နယူးကာဆယ်ပရိသတ်ရဲ့အသက်ကို ဘယ်လိုကယ်တင်ခဲ့လဲ သူရဲကောင်းဒေါက်တာဖွင့်ဟလာ

မနေ့ညတုန်းကစိန့်ဂျိမ်းစ်ပါ့ခ်တွင်နယူးကာဆယ်နှင့်စပါးစ်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွင်နှလုံးရောဂါဖောက်တဲ့နယူးကာဆယ်ပရိသတ်ရဲ့အသက်ကိုဘယ်လိုကယ်တင်ခဲ့ရသလဲဆိုတာ သူရဲကောင်းဆရာဝန်ကဖွင့်ဟပြောကြားလာပါတယ်။

ဒါ့အပြင် ဆရာဝန်ကနယူးကာဆယ်ပရိသတ်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီးနောက်တစ်ကွင်းလုံးကသူ့ကိုအမည်ကိုအော်ကာလက်ခုပ်တီးဂုဏ်ပြုမှုခံရတဲ့ဖြစ်ရပ်မှာသူ့ဘဝတွင်အကောင်းဆုံးအခိုက်အတန့်များထဲမှတစ်ခုဖြစ်ကြောင်းလည်းဝမ်းသာဂုဏ်ယူစွာပြောကြားသွားပါတယ်။

တနင်္ဂနွေနေ့တုန်းကပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးတွင်ပွဲကြည့်စင်ပေါ်မှအသက်ခပ်ကြီးကြီးနယူးကာဆယ်ပရိသတ်တစ်ဦးဟာနှလုံးဖောက်ပြီးနောက်ပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

ဒေါက်တာတွမ်ပရစ်ချတ်ဟာ Gallowgate ခုံတန်း ၃၀ အစွန်တွင်ထိုင်နေသူဖြစ်ပြီးအလျှင်အမြန်သွားရောက်ကာရှေးဦးသူနာပြုဖြင့်ကူညီခဲ့ပါတယ်။ယင်းနောက်ပိုင်းတွင်နယူးကာဆယ်အသင်းဆရာဝန်ပေါလ်ကတ်တာဆင် ရောက်လာပြီးပူးပေါင်းဆောင်ရွက်ကာ နှလုံးရောဂါဖောက်တဲ့နယူးကာဆယ်ပရိသတ်ရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်။ အဆိုပါအဖြစ်အပျက်ကြောင့်ပွဲကိုမိနစ်၂၀ခန့်နားခဲ့ရပေမယ့်လူနာမှာဆေးရုံသို့ရောက်ပြီးနောက်သက်သာသွားခဲ့ပြီဖြစ်ပါတယ်။

ဒေါက်တာတွမ်ပရစ်ချတ်ဟာနယူးကာဆယ်ပရိသတ်ကိုကူအညီပြီးနောက် သူထိုင်ရာထိုင်ခုံသို့ပြန်စဉ်အတွင်းပရိသတ်များရဲ့လက်ခုပ်တီးအားပေးခြင်းခံခဲ့ရပါတယ်။

University of North Tees မှဂျူနီယာဆရာဝန်က “ဒါမျိုးတွေကအလုပ်မှာကြုံရတဲ့အရာမျိုးတွေပါ။ဒါပေမယ့်ဆေးရုံပြင်ပမှာတော့ဒီမျိုးမကြုံခဲ့ဖူးပါဘူး။အသက်ခပ်ကြီးကြီးလူတစ်ယောက်နှလုံးဖောက်ပြီးထိုင်ခုံမှာမေ့လဲနေပါတယ်။ရှေးဦးသူနာပြုနဲ့ပြုစုဖို့လုပ်နေကြတယ်။ကျွန်တော့်အနားမှာထိုင်နေတဲ့သူငယ်ချင်းမတ်တီလည်းတပါတည်းလိုက်ပါလာခဲ့တယ်။လူတစ်ယောက်ကိုနှလုံးခုန်စက်ကိုရှော့ပေးခိုင်းလိုက်တယ်။သူကလည်းအရမ်းကံကောင်းတယ်။ချက်ချင်းဆိုသလိုဆရာဝန်ရောက်လာတယ်။နှလုံးရောဂါကုဆရာဝန်ရောက်လာတယ်။ဒီတော့မှသူ့ကိုပြန်နိူးလာအောင်လုပ်နိုင်ခဲ့တာ။ကျွန်တော့်နောက်မှာဘာတွေဖြစ်နေလဲဆိုတာမသိပါဘူး။အခုလက်ထဲဖြစ်နေတာကိုပဲအာရုံစိုက်နေခဲ့တယ်။အားလုံးပြီးသွားတော့ထိုင်ခုံဆီပြန်လာတယ်။ပွဲဘာလို့ရပ်သွားလဲတောင်မသိလိုက်ဘူး။ဖြစ်ပျက်နေတာကိုပဲအာရုံစိုက်ခဲ့တယ်။ကျွန်တော်တစ်ယောက်တည်းလုပ်တာမဟုတ်ပါဘူး။ကျွန်တော့်သူငယ်ချင်းတစ်ဦးလည်းကူခဲ့တာပါ။အခြားဆရာဝန်နှစ်ယောက်လည်းပါပါသေးတယ်။ထိုင်ခုံဆီပြန်လာတော့ Gallowgate ကပရိသတ်တစ်သောင်းလောက်ကကျွန်တော့်ကိုသူရဲကောင်းတစ်ယောက်လိုအော်ဟစ်ဂုဏ်ပြုကြတာကတော့ဘဝမှာအမှတ်ရစရာအကောင်းဆုံးပါပဲ”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်ပရိသတ် မေ့လဲကျသွားမှုကို ဒေါက်တာတွမ်ပရစ်ချတ်ကကူညီနေမှုကို စပါးစ်နောက်ခံလူရီဂူလွန်ကသိသွားပြီးနောက်ဒိုင်လူကြီးမာရီနာကိုပြောကြားကာပွဲကိုရပ်စေခဲ့တာပါ။ယင်းနောက်စပါးစ်နောက်ခံလူဒီယာကအသင်းဆရာဝန်ကိုသွားရောက်အကြောင်းကြားကာအကူအညီပေးရန်ပြောဆိုခဲ့ပါတယ်။

ZawGyi

နယူးကာဆယ္ပရိသတ္ရဲ႕အသက္ကို ဘယ္လိုကယ္တင္ခဲ့လဲ သူရဲေကာင္းဆရာဝန္ဖြင့္ဟလာ

မေန႔ညတုန္းကစိန႔္ဂ်ိမ္းစ္ပါ့ခ္တြင္နယူးကာဆယ္ႏွင့္စပါးစ္တို႔ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္တြင္ႏွလုံးေရာဂါေဖာက္တဲ့နယူးကာဆယ္ပရိသတ္ရဲ႕အသက္ကိုဘယ္လိုကယ္တင္ခဲ့ရသလဲဆိုတာ သူရဲေကာင္းဆရာဝန္ကဖြင့္ဟေျပာၾကားလာပါတယ္။

ဒါ့အျပင္ ဆရာဝန္ကနယူးကာဆယ္ပရိသတ္ရဲ႕အသက္ကိုကယ္တင္ႏိုင္ခဲ့ၿပီးေနာက္တစ္ကြင္းလုံးကသူ႔ကိုအမည္ကိုေအာ္ကာလက္ခုပ္တီးဂုဏ္ျပဳမႈခံရတဲ့ျဖစ္ရပ္မွာသူ႔ဘဝတြင္အေကာင္းဆုံးအခိုက္အတန႔္မ်ားထဲမွတစ္ခုျဖစ္ေၾကာင္းလည္းဝမ္းသာဂုဏ္ယူစြာေျပာၾကားသြားပါတယ္။

တနဂၤေႏြေန႔တုန္းကပြဲစဥ္ရဲ႕ပထမပိုင္းၿပီးခါနီးတြင္ပြဲၾကည့္စင္ေပၚမွအသက္ခပ္ႀကီးႀကီးနယူးကာဆယ္ပရိသတ္တစ္ဦးဟာႏွလုံးေဖာက္ၿပီးေနာက္ပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။

ေဒါက္တာတြမ္ပရစ္ခ်တ္ဟာ Gallowgate ခုံတန္း ၃၀ အစြန္တြင္ထိုင္ေနသူျဖစ္ၿပီးအလွ်င္အျမန္သြားေရာက္ကာေရွးဦးသူနာျပဳျဖင့္ကူညီခဲ့ပါတယ္။ယင္းေနာက္ပိုင္းတြင္နယူးကာဆယ္အသင္းဆရာဝန္ေပါလ္ကတ္တာဆင္ ေရာက္လာၿပီးပူးေပါင္းေဆာင္႐ြက္ကာ ႏွလုံးေရာဂါေဖာက္တဲ့နယူးကာဆယ္ပရိသတ္ရဲ႕အသက္ကိုကယ္တင္ခဲ့ပါတယ္။ အဆိုပါအျဖစ္အပ်က္ေၾကာင့္ပြဲကိုမိနစ္၂၀ခန႔္နားခဲ့ရေပမယ့္လူနာမွာေဆး႐ုံသို႔ေရာက္ၿပီးေနာက္သက္သာသြားခဲ့ၿပီျဖစ္ပါတယ္။

ေဒါက္တာတြမ္ပရစ္ခ်တ္ဟာနယူးကာဆယ္ပရိသတ္ကိုကူအညီၿပီးေနာက္ သူထိုင္ရာထိုင္ခုံသို႔ျပန္စဥ္အတြင္းပရိသတ္မ်ားရဲ႕လက္ခုပ္တီးအားေပးျခင္းခံခဲ့ရပါတယ္။

University of North Tees မွဂ်ဴနီယာဆရာဝန္က “ဒါမ်ိဳးေတြကအလုပ္မွာႀကဳံရတဲ့အရာမ်ိဳးေတြပါ။ဒါေပမယ့္ေဆး႐ုံျပင္ပမွာေတာ့ဒီမ်ိဳးမႀကဳံခဲ့ဖူးပါဘူး။အသက္ခပ္ႀကီးႀကီးလူတစ္ေယာက္ႏွလုံးေဖာက္ၿပီးထိုင္ခုံမွာေမ့လဲေနပါတယ္။ေရွးဦးသူနာျပဳနဲ႔ျပဳစုဖို႔လုပ္ေနၾကတယ္။ကြၽန္ေတာ့္အနားမွာထိုင္ေနတဲ့သူငယ္ခ်င္းမတ္တီလည္းတပါတည္းလိုက္ပါလာခဲ့တယ္။လူတစ္ေယာက္ကိုႏွလုံးခုန္စက္ကိုေရွာ့ေပးခိုင္းလိုက္တယ္။သူကလည္းအရမ္းကံေကာင္းတယ္။ခ်က္ခ်င္းဆိုသလိုဆရာဝန္ေရာက္လာတယ္။ႏွလုံးေရာဂါကုဆရာဝန္ေရာက္လာတယ္။ဒီေတာ့မွသူ႔ကိုျပန္ႏိူးလာေအာင္လုပ္ႏိုင္ခဲ့တာ။ကြၽန္ေတာ့္ေနာက္မွာဘာေတြျဖစ္ေနလဲဆိုတာမသိပါဘူး။အခုလက္ထဲျဖစ္ေနတာကိုပဲအာ႐ုံစိုက္ေနခဲ့တယ္။အားလုံးၿပီးသြားေတာ့ထိုင္ခုံဆီျပန္လာတယ္။ပြဲဘာလို႔ရပ္သြားလဲေတာင္မသိလိုက္ဘူး။ျဖစ္ပ်က္ေနတာကိုပဲအာ႐ုံစိုက္ခဲ့တယ္။ကြၽန္ေတာ္တစ္ေယာက္တည္းလုပ္တာမဟုတ္ပါဘူး။ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ဦးလည္းကူခဲ့တာပါ။အျခားဆရာဝန္ႏွစ္ေယာက္လည္းပါပါေသးတယ္။ထိုင္ခုံဆီျပန္လာေတာ့ Gallowgate ကပရိသတ္တစ္ေသာင္းေလာက္ကကြၽန္ေတာ့္ကိုသူရဲေကာင္းတစ္ေယာက္လိုေအာ္ဟစ္ဂုဏ္ျပဳၾကတာကေတာ့ဘဝမွာအမွတ္ရစရာအေကာင္းဆုံးပါပဲ”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္ပရိသတ္ ေမ့လဲက်သြားမႈကို ေဒါက္တာတြမ္ပရစ္ခ်တ္ကကူညီေနမႈကို စပါးစ္ေနာက္ခံလူရီဂူလြန္ကသိသြားၿပီးေနာက္ဒိုင္လူႀကီးမာရီနာကိုေျပာၾကားကာပြဲကိုရပ္ေစခဲ့တာပါ။ယင္းေနာက္စပါးစ္ေနာက္ခံလူဒီယာကအသင္းဆရာဝန္ကိုသြားေရာက္အေၾကာင္းၾကားကာအကူအညီေပးရန္ေျပာဆိုခဲ့ပါတယ္။