နယူးကာဆယ်နည်းပြသစ်အဖြစ် ဟိုဝီကို အတည်ပြုခန့်အပ်၊ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူရန် ငွေကြေးအလုံအလောက်ရရှိမည်

အက်ဒီဟိုဝီကိုနယူးကာဆယ်နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။နယူးကာဆယ်ရဲ့ဆော်ဒီပိုင်ရှင်သစ်များဟာတန်းမဆင်းရရေးတိုက်ပွဲဝင်နိုင်ရန်အတွက်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်နည်းပြအက်ဒီဟိုဝီအားအသုံးစရိတ်အလုံအလောက်ပေးသွားပါမယ်။

အသက်၄၃နှစ်ရှိဘုန်းမောက်နည်းပြဟောင်းဟာပြီးခဲ့တဲ့လတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့စတိဗ်ဘရုစ်နေရာတွင်အစားထိုးခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

အက်ဒီဟိုဝီဟာသူ့ရဲ့ပထမဆုံးနယူးကာဆယ်ပွဲစဉ်အဖြစ်လာမယ့်နိုဝင်ဘာလ၂၀ရက်နေ့မှာစိန့်ဂျိမ်းစ်ပါ့ခ်တွင်တန်းတက်ဘရန့်ဖို့ဒ်နှင့်ပွဲအားကိုင်တွယ်သွားရပါမယ်။

နယူးကာဆယ်ဟာဘရန့်ဖို့ဒ်နှင့်ပွဲအပြီးမှာအာဆင်နယ်ကိုအဝေးကွင်းသို့လည်းကောင်း၊တန်းမဆင်းရရေးအရေးပါတဲ့ပွဲအဖြစ်နော့ဝှစ်ချ်နှင့်လည်းကောင်းရင်ဆိုင်ရပါမယ်။

နယူးကာဆယ်ဟာဇန်နဝါရီအပြောင်းအရွှေ့တွင်ကစားသမားသစ်ခေါ်ယူရန်စတင်လုပ်ဆောင်နေပြီဖြစ်ပြီးသူတို့ရဲ့စောင့်ကြည့်စာရင်းတွင်ဗန်ဒီဘိခ်၊မာရှယ်၊လင်ဂတ်၊စထရာကိုရှာ၊လူးဝစ်ဒိုင်ယက်ဇ်တို့ပါဝင်နေပါတယ်။

ZawGyi

နယူးကာဆယ္နည္းျပသစ္အျဖစ္ ဟိုဝီကို အတည္ျပဳခန႔္အပ္၊ဇန္နဝါရီတြင္ ကစားသမားသစ္ေခၚယူရန္ ေငြေၾကးအလုံအေလာက္ရရွိမည္

အက္ဒီဟိုဝီကိုနယူးကာဆယ္နည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။နယူးကာဆယ္ရဲ႕ေဆာ္ဒီပိုင္ရွင္သစ္မ်ားဟာတန္းမဆင္းရေရးတိုက္ပြဲဝင္ႏိုင္ရန္အတြက္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္နည္းျပအက္ဒီဟိုဝီအားအသုံးစရိတ္အလုံအေလာက္ေပးသြားပါမယ္။

အသက္၄၃ႏွစ္ရွိဘုန္းေမာက္နည္းျပေဟာင္းဟာၿပီးခဲ့တဲ့လတုန္းကထုတ္ပယ္ျခင္းခံခဲ့ရတဲ့စတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။

အက္ဒီဟိုဝီဟာသူ႔ရဲ႕ပထမဆုံးနယူးကာဆယ္ပြဲစဥ္အျဖစ္လာမယ့္ႏိုဝင္ဘာလ၂၀ရက္ေန႔မွာစိန႔္ဂ်ိမ္းစ္ပါ့ခ္တြင္တန္းတက္ဘရန႔္ဖို႔ဒ္ႏွင့္ပြဲအားကိုင္တြယ္သြားရပါမယ္။

နယူးကာဆယ္ဟာဘရန႔္ဖို႔ဒ္ႏွင့္ပြဲအၿပီးမွာအာဆင္နယ္ကိုအေဝးကြင္းသို႔လည္းေကာင္း၊တန္းမဆင္းရေရးအေရးပါတဲ့ပြဲအျဖစ္ေနာ့ဝွစ္ခ်္ႏွင့္လည္းေကာင္းရင္ဆိုင္ရပါမယ္။

နယူးကာဆယ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ကစားသမားသစ္ေခၚယူရန္စတင္လုပ္ေဆာင္ေနၿပီျဖစ္ၿပီးသူတို႔ရဲ႕ေစာင့္ၾကည့္စာရင္းတြင္ဗန္ဒီဘိခ္၊မာရွယ္၊လင္ဂတ္၊စထရာကိုရွာ၊လူးဝစ္ဒိုင္ယက္ဇ္တို႔ပါဝင္ေနပါတယ္။