နယူးကာဆယ်နှင့်ပွဲတွင် မန်ယူအတွက် ပထမဆုံးပွဲကို ရော်နယ်ဒိုကစားမည်

ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ပွဲတွင်မန်ယူအတွက်ဒုတိယအကြိမ်မြောက်ပထမဆုံးပွဲကိုကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။

ပေါ်တူဂီစူပါစတားဟာ၂၀၀၉ခုနှစ်တုန်းကရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့တဲ့သူဖြစ်ပြီးယခုအခါမန်ယူသို့ပြန်လည်ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့ပြောင်းလုနီးပါးအနေအထားသို့ရောက်နေခဲ့ပါတယ်။ဒါပေမယ့်မန်စီးတီးဟာရော်နယ်ဒိုအတွက်ပေးရမယ့်လုပ်ခမြင့်မားမှု၊ပြောင်းရွှေ့ကြေးမပေးလိုမှုကြောင့်နောက်ဆုတ်သွားခဲ့ပါတယ်။

ယင်းနောက်ချက်ချင်းပင်မန်ယူဝင်ရောက်လာပြီးဂျူဗင်တပ်နှင့်ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့တဲ့အပြင်ကစားသမားနှင့်လည်းပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာအေးဂျင့်ဂျော့မန်ဒက်စ်နှင့်အတူလစ္စဘွန်းသို့ပြန်သွားခဲ့ပြီးယင်းတွင်ပင်ဆေးစစ်ဆေးမှုခံယူပါမယ်။

Sky Sports News ရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာစက်တင်ဘာလ၁၁ရက်နေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်နှင့်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ပါဝင်လာမည်ဖြစ်ကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတွင်ကစားစဉ်တုန်းကနယူးကာဆယ်အသင်းနှင့်၁၀ကြိမ်ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပါတယ်။သူဟာနယူးကာဆယ်ကိုတစ်ကြိမ်မျှရှုံးခဲ့ဖူးခြင်းမရှိဘဲ၉ကြိမ်နိုင်ကာ၁ကြိမ်သရေကျထားပါတယ်။

လက်ရှိမန်ယူနည်းပြဆိုးလ်ရှာဟာရော်နယ်ဒိုနှင့်အတူ၂၀၀၃ခုနှစ်မှ၂၀၀၇ခုနှစ်အထိအတူတွဲကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

မနေ့တုန်းကသတင်းစာရှင်းလင်းပွဲတွင်ဆိုးလ်ရှားက “အစတုန်းကခရစ္စတီယာနိုကိုဂျူဗင်တပ်ကနေထွက်ခွာမယ်လို့မထင်ခဲ့ပါဘူး။ဒါပေမယ့်တကယ်လို့သူသာဂျူဗင်တပ်ကထွက်ခွာမယ်ဆိုရင်ကျွန်တော်တို့ရှိနေတယ်ဆိုတာသူသိပါတယ်။ကျွန်တော်တို့အကြားမှာကောင်းမွန်တဲ့ဆက်သွယ်မှုရှိနေပါတယ်။ဘရူနိုလည်းသူနဲ့အမြဲတမ်းအဆက်အသွယ်ရှိပါတယ်။သူ့အပေါ်ကျွန်တော်တို့ခံစားချက်ဘယ်လိုရှိတယ်ဆိုတာသူသိပါတယ်။သူကဒီကလပ်ရဲ့ဂန္ထဝင်ပါ။သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။သူနဲ့ပတ်သက်ပြီးဘာဖြစ်လာမလဲကြည့်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဂျူဗင်တပ်ဟာအစောပိုင်းတုန်းကရော်နယ်ဒိုအတွက်ပြောင်းရွှေ့ကြေးပေါင်၂၅သန်းလိုချင်ခဲ့ပေမယ့်နောက်ဆုံးတွင်အပိုဆုကြေးအပါအဝင်ပေါင်၂၁သန်းဖြင့်မန်ယူနှင့်သဘောတူညီမှုရယူခဲ့ပါတယ်။

ZawGyi

နယူးကာဆယ္ႏွင့္ပြဲတြင္ မန္ယူအတြက္ ပထမဆုံးပြဲကို ေရာ္နယ္ဒိုကစားမည္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ႏွင့္ပြဲတြင္မန္ယူအတြက္ဒုတိယအႀကိမ္ေျမာက္ပထမဆုံးပြဲကိုကစားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ေပၚတူဂီစူပါစတားဟာ၂၀၀၉ခုႏွစ္တုန္းကရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕သြားခဲ့တဲ့သူျဖစ္ၿပီးယခုအခါမန္ယူသို႔ျပန္လည္ေျပာင္းေ႐ႊ႕ရန္သေဘာတူညီမႈရရွိထားၿပီျဖစ္ပါတယ္။

အေစာပိုင္းတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္စီးတီးသို႔ေျပာင္းလုနီးပါးအေနအထားသို႔ေရာက္ေနခဲ့ပါတယ္။ဒါေပမယ့္မန္စီးတီးဟာေရာ္နယ္ဒိုအတြက္ေပးရမယ့္လုပ္ချမင့္မားမႈ၊ေျပာင္းေ႐ႊ႕ေၾကးမေပးလိုမႈေၾကာင့္ေနာက္ဆုတ္သြားခဲ့ပါတယ္။

ယင္းေနာက္ခ်က္ခ်င္းပင္မန္ယူဝင္ေရာက္လာၿပီးဂ်ဴဗင္တပ္ႏွင့္ေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီမႈရရွိခဲ့တဲ့အျပင္ကစားသမားႏွင့္လည္းပုဂၢိဳလ္ေရးသေဘာတူညီမႈရယူႏိုင္ခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္အတူလစၥဘြန္းသို႔ျပန္သြားခဲ့ၿပီးယင္းတြင္ပင္ေဆးစစ္ေဆးမႈခံယူပါမယ္။

Sky Sports News ရဲ႕ေဖာ္ျပခ်က္အရခရစၥတီယာႏိုေရာ္နယ္ဒိုဟာစက္တင္ဘာလ၁၁ရက္ေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္ႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ပါဝင္လာမည္ျဖစ္ေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတြင္ကစားစဥ္တုန္းကနယူးကာဆယ္အသင္းႏွင့္၁၀ႀကိမ္ထိပ္တိုက္ရင္ဆိုင္ခဲ့ဖူးပါတယ္။သူဟာနယူးကာဆယ္ကိုတစ္ႀကိမ္မွ်ရႈံးခဲ့ဖူးျခင္းမရွိဘဲ၉ႀကိမ္ႏိုင္ကာ၁ႀကိမ္သေရက်ထားပါတယ္။

လက္ရွိမန္ယူနည္းျပဆိုးလ္ရွာဟာေရာ္နယ္ဒိုႏွင့္အတူ၂၀၀၃ခုႏွစ္မွ၂၀၀၇ခုႏွစ္အထိအတူတြဲကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။

မေန႔တုန္းကသတင္းစာရွင္းလင္းပြဲတြင္ဆိုးလ္ရွားက “အစတုန္းကခရစၥတီယာႏိုကိုဂ်ဴဗင္တပ္ကေနထြက္ခြာမယ္လို႔မထင္ခဲ့ပါဘူး။ဒါေပမယ့္တကယ္လို႔သူသာဂ်ဴဗင္တပ္ကထြက္ခြာမယ္ဆိုရင္ကြၽန္ေတာ္တို႔ရွိေနတယ္ဆိုတာသူသိပါတယ္။ကြၽန္ေတာ္တို႔အၾကားမွာေကာင္းမြန္တဲ့ဆက္သြယ္မႈရွိေနပါတယ္။ဘ႐ူႏိုလည္းသူနဲ႔အၿမဲတမ္းအဆက္အသြယ္ရွိပါတယ္။သူ႔အေပၚကြၽန္ေတာ္တို႔ခံစားခ်က္ဘယ္လိုရွိတယ္ဆိုတာသူသိပါတယ္။သူကဒီကလပ္ရဲ႕ဂႏၴဝင္ပါ။သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္ပါတယ္။သူနဲ႔ပတ္သက္ၿပီးဘာျဖစ္လာမလဲၾကည့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်ဴဗင္တပ္ဟာအေစာပိုင္းတုန္းကေရာ္နယ္ဒိုအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၅သန္းလိုခ်င္ခဲ့ေပမယ့္ေနာက္ဆုံးတြင္အပိုဆုေၾကးအပါအဝင္ေပါင္၂၁သန္းျဖင့္မန္ယူႏွင့္သေဘာတူညီမႈရယူခဲ့ပါတယ္။