နယူးကာဆယ်နှင့်ပွဲတွင် ရော်နယ်ဒိုပါဝင်လာမည်ဟု ဆိုးလ်ရှားအတည်ပြု

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညမှာမန်ယူအတွက်ဒုတိယအကြိမ်မြောက်ပထမဆုံးပွဲပါဝင်ကစားသွားပါမယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုယ်တိုင်ကနယူးကာဆယ်နှင့်ပွဲစဉ်မှာအသက်၃၆နှစ်ရှိရော်နယ်ဒို ပွဲချိန်အချို့ပါဝင်ကစားမယ်လို့အတည်ပြုလာတာဖြစ်ပါတယ်။

ဆိုးလ်ရှားက “သူဟာဒီမှာကောင်းမွန်တဲ့ရက်သတ္တပတ်ကြုံခဲ့ရပါတယ်။သူသေချာပေါက်ပါဝင်ကစားပါမယ်”လို့ပြောကြားခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ပွဲမှာပါဝင်လာမှာမဟုတ်ဘဲအရန်အဖြစ်သာဝင်ရောက်ကစားမှာဖြစ်ပါတယ်။

ဆိုးလ်ရှားကနယူးကာဆယ်နှင့်ပွဲမှာခရစ္စတီယာနိုရော်နယ်ဒို ပွဲထွက်လာမယ်လို့ပြောကြားသွားခဲ့တာမျိုးတော့မဟုတ်ပါဘူး။

ရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်အတူရာသီကြိုလေ့ကျင့်ခန်းဆင်းခဲ့တဲ့အပြင်ပေါ်တူဂီနှင့်အတူနိုင်ငံတကာပွဲကစားခဲ့တာကြောင့်ကြံ့ခိုင်မှုပိုင်းပြည့်ဝနေတဲ့သူလည်းဖြစ်ပါတယ်။

သူဟာမန်ယူသို့ရောက်လာပြီးနောက်ပြီးခဲ့တဲ့အင်္ဂါနေ့မှစတင်ကာလေ့ကျင့်ခန်းဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားဟာမန်ယူရဲ့ကျောနံပါတ်၇ကိုအလဲအလှယ်လုပ်ပေးခဲ့တဲ့ကာဗာနီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုကိုပရော်ဖက်ရှင်နယ်ပီသသူများအဖြစ်လည်းချီးကျူးသွားခဲ့ပါတယ်။

မန်ယူရဲ့ကျောနံပါတ်၇ကိုကာဗာနီကဝတ်ဆင်နေတာဖြစ်ပြီးခရစ္စတီယာနိုရော်နယ်ဒိုရောက်လာချိန်မှာလိုလိုချင်ချင်ပဲလွဲပြောင်းပေးခဲ့ကာကျောနံပါတ်၂၁ကိုပြောင်းလဲဝတ်ဆင်သွားပါမယ်။

ဆိုးလ်ရှားက “အက်ဒီဆင်ဟာပြီးခဲ့တဲ့ရာသီတုန်းကတော်တော်ကောင်းခဲ့ပါတယ်။ခရစ္စတီယာနိုဟာအက်ဒီဆင်နဲ့စကားပြောခဲ့တယ်။သူကလည်းခရစ္စတီယာနိုအတွက်အင်္ကျီနံပါတ်လွဲပေးခဲ့တယ်။အပြန်အလှန်လေးစားမှုနဲ့ပေါ့။နှစ်ဦးလုံးကထိပ်တန်းပရော်ဖက်ရှင်နယ်တွေဖြစ်ပြီးလူပီသတဲ့သူတွေပါ”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ်၇အင်္ကျီအမြောက်အမြားရောင်းချနေရပြီးပေါင်၁၈၇သန်းဖိုးအထိရောင်းချထားရကာစံချိန်တင်ရောင်းချထားရပါတယ်။

ZawGyi

နယူးကာဆယ္ႏွင့္ပြဲတြင္ ေရာ္နယ္ဒိုပါဝင္လာမည္ဟု ဆိုးလ္ရွားအတည္ျပဳ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညမွာမန္ယူအတြက္ဒုတိယအႀကိမ္ေျမာက္ပထမဆုံးပြဲပါဝင္ကစားသြားပါမယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကိုယ္တိုင္ကနယူးကာဆယ္ႏွင့္ပြဲစဥ္မွာအသက္၃၆ႏွစ္ရွိေရာ္နယ္ဒို ပြဲခ်ိန္အခ်ိဳ႕ပါဝင္ကစားမယ္လို႔အတည္ျပဳလာတာျဖစ္ပါတယ္။

ဆိုးလ္ရွားက “သူဟာဒီမွာေကာင္းမြန္တဲ့ရက္သတၱပတ္ႀကဳံခဲ့ရပါတယ္။သူေသခ်ာေပါက္ပါဝင္ကစားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ႏွင့္ပြဲမွာပါဝင္လာမွာမဟုတ္ဘဲအရန္အျဖစ္သာဝင္ေရာက္ကစားမွာျဖစ္ပါတယ္။

ဆိုးလ္ရွားကနယူးကာဆယ္ႏွင့္ပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒို ပြဲထြက္လာမယ္လို႔ေျပာၾကားသြားခဲ့တာမ်ိဳးေတာ့မဟုတ္ပါဘူး။

ေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္ႏွင့္အတူရာသီႀကိဳေလ့က်င့္ခန္းဆင္းခဲ့တဲ့အျပင္ေပၚတူဂီႏွင့္အတူႏိုင္ငံတကာပြဲကစားခဲ့တာေၾကာင့္ႀကံ့ခိုင္မႈပိုင္းျပည့္ဝေနတဲ့သူလည္းျဖစ္ပါတယ္။

သူဟာမန္ယူသို႔ေရာက္လာၿပီးေနာက္ၿပီးခဲ့တဲ့အဂၤါေန႔မွစတင္ကာေလ့က်င့္ခန္းဆင္းလာခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားဟာမန္ယူရဲ႕ေက်ာနံပါတ္၇ကိုအလဲအလွယ္လုပ္ေပးခဲ့တဲ့ကာဗာနီႏွင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုပေရာ္ဖက္ရွင္နယ္ပီသသူမ်ားအျဖစ္လည္းခ်ီးက်ဴးသြားခဲ့ပါတယ္။

မန္ယူရဲ႕ေက်ာနံပါတ္၇ကိုကာဗာနီကဝတ္ဆင္ေနတာျဖစ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာခ်ိန္မွာလိုလိုခ်င္ခ်င္ပဲလြဲေျပာင္းေပးခဲ့ကာေက်ာနံပါတ္၂၁ကိုေျပာင္းလဲဝတ္ဆင္သြားပါမယ္။

ဆိုးလ္ရွားက “အက္ဒီဆင္ဟာၿပီးခဲ့တဲ့ရာသီတုန္းကေတာ္ေတာ္ေကာင္းခဲ့ပါတယ္။ခရစၥတီယာႏိုဟာအက္ဒီဆင္နဲ႔စကားေျပာခဲ့တယ္။သူကလည္းခရစၥတီယာႏိုအတြက္အက်ႌနံပါတ္လြဲေပးခဲ့တယ္။အျပန္အလွန္ေလးစားမႈနဲ႔ေပါ့။ႏွစ္ဦးလုံးကထိပ္တန္းပေရာ္ဖက္ရွင္နယ္ေတြျဖစ္ၿပီးလူပီသတဲ့သူေတြပါ”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္၇အက်ႌအေျမာက္အျမားေရာင္းခ်ေနရၿပီးေပါင္၁၈၇သန္းဖိုးအထိေရာင္းခ်ထားရကာစံခ်ိန္တင္ေရာင္းခ်ထားရပါတယ္။