နယူးကာဆယ်နှင့်ပွဲတွင် ကြုံတောင့်ကြုံခဲအမှားကြောင့် ပင်နယ်တီဂိုး ငြင်းပယ်ခံခဲ့ရတဲ့ ဖူလ်ဟမ်စတားမီထရိုဗစ်

အလက်ဇန္ဒားမီထရိုဗစ်ဟာမနေ့ညတုန်းကအသင်းဟောင်းနယူးကာဆယ်နှင့်ပွဲစဉ်တွင်ကြုံတောင့်ကြုံခဲအမှားကြောင့်ပင်နယ်တီဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်းသူ့ရဲ့ပင်နယ်တီဂိုးမှာငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

ဖူလ်ဟမ်ဟာယင်းပွဲစဉ်တွင်ပင်နယ်တီရရှိခဲ့ပြီးမီထရိုဗစ်ကကန်သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့မီထရိုဗစ်ရဲ့ပင်နယ်တီဂိုးမှာကြုံတောင့်ကြုံခဲဖြစ်ရပ်ကြောင့်ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

မီထရိုဗစ်ကန်လိုက်တဲ့ဘောလုံးမှာကျန်တစ်ဖက်နှင့်လည်းထိသွားမှုနဲ့အတူငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖီဖာရဲ့ IFAB Law ပင်နယ်တီကန်သွင်းမှုစည်းမျဉ်းအရ ပင်နယ်တီကန်သွင်းသူမှာပင်နယ်တီကန်လိုက်တဲ့ဘောလုံးကိုနှစ်ကြိမ်ထိပါကပင်နယ်တီကိုပယ်ဖျက်ပါတယ်။

ဒါကြောင့်လည်းဆားဘီးယားတိုက်စစ်မှူးမှာပင်နယ်တီကန်ရာမှာနှစ်ကြိမ်ထိမှုနဲ့အတူဒိုင်လူကြီးရောဘတ်ဂျုံးစ်ကငြင်းပယ်လိုက်တာဖြစ်ပါတယ်။

ဘောလုံးပရိသတ်များဟာရယ်စရာကောင်းတဲ့ယင်းမတော်တဆအဖြစ်အပျက်နှင့်ပတ်သက်ပြီးလှောင်ပြောင်လျက်ရှိကြပါတယ်။

ပရိသတ်အချို့တို့ကမီထရိုဗစ်မှာအသင်းဟောင်းနယူးကာဆယ်ဘက်သို့ဂိုးမသွင်းလိုမှုနဲ့အတူယင်းသို့ကြုံတောင်ကြုံခဲအမှားကျူးလွန်ခဲ့တာလို့လှောင်ပြောင်နေကြပါတယ်။

နယူးကာဆယ်ဟာမနေ့ညတုန်းကဖူလ်ဟမ်နှင့်ပွဲစဉ်တွင်အလက်ဇန္ဒားအိုင်ဆစ်ရဲ့သွင်းဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

နယူးကာဆယ္ႏွင့္ပြဲတြင္ ႀကဳံေတာင့္ႀကဳံခဲအမွားေၾကာင့္ ပင္နယ္တီဂိုး ျငင္းပယ္ခံခဲ့ရတဲ့ ဖူလ္ဟမ္စတားမီထ႐ိုဗစ္

အလက္ဇႏၵားမီထ႐ိုဗစ္ဟာမေန႔ညတုန္းကအသင္းေဟာင္းနယူးကာဆယ္ႏွင့္ပြဲစဥ္တြင္ႀကဳံေတာင့္ႀကဳံခဲအမွားေၾကာင့္ပင္နယ္တီဂိုးသြင္းႏိုင္ခဲ့ေပမဲ့လည္းသူ႔ရဲ႕ပင္နယ္တီဂိုးမွာျငင္းပယ္ျခင္းခံခဲ့ရပါတယ္။

ဖူလ္ဟမ္ဟာယင္းပြဲစဥ္တြင္ပင္နယ္တီရရွိခဲ့ၿပီးမီထ႐ိုဗစ္ကကန္သြင္းယူခဲ့ပါတယ္။

ဒါေပမဲ့မီထ႐ိုဗစ္ရဲ႕ပင္နယ္တီဂိုးမွာႀကဳံေတာင့္ႀကဳံခဲျဖစ္ရပ္ေၾကာင့္ျငင္းပယ္ျခင္းခံခဲ့ရပါတယ္။

မီထ႐ိုဗစ္ကန္လိုက္တဲ့ေဘာလုံးမွာက်န္တစ္ဖက္ႏွင့္လည္းထိသြားမႈနဲ႔အတူျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဖီဖာရဲ႕ IFAB Law ပင္နယ္တီကန္သြင္းမႈစည္းမ်ဥ္းအရ ပင္နယ္တီကန္သြင္းသူမွာပင္နယ္တီကန္လိုက္တဲ့ေဘာလုံးကိုႏွစ္ႀကိမ္ထိပါကပင္နယ္တီကိုပယ္ဖ်က္ပါတယ္။

ဒါေၾကာင့္လည္းဆားဘီးယားတိုက္စစ္မႉးမွာပင္နယ္တီကန္ရာမွာႏွစ္ႀကိမ္ထိမႈနဲ႔အတူဒိုင္လူႀကီးေရာဘတ္ဂ်ဳံးစ္ကျငင္းပယ္လိုက္တာျဖစ္ပါတယ္။

ေဘာလုံးပရိသတ္မ်ားဟာရယ္စရာေကာင္းတဲ့ယင္းမေတာ္တဆအျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီးေလွာင္ေျပာင္လ်က္ရွိၾကပါတယ္။

ပရိသတ္အခ်ိဳ႕တို႔ကမီထ႐ိုဗစ္မွာအသင္းေဟာင္းနယူးကာဆယ္ဘက္သို႔ဂိုးမသြင္းလိုမႈနဲ႔အတူယင္းသို႔ႀကဳံေတာင္ႀကဳံခဲအမွားက်ဴးလြန္ခဲ့တာလို႔ေလွာင္ေျပာင္ေနၾကပါတယ္။

နယူးကာဆယ္ဟာမေန႔ညတုန္းကဖူလ္ဟမ္ႏွင့္ပြဲစဥ္တြင္အလက္ဇႏၵားအိုင္ဆစ္ရဲ႕သြင္းဂိုးျဖင့္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။