နယူးကာဆယ်ပိုင်ရှင်သစ်ကို တိုက်ခိုက်တဲ့စာသားပါ ဆိုင်းဘုတ်ကို ပဲလေ့စ်ပရိသတ်များကိုင်ဆောင်မှုအပါ် ရဲတပ်ဖွဲ့စုံစမ်းနေ

ရဲတပ်ဖွဲ့ဝင်များဟာခရစ္စတယ်ပဲလေ့စ်ပရိသတ်များကနယူးကာဆယ်အသင်းပိုင်ရှင်သစ်ကိုကန့်ကွက်တဲ့စာသားပါကြီးမားတဲ့ဆိုင်းဘုတ်ကိုကိုင်ဆောင်ခဲ့မှုအပေါ်စစ်ဆေးမှုပြုလုပ်နေကြပါတယ်။

မနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်နှင့်နယူးကာဆယ်တို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာခရစ္စတယ်ပဲလေ့စ်ပရိသတ်များဟာဆော်ဒီပိုင်ရှင်သစ်ကို အကြမ်းဖက်သမား၊ခေါင်းဖြတ်သတ်ဖြတ်သူ၊လူသတ်သမားအဖြစ်စွပ်စွဲထားတဲ့စာသားပါကြီးမားတဲ့ဆိုင်းဘုတ်ကိုင်ဆောင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှစီအီးအိုရစ်ချက်မာစတာနှင့်အကြီးအကဲများဟာ နယူးကာဆယ်ကိုဆော်ဒီမင်းသားဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ Public Investment Fund အား ဝယ်ယူခွင့်ပေးလိုက်မှုအတွက်ရာထူးမှနုတ်ထွက်ရန် ဖိအားပေးခြင်းခံနေရပါတယ်။

နယူးကာဆယ်ကို Public Investment Fund ကဝယ်ယူလိုက်ပြီးနောက်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကဆော်ဒီအစိုးရဟာလူကြိုက်များတဲ့အားကစားနည်းကိုအသုံးချကာသူတို့ရဲ့လူသားများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများအားဖုံးကွယ်ရန်ကြိုးပမ်းလာကြောင်းကြေညာခဲ့ဖူးပါတယ်။

Public Investment Fund ရဲ့ဥက္ကဌဖြစ်တဲ့ဆော်ဒီအိမ်ရှေ့မင်းသားဆယ်မန်ဟာဆော်ဒီဂျာနယ်လစ်ကိုအစ္စတန်ဘူလ်ရှိဆော်ဒီသံရုံးတွင်အစဖျောက်လုပ်ကြံသတ်ဖြတ်ရန်အမိန့်ပေးခဲ့တယ်လို့လည်းစွပ်စွဲခံထားရပါတယ်။

ZawGyi

နယူးကာဆယ္ပိုင္ရွင္သစ္ကို တိုက္ခိုက္တဲ့စာသားပါ ဆိုင္းဘုတ္ကို ပဲေလ့စ္ပရိသတ္မ်ားကိုင္ေဆာင္မႈအပၚ ရဲတပ္ဖြဲ႕စုံစမ္းေန

ရဲတပ္ဖြဲ႕ဝင္မ်ားဟာခရစၥတယ္ပဲေလ့စ္ပရိသတ္မ်ားကနယူးကာဆယ္အသင္းပိုင္ရွင္သစ္ကိုကန႔္ကြက္တဲ့စာသားပါႀကီးမားတဲ့ဆိုင္းဘုတ္ကိုကိုင္ေဆာင္ခဲ့မႈအေပၚစစ္ေဆးမႈျပဳလုပ္ေနၾကပါတယ္။

မေန႔ညတုန္းကခရစၥတယ္ပဲေလ့စ္ႏွင့္နယူးကာဆယ္တို႔တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာခရစၥတယ္ပဲေလ့စ္ပရိသတ္မ်ားဟာေဆာ္ဒီပိုင္ရွင္သစ္ကို အၾကမ္းဖက္သမား၊ေခါင္းျဖတ္သတ္ျဖတ္သူ၊လူသတ္သမားအျဖစ္စြပ္စြဲထားတဲ့စာသားပါႀကီးမားတဲ့ဆိုင္းဘုတ္ကိုင္ေဆာင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္မွစီအီးအိုရစ္ခ်က္မာစတာႏွင့္အႀကီးအကဲမ်ားဟာ နယူးကာဆယ္ကိုေဆာ္ဒီမင္းသားဥကၠဌအျဖစ္ေဆာင္႐ြက္ေနတဲ့ Public Investment Fund အား ဝယ္ယူခြင့္ေပးလိုက္မႈအတြက္ရာထူးမွႏုတ္ထြက္ရန္ ဖိအားေပးျခင္းခံေနရပါတယ္။

နယူးကာဆယ္ကို Public Investment Fund ကဝယ္ယူလိုက္ၿပီးေနာက္လူအခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ကေဆာ္ဒီအစိုးရဟာလူႀကိဳက္မ်ားတဲ့အားကစားနည္းကိုအသုံးခ်ကာသူတို႔ရဲ႕လူသားမ်ားအေပၚလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအားဖုံးကြယ္ရန္ႀကိဳးပမ္းလာေၾကာင္းေၾကညာခဲ့ဖူးပါတယ္။

Public Investment Fund ရဲ႕ဥကၠဌျဖစ္တဲ့ေဆာ္ဒီအိမ္ေရွ႕မင္းသားဆယ္မန္ဟာေဆာ္ဒီဂ်ာနယ္လစ္ကိုအစၥတန္ဘူလ္ရွိေဆာ္ဒီသံ႐ုံးတြင္အစေဖ်ာက္လုပ္ႀကံသတ္ျဖတ္ရန္အမိန႔္ေပးခဲ့တယ္လို႔လည္းစြပ္စြဲခံထားရပါတယ္။