နယူးကာဆယ်နှင့်ပွဲတွင် ကစားသမားများကို မထိန်းသိမ်းနိုင်မှုအတွက် အက်ဖ်အေရဲ့စွဲချက်တင်ခံရမှုအပေါ် အဲရစ်တန်ဟက်ပေါက်ကွဲ

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံခဲ့ရပေမဲ့ယူနိုက်တက်ကစားသမားများမှာဒိုင်လူကြီးခရစ်ပေါ်ဆင်ကိုအလွန်အကျူးစောဒကတက်ခဲ့ခြင်းမရှိကြောင်းတုံ့ပြန်လာပါတယ်။

တနင်္ဂနွေနေ့တုန်းကနယူးကာဆယ်နှင့်ပွဲစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်ဂိုးသမားနစ်ပုပ်ထံမှဘောလုံးလုယူကာဂိုးသွင်းယူခဲ့ပါတယ်။ပေါ်တူဂီစတားဟာဖေဘီယံရှားကဂိုးသမားထံသို့ဖရီးကစ်ကန်ပေးလိုက်ပြီလို့ယုံကြည်ကာဘောလုံးကိုရယူဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ဒိုင်လူကြီးခရစ်ပေါ်ဆင်ကဂိုးကိုခွင့်မပြုခဲ့ပါဘူး။ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင်ယူနိုက်တက်စတားများဟာဒိုင်လူကြီးခရစ်ပေါ်ဆင်ကိုစုပြုံစောဒကတက်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့အဲရစ်တန်ဟက်က “အရမ်းကြီးလုပ်ခဲ့ကြတာမဟုတ်ပါဘူး။ဒေါသတကြီးလုပ်တာလည်းမဟုတ်ဘူး။ဒါပေမဲ့ကွင်းထဲမှာဘာဖြစ်ခဲ့သလို ကျွန်တော်အတိအကျတော့မသိဘူး။ကျွန်တော်နဲ့ကအရမ်းဝေးတယ်။ဗီဒီယိုတော့ပြန်ကြည့်ဖြစ်တယ်။နယူးကာဆယ်ကစားသမားတစ်ဦးကဘောလုံးကိုထိပြီးပြီ။ရှင်းရှင်းလေးပါ။ဒီတော့သူတို့ဟာဒိုင်လူကြီးကိုတောင်းဆိုကြတာပေါ့”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အဲရစ်တန်ဟက်ကကစားသမားများအနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးကိုခွင့်မပြုမှုအပေါ် ဒိုင်လူကြီးအားမေးခွန်းထုတ်မှုမှာ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှဖြစ်ကြောင်းလည်းဆိုသွားပါတယ်။

ယူနိုက်တက်ဟာယနေ့ညတွင်အိုးထရက်ဖို့ဒ်တွင်စပါးစ်ကိုဧည့်ခံကစားရမှာဖြစ်ပြီးအန်တိုနီမာရှယ်မှာပါဝင်လာဦးမှာမဟုတ်ပါဘူး။ဒါပေမဲ့ခရစ္စတီယန်အဲရစ်ဆင်မှာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်လို့အသင်းဟောင်းနှင့်ပွဲတွင်ပါဝင်လာဖို့ရှိပါတယ်။

ZawGyi

နယူးကာဆယ္ႏွင့္ပြဲတြင္ ကစားသမားမ်ားကို မထိန္းသိမ္းႏိုင္မႈအတြက္ အက္ဖ္ေအရဲ႕စြဲခ်က္တင္ခံရမႈအေပၚ အဲရစ္တန္ဟက္ေပါက္ကြဲ

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံခဲ့ရေပမဲ့ယူႏိုက္တက္ကစားသမားမ်ားမွာဒိုင္လူႀကီးခရစ္ေပၚဆင္ကိုအလြန္အက်ဴးေစာဒကတက္ခဲ့ျခင္းမရွိေၾကာင္းတုံ႔ျပန္လာပါတယ္။

တနဂၤေႏြေန႔တုန္းကနယူးကာဆယ္ႏွင့္ပြဲစဥ္တြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ဂိုးသမားနစ္ပုပ္ထံမွေဘာလုံးလုယူကာဂိုးသြင္းယူခဲ့ပါတယ္။ေပၚတူဂီစတားဟာေဖဘီယံရွားကဂိုးသမားထံသို႔ဖရီးကစ္ကန္ေပးလိုက္ၿပီလို႔ယုံၾကည္ကာေဘာလုံးကိုရယူဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ဒိုင္လူႀကီးခရစ္ေပၚဆင္ကဂိုးကိုခြင့္မျပဳခဲ့ပါဘူး။ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုအပါအဝင္ယူႏိုက္တက္စတားမ်ားဟာဒိုင္လူႀကီးခရစ္ေပၚဆင္ကိုစုၿပဳံေစာဒကတက္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့အဲရစ္တန္ဟက္က “အရမ္းႀကီးလုပ္ခဲ့ၾကတာမဟုတ္ပါဘူး။ေဒါသတႀကီးလုပ္တာလည္းမဟုတ္ဘူး။ဒါေပမဲ့ကြင္းထဲမွာဘာျဖစ္ခဲ့သလို ကြၽန္ေတာ္အတိအက်ေတာ့မသိဘူး။ကြၽန္ေတာ္နဲ႔ကအရမ္းေဝးတယ္။ဗီဒီယိုေတာ့ျပန္ၾကည့္ျဖစ္တယ္။နယူးကာဆယ္ကစားသမားတစ္ဦးကေဘာလုံးကိုထိၿပီးၿပီ။ရွင္းရွင္းေလးပါ။ဒီေတာ့သူတို႔ဟာဒိုင္လူႀကီးကိုေတာင္းဆိုၾကတာေပါ့”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အဲရစ္တန္ဟက္ကကစားသမားမ်ားအေနျဖင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးကိုခြင့္မျပဳမႈအေပၚ ဒိုင္လူႀကီးအားေမးခြန္းထုတ္မႈမွာ လုပ္ပိုင္ခြင့္ေဘာင္အတြင္းမွျဖစ္ေၾကာင္းလည္းဆိုသြားပါတယ္။

ယူႏိုက္တက္ဟာယေန႔ညတြင္အိုးထရက္ဖို႔ဒ္တြင္စပါးစ္ကိုဧည့္ခံကစားရမွာျဖစ္ၿပီးအန္တိုနီမာရွယ္မွာပါဝင္လာဦးမွာမဟုတ္ပါဘူး။ဒါေပမဲ့ခရစၥတီယန္အဲရစ္ဆင္မွာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္လို႔အသင္းေဟာင္းႏွင့္ပြဲတြင္ပါဝင္လာဖို႔ရွိပါတယ္။