နယူးကာဆယ်နိုင်ပွဲတွင် ဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီးနောက် Parklife Festival တွင် Burna Boy နှင့်အတူ စင်မြင့်ပေါ်တက်ကခဲ့တဲ့ ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက်စင်မြင့်ပေါ်သို့တက်ကာ Burna Boy နဲ့အတူကပြီးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

မန်ယူဟာမနေ့ညတုန်းကနယူးကာဆယ်အားတကျော့ပြန်သူရဲကောင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့သွင်းဂိုး၂ဂိုး၊ဖာနန်ဒက်စ်၊လင်ဂတ်တို့ရဲ့ဂိုးနဲ့နယူးကာဆယ်ကို၄-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ပေါလ်ပေါ့ဘာဟာဘရူနိုဖာနန်ဒက်စ်နှင့်လင်ဂတ်ဂိုးသွင်းနိုင်အောင်ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာမန်ချက်စတာအနောက်ဘက်ခြမ်းမှမြောက်ပိုင်းသို့သွားပြီး Heaton Park မှာပြုလုပ်တဲ့ Parklife Festival သို့သွားရောက်အောင်ပွဲခံခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာ Burna Boy ဖျော်ဖြေနေစဉ်စိတ်စင်မြင့်ပေါ်သို့အထိတက်ရောက်ကာကခဲ့ပါတယ်။

Burna Boy မှာအဆိုတော်ဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းသို့သွားရောက်ကာမန်ယူနှင့်နယူးကာဆယ်ပွဲကိုပေါ့ဘာရဲ့ကျောနံပါတ်၂၃ဝတ်ဆင်ကာကြည့်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာစတိတ်စင်မှာဖျော်ဖြေနေချိန်မှာလည်းယင်းဝတ်စုံဖြင့်ပင်ဖျော်ဖြေမှုပြုလုပ်သွားခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာနယူးကာဆယ်နှင့်ပွဲမှာနှစ်ကြိမ်ဖန်တီးနိုင်ခဲ့ပြီးနောက်ယခုရာသီမှာပရီးမီးယားလိဂ်ပွဲလေးပွဲမှာ၇ကြိမ်အထိဖန်တီးမှုပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။ယင်းမှတ်တမ်းဟာပရီးမီးယားလိဂ်မှာစံချိန်သစ်လည်းဖြစ်ပါတယ်။

ZawGyi


ပေါလ်ပေါ့ဘာဟာနယူးကာဆယ်အား၎-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက်စင်မြင့်ပေါ်သို့တက်ကာ Burna Boy နဲ့အတူကပြီးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

မန်ယူဟာမနေ့ညတုန်းကနယူးကာဆယ်အားတကျော့ပြန်သူရဲကောင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့သွင်းဂိုး၂ဂိုး၊ဖာနန်ဒက်စ်၊လင်ဂတ်တို့ရဲ့ဂိုးနဲ့နယူးကာဆယ်ကို၎-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။




