကာဆယ်အသင်းကိုကိုင်တွယ်စဉ်အတွင်းဖိအားအလွန်ကျရောက်လာမှုကြောင့်အသက်၆၀နှစ်အရွယ်တွင်ပင်နည်းပြဘဝမှအနားယူနိုင်ကြောင်းဖွင့်ဟလာပါတယ်။

စတိဗ်ဘရုစ်က “ဒီအလုပ်ကကျွန်တော့်ရဲ့နောက်ဆုံးအလုပ်ဖြစ်လာနိုင်ပါတယ်။ကျွန်တော့်တစ်ဦးတည်းကြောင့်မဟုတ်ပါဘူး။ကျွန်တော့်မိသားစုတစ်ခုလုံးကြောင့်ပါ။သူတို့ကလည်းဂျော်ဒီ(တိုင်နီဆိုက်သား)တွေဆိုတော့အရမ်း ထိခိုက်ပါတယ်။ဒါကမျက်ကွယ်ပြုလို့မရပါဘူး။သူတို့အားလုံးကျွန်တော့်ကိုစိုးရိမ်ကြပါတယ်။အထူးသဖြင့်ကျွန်တော့်ဇနီးဂျန်ပါ။ကျွန်တော့်အသက်၆၀ပဲရှိပါသေးတယ်။သူမကိုနောက်ထပ်တစ်ခေါက်ဖိအားတွေကြားထဲထပ်ပို့ဦးမလားသိပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

နယူးကာဆယ္နည္းျပရာထူးမွ ထုတ္ပယ္ခံရၿပီးေနာက္ နည္းျပဘဝမွ အနားယူႏိုင္ေၾကာင္း စတိဗ္ဘ႐ုစ္ဖြင့္ဟလာ

နယူးကာဆယ္ဟာစတိဗ္ဘ႐ုစ္ကိုနည္းျပရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။စတိဗ္ဘ႐ုစ္ဟာနယူးကာဆယ္ကို၂ႏွစ္ေက်ာ္ၾကာကိုင္တြယ္လာခဲ့သူျဖစ္ၿပီးကလပ္ႏွင့္ႏွစ္ဦးသေဘာတူလမ္းခြဲလိုက္ျခင္းျဖစ္ေၾကာင္းကလပ္ကေၾကညာသြားပါတယ္။

စတိဗ္ဘ႐ုစ္ဟာနယူးကာဆယ္ကိုေဆာ္ဒီရင္းႏွီးျမႇပ္ႏွံသူမ်ားကဝယ္ယူလိုက္ၿပီးေနာက္၁၃ရက္အၾကာတြင္ထုတ္ပယ္ျခင္းခံခဲ့ရတာပါ။စတိဗ္ဘ႐ုစ္ဟာသူ႔ရဲ႕နည္းျပဘဝပြဲ၁၀၀၀ျပည့္တဲ့စပါးစ္ကို၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာရာထူးထြက္ခြာရန္ပရိသတ္မ်ားရဲ႕ေတာင္းဆိုျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာယာယီနည္းျပအျဖစ္စတိဗ္ဘ႐ုစ္ရဲ႕လက္ေထာက္နည္းျပဂေရမီဂ်ဳံးစ္ကိုခန႔္အပ္ထားပါတယ္။

စတိဗ္ဘ႐ုစ္ဟာနယူးကာဆယ္အသင္းကိုကိုင္တြယ္စဥ္အတြင္းဖိအားအလြန္က်ေရာက္လာမႈေၾကာင့္အသက္၆၀ႏွစ္အ႐ြယ္တြင္ပင္နည္းျပဘဝမွအနားယူႏိုင္ေၾကာင္းဖြင့္ဟလာပါတယ္။

စတိဗ္ဘ႐ုစ္က “ဒီအလုပ္ကကြၽန္ေတာ့္ရဲ႕ေနာက္ဆုံးအလုပ္ျဖစ္လာႏိုင္ပါတယ္။ကြၽန္ေတာ့္တစ္ဦးတည္းေၾကာင့္မဟုတ္ပါဘူး။ကြၽန္ေတာ့္မိသားစုတစ္ခုလုံးေၾကာင့္ပါ။သူတို႔ကလည္းေဂ်ာ္ဒီ(တိုင္နီဆိုက္သား)ေတြဆိုေတာ့အရမ္း ထိခိုက္ပါတယ္။ဒါကမ်က္ကြယ္ျပဳလို႔မရပါဘူး။သူတို႔အားလုံးကြၽန္ေတာ့္ကိုစိုးရိမ္ၾကပါတယ္။အထူးသျဖင့္ကြၽန္ေတာ့္ဇနီးဂ်န္ပါ။ကြၽန္ေတာ့္အသက္၆၀ပဲရွိပါေသးတယ္။သူမကိုေနာက္ထပ္တစ္ေခါက္ဖိအားေတြၾကားထဲထပ္ပို႔ဦးမလားသိပါဘူး”လို႔ေျပာၾကားသြားပါတယ္။