နယူးကာဆယ်ပစ်မှတ် ဟူဂိုအက်ကီတီကီကို ပီအက်စ်ဂျီအငှားဖြင့်ခေါ်ယူ

ပီအက်စ်ဂျီဟာရိမ်းစ်မှတိုက်စစ်မှူးဟူဂိုအက်ကီတီကီကိုအပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်တစ်ရာသီအငှားဖြင့်ခေါ်ယူလိုက်ပါတယ်။

အသက်၂၀နှစ်ရှိတိုက်စစ်မှူးဟာပြီးခဲ့တဲ့ရာသီတုန်းကပြင်သစ်လီဂူး၁တွင်၂၆ပွဲကစားခဲ့ရာမှာ၁၁ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာယခုနွေရာသီတွင်နူနိုမန်ဒက်စ်နှင့်ဗီတင်ဟာတို့ကိုခေါ်ယူလိုက်ပြီးနောက်တတိယမြောက်ခေါ်ယူမှုအဖြစ်အက်ကီတီကီကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။

အက်ကီတီကီက “ခံစားချက်တွေရောထွေးနေတယ်။စိတ်လှုပ်ရှားရတယ်။ပဲပဲရစ်နဲ့စာချုပ်ချုပ်ဆိုလိုက်နိုင်လို့အရမ်းပျော်ပြီးဂုဏ်ယူနေတယ်။ဒီကိုရောက်လာခွင့်ရတဲ့အတွက်တကယ်ပဲဂုဏ်ယူပါတယ်။ပဲရစ်ကိုနှလုံးသားနဲ့ရွေးခဲ့တာပါ။ပြင်သစ်သားတစ်ဦးပါ။ကျွန်တော့်နိုင်ငံကကလပ်ပါ။ဒီကလပ်ကကြီးကျယ်တဲ့ကစားသမားတွေကစားတဲ့ကလပ်ပါ။အရည်အသွေးနဲ့အတွေ့အကြုံရှိတဲ့နည်းပြရှိတယ်။ပြိုင်ပွဲအားလုံးကဆုဖလားအားလုံးရယူချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်ဟာပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှစတင်ကာအက်ကီတီကိုခေါ်ယူရေးကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပီအက်စ်ဂျီဟာအက်ကီတီကီကိုပေါင်၂၅သန်းဖြင့်အပြီးသတ်ခေါ်ယူရန်ကမ်းလှမ်းမှုနဲ့အတူအောင်မြင်သွားခဲ့တာဖြစ်ပါတယ်။

Zawgyi

နယူးကာဆယ္ပစ္မွတ္ ဟူဂိုအက္ကီတီကီကို ပီအက္စ္ဂ်ီအငွားျဖင့္ေခၚယူ

ပီအက္စ္ဂ်ီဟာရိမ္းစ္မွတိုက္စစ္မႉးဟူဂိုအက္ကီတီကီကိုအၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္တစ္ရာသီအငွားျဖင့္ေခၚယူလိုက္ပါတယ္။

အသက္၂၀ႏွစ္ရွိတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ရာသီတုန္းကျပင္သစ္လီဂူး၁တြင္၂၆ပြဲကစားခဲ့ရာမွာ၁၁ဂိုးအထိသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာယခုေႏြရာသီတြင္ႏူႏိုမန္ဒက္စ္ႏွင့္ဗီတင္ဟာတို႔ကိုေခၚယူလိုက္ၿပီးေနာက္တတိယေျမာက္ေခၚယူမႈအျဖစ္အက္ကီတီကီကိုေခၚယူလိုက္တာျဖစ္ပါတယ္။

အက္ကီတီကီက “ခံစားခ်က္ေတြေရာေထြးေနတယ္။စိတ္လႈပ္ရွားရတယ္။ပဲပဲရစ္နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္လို႔အရမ္းေပ်ာ္ၿပီးဂုဏ္ယူေနတယ္။ဒီကိုေရာက္လာခြင့္ရတဲ့အတြက္တကယ္ပဲဂုဏ္ယူပါတယ္။ပဲရစ္ကိုႏွလုံးသားနဲ႔ေ႐ြးခဲ့တာပါ။ျပင္သစ္သားတစ္ဦးပါ။ကြၽန္ေတာ့္ႏိုင္ငံကကလပ္ပါ။ဒီကလပ္ကႀကီးက်ယ္တဲ့ကစားသမားေတြကစားတဲ့ကလပ္ပါ။အရည္အေသြးနဲ႔အေတြ႕အႀကဳံရွိတဲ့နည္းျပရွိတယ္။ၿပိဳင္ပြဲအားလုံးကဆုဖလားအားလုံးရယူခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္ဟာၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွစတင္ကာအက္ကီတီကိုေခၚယူေရးႀကိဳးပမ္းလာခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ပီအက္စ္ဂ်ီဟာအက္ကီတီကီကိုေပါင္၂၅သန္းျဖင့္အၿပီးသတ္ေခၚယူရန္ကမ္းလွမ္းမႈနဲ႔အတူေအာင္ျမင္သြားခဲ့တာျဖစ္ပါတယ္။