နယူးကာဆယ်ပိုင်ရှင်သစ်တို့နောက်က အရိပ်ဆိုးကြီးအဖြစ် နောက်ကထပ်ကျမကွာ လိုက်နေမယ့် အစဖျောက်ခံရတဲ့ ဂျာနယ်လစ်ဂျမယ်ခါရှိုဂီ

အစဖျောက်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ဆော်ဒီဂျာနယ်လစ်ဂျမယ်ခါရှိုဂီရဲ့ကြီးမားတဲ့ပိုစတာတစ်ခုကို ဆော်ဒီပိုင်ရှင်သစ်တို့လက်အောက်မှာပထမဆုံးပွဲကစားမယ့် စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းပတ်ဝန်းကျင်တွင်ပြသမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ဝါရှင်တန်ပို့စ်ကော်လံစားနှင့် Al-Arab News Channel ရဲ့အထွေထွေမန်နေဂျာနှင့်အယ်ဒီတာချုပ်ခါရှိုဂီဟာ နယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်ကို ဝေဖန်ရေးသားခဲ့သူဖြစ်တဲ့အပြင် ဆော်ဒီနှင့်ထရန့်အစိုးရအကြား စစ်ရေးနှင့်စီးပွားရေးလျို့ဝှက်ဆက်ဆံရေးများကိုဖော်ထုတ်ရေးသားမှုများပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၈ခုနှစ်၊အောက်တိုဘာလ၂ရက်နေ့တုန်းကတူရကီနိုင်ငံ၊အစ္စတန်ဘူလ်ရှိ ဆော်ဒီသံရုံးသို့ဝင်သွားပြီးနောက်ပြန်လည်ထွက်လာခြင်းမရှိမှုနဲ့အတူအစဖျောက်လုပ်ကြံသတ်ဖြတ်ခြင်းခံရတယ်လို့ယူဆခြင်းခံထားရပါတယ်။

ခါရှိုခီအားအစဖျောက်လုပ်ကြံသတ်ဖြတ်ရန်ညွှန်ကြားသူအဖြစ်နယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီအိမ်ရှေ့မင်သားမိုဟာမက်ဘင်ဆယ်မန်ကစွပ်စွဲခြင်းခံထားရပါတယ်။ဒါ့အပြင်၂၀၁၈ခုနှစ်၊နိုဝင်ဘာလ၁၆ရက်နေ့တုန်းကအမေရိကန်ဗဟိုထောက်လှမ်းရေး(စီအိုအေ)ကလည်းနယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီအိမ်ရှေ့မင်းသားကခါရှိုခီအားလုပ်ကြံသတ်ဖြတ်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းကောက်ချက်ချကြောင်းကြေညာခဲ့ပါတယ်။

ဒါကြောင့်လည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်မန်ကနယူးကာဆယ်ကိုဝယ်ယူလိုက်ပြီးနောက် အမျိုးသမီးအခွင့်အရေး၊လူ့အခွင့်အရေးပေါင်းများစွာချိုးဖောက်လာတဲ့ သူအား နယူးကာဆယ်ကိုဝယ်ယူခွင့်ပေးလိုက်မှုအတွက်ပရီးမီးယားလိဂ်ကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကမိုဟာမက်ဘင်ဆယ်မန်မှာလူကြိုက်များတဲ့အားကစားနည်းများကိုအသုံးချကာ သူတို့လုပ်ဆောင်ခဲ့သမျှအမှားဆိုးကြီးမားကိုဖုံးကွယ်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်းဆိုခဲ့ပါတယ်။

ZawGyi

နယူးကာဆယ္ပိုင္ရွင္သစ္တို႔ေနာက္က အရိပ္ဆိုးႀကီးအျဖစ္ ေနာက္ကထပ္က်မကြာ လိုက္ေနမယ့္ အစေဖ်ာက္ခံရတဲ့ ဂ်ာနယ္လစ္ဂ်မယ္ခါရႈိဂီ

အစေဖ်ာက္လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရတဲ့ေဆာ္ဒီဂ်ာနယ္လစ္ဂ်မယ္ခါရႈိဂီရဲ႕ႀကီးမားတဲ့ပိုစတာတစ္ခုကို ေဆာ္ဒီပိုင္ရွင္သစ္တို႔လက္ေအာက္မွာပထမဆုံးပြဲကစားမယ့္ စိန႔္ဂ်ိမ္းစ္ပါ့ခ္ကြင္းပတ္ဝန္းက်င္တြင္ျပသမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ဝါရွင္တန္ပို႔စ္ေကာ္လံစားႏွင့္ Al-Arab News Channel ရဲ႕အေထြေထြမန္ေနဂ်ာႏွင့္အယ္ဒီတာခ်ဳပ္ခါရႈိဂီဟာ နယူးကာဆယ္ပိုင္ရွင္သစ္ ေဆာ္ဒီအိမ္ေရွ႕မင္းသားမိုဟာမက္ဘင္ဆယ္မန္ကို ေဝဖန္ေရးသားခဲ့သူျဖစ္တဲ့အျပင္ ေဆာ္ဒီႏွင့္ထရန႔္အစိုးရအၾကား စစ္ေရးႏွင့္စီးပြားေရးလ်ိဳ႕ဝွက္ဆက္ဆံေရးမ်ားကိုေဖာ္ထုတ္ေရးသားမႈမ်ားျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၈ခုႏွစ္၊ေအာက္တိုဘာလ၂ရက္ေန႔တုန္းကတူရကီႏိုင္ငံ၊အစၥတန္ဘူလ္ရွိ ေဆာ္ဒီသံ႐ုံးသို႔ဝင္သြားၿပီးေနာက္ျပန္လည္ထြက္လာျခင္းမရွိမႈနဲ႔အတူအစေဖ်ာက္လုပ္ႀကံသတ္ျဖတ္ျခင္းခံရတယ္လို႔ယူဆျခင္းခံထားရပါတယ္။

ခါရႈိခီအားအစေဖ်ာက္လုပ္ႀကံသတ္ျဖတ္ရန္ၫႊန္ၾကားသူအျဖစ္နယူးကာဆယ္ပိုင္ရွင္သစ္ ေဆာ္ဒီအိမ္ေရွ႕မင္သားမိုဟာမက္ဘင္ဆယ္မန္ကစြပ္စြဲျခင္းခံထားရပါတယ္။ဒါ့အျပင္၂၀၁၈ခုႏွစ္၊ႏိုဝင္ဘာလ၁၆ရက္ေန႔တုန္းကအေမရိကန္ဗဟိုေထာက္လွမ္းေရး(စီအိုေအ)ကလည္းနယူးကာဆယ္ပိုင္ရွင္သစ္ ေဆာ္ဒီအိမ္ေရွ႕မင္းသားကခါရႈိခီအားလုပ္ႀကံသတ္ျဖတ္ရန္ၫႊန္ၾကားခဲ့ျခင္းျဖစ္ေၾကာင္းေကာက္ခ်က္ခ်ေၾကာင္းေၾကညာခဲ့ပါတယ္။

ဒါေၾကာင့္လည္း လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕က ေဆာ္ဒီမင္းသားမိုဟာမက္ဘင္ဆယ္မန္ကနယူးကာဆယ္ကိုဝယ္ယူလိုက္ၿပီးေနာက္ အမ်ိဳးသမီးအခြင့္အေရး၊လူ႔အခြင့္အေရးေပါင္းမ်ားစြာခ်ိဳးေဖာက္လာတဲ့ သူအား နယူးကာဆယ္ကိုဝယ္ယူခြင့္ေပးလိုက္မႈအတြက္ပရီးမီးယားလိဂ္ကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။ါ့အျပင္လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ကမိုဟာမက္ဘင္ဆယ္မန္မွာလူႀကိဳက္မ်ားတဲ့အားကစားနည္းမ်ားကိုအသုံးခ်ကာ သူတို႔လုပ္ေဆာင္ခဲ့သမွ်အမွားဆိုးႀကီးမားကိုဖုံးကြယ္ရန္ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္းလည္းဆိုခဲ့ပါတယ္။