နယူးကာဆယ်နှင့် ကစားသမားအရောင်းအဝယ်မလုပ်ဘဲ ဝိုင်းကျဉ်သွားကြမယ့် ပရီးမီးယားလိဂ်ကလပ်များ

ပရီးမီးယားလိဂ်ကလပ်များဟာဆော်ဒီရင်းနှီးမြှပ်နှံရေးကုမ္ပဏီလက်အောက်သို့ရောက်သွားတဲ့နယူးကာဆယ်နှင့်ကစားသမားအရောင်းအဝယ်မပြုလုပ်ဘဲ တန်းဆင်းရတဲ့အထိကြုံရစေရန်စီစဉ်နေကြကြောင်းသိရပါတယ်။

ဆော်ဒီပိုင်ရှင်သစ်များဟာလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းကနယူးကာဆယ်ကိုပေါင်၃၀၅သန်းဖြင့်ဝယ်ယူခဲ့ကြပါတယ်။

The Daily Mail ရဲ့ဖော်ပြချက်အရပရီးမီးယားလိဂ်ကလပ်များဟာနယူးကာဆယ်အသင်းတန်းဆင်းရတဲ့အထိကြုံရစေရန်အတွက်ဇန်နဝါရီအပြေင်းအရွှေ့ဈေးကွက်တွင်ကစားသမားအရောင်းအဝယ်မပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

နယူးကာဆယ်ဟာစနေနေ့တုန်းကခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင်လည်းတစ်ဂိုးစီသရေကျမှုကြောင့်ပရီးမီးယားလိဂ်ပွဲစဉ်၉ရောက်တဲ့အထိနိုင်ပွဲပျောက်နေတုန်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်လင်ဂတ်၊တာကော့စကီး၊စတာလင်း၊ကွာဒီတို့ကိုခေါ်ယူမှုပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

ZawGyi

နယူးကာဆယ္ႏွင့္ ကစားသမားအေရာင္းအဝယ္မလုပ္ဘဲ ဝိုင္းက်ဥ္သြားၾကမယ့္ ပရီးမီးယားလိဂ္ကလပ္မ်ား

ပရီးမီးယားလိဂ္ကလပ္မ်ားဟာေဆာ္ဒီရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီလက္ေအာက္သို႔ေရာက္သြားတဲ့နယူးကာဆယ္ႏွင့္ကစားသမားအေရာင္းအဝယ္မျပဳလုပ္ဘဲ တန္းဆင္းရတဲ့အထိႀကဳံရေစရန္စီစဥ္ေနၾကေၾကာင္းသိရပါတယ္။

ေဆာ္ဒီပိုင္ရွင္သစ္မ်ားဟာလြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ခန႔္တုန္းကနယူးကာဆယ္ကိုေပါင္၃၀၅သန္းျဖင့္ဝယ္ယူခဲ့ၾကပါတယ္။

The Daily Mail ရဲ႕ေဖာ္ျပခ်က္အရပရီးမီးယားလိဂ္ကလပ္မ်ားဟာနယူးကာဆယ္အသင္းတန္းဆင္းရတဲ့အထိႀကဳံရေစရန္အတြက္ဇန္နဝါရီအေျပင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားအေရာင္းအဝယ္မျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

နယူးကာဆယ္ဟာစေနေန႔တုန္းကခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္တြင္လည္းတစ္ဂိုးစီသေရက်မႈေၾကာင့္ပရီးမီးယားလိဂ္ပြဲစဥ္၉ေရာက္တဲ့အထိႏိုင္ပြဲေပ်ာက္ေနတုန္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္လင္ဂတ္၊တာေကာ့စကီး၊စတာလင္း၊ကြာဒီတို႔ကိုေခၚယူမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။