နယူးကာဆယ်ပွဲစဉ်မှ ပွဲထွက်ကစားသမားအားလုံးကို ဗီတက်ဆီနှင့်ပွဲမှာ အနားယူပေးသွားမယ့် စပါးစ်

စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုဟာယနေ့ညဗီတက်ဆီနှင့်ရင်ဆိုင်ကစားရမယ့်ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်တွင်တနင်္ဂနွေနေ့တုန်းကနယူးကာဆယ်အားအနိုင်ရတဲ့ပွဲစဉ်မှပွဲထွက်ကစားသမား၁၁ဦးလုံးကိုအနားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ဟူဂိုလိုရစ်၊ဟယ်ရီကိန်း၊ဆန်ဟောင်မင်း၊အီမာဆင်ရွိုင်ရယ်၊အဲရစ်ဒိုင်ယာ၊ရိုမဲရိုး၊ရီဂူလွန်၊စကစ်ပ်၊ဟိုဘတ်၊အန်ဒွမ်ဘီလီနှင့်လူကပ်စ်မော်ရာတို့ဟာမြောက်လန်ဒန်တွင်ပင်ကျန်ရစ်ခဲ့ကြပြီးတနင်္ဂနွေနေ့တွင်ဝက်စ်ဟမ်းနှင့်ရင်ဆိုင်ရမယ့်ပွဲအတွက်လက်ထောက်နည်းပြအီယန်ကက်သရိုနှင့်အတူ ပြင်ဆင်ကာကျန်နေရစ်ခဲ့ကြပါတယ်။

နူနိုဟာဩဂုတ်လတုန်းကပေါ်တူဂီမှာပါကို့စ်ဒီဖာရဲရာအား၁-၀ဂိုးဖြင့်ရှုံးနိမ့်ပွဲမှာတုန်းကလည်းအရန်ကစားသမားများဖြင့်သာပွဲထွက်ခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြကပြိုင်ပွဲကိုအရဲစွန့်ကာအရန်အသင်းဖြင့်ရင်ဆိုင်ခြင်းမဟုတ်ဘဲကစားသမားများ အားပြည့်အင်ပြည့်ဖြစ်နေစေရန်အတွက် ယင်းစနစ်ကိုသုံးခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

ဒါကြောင့်ဆန်တိုဟာဗီတက်စ်ဆီနှင့်ပွဲစဉ်မှာဒီလီအလီ၊ဘရိုင်ယန်ဂေးလ်တို့ကိုအသုံးပြုသွားဖို့ရှိနေပါတယ်။ဒါ့အပြင်စပါးစ်နည်းပြဆန်တိုကဒဏ်ရာကြောင့်ခြောက်ပွဲဆက်တိုက်လွဲချော်ခဲ့တဲ့တောင်ပံတိုက်စစ်သမားဘတ်ဝင်းကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာမယ်လို့အတည်ပြုသွားပါတယ်။

ZawGyi

နယူးကာဆယ္ပြဲစဥ္မွ ပြဲထြက္ကစားသမားအားလုံးကို ဗီတက္ဆီႏွင့္ပြဲမွာ အနားယူေပးသြားမယ့္ စပါးစ္

စပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုဟာယေန႔ညဗီတက္ဆီႏွင့္ရင္ဆိုင္ကစားရမယ့္ယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္တြင္တနဂၤေႏြေန႔တုန္းကနယူးကာဆယ္အားအႏိုင္ရတဲ့ပြဲစဥ္မွပြဲထြက္ကစားသမား၁၁ဦးလုံးကိုအနားေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဟူဂိုလိုရစ္၊ဟယ္ရီကိန္း၊ဆန္ေဟာင္မင္း၊အီမာဆင္႐ြိဳင္ရယ္၊အဲရစ္ဒိုင္ယာ၊႐ိုမဲ႐ိုး၊ရီဂူလြန္၊စကစ္ပ္၊ဟိုဘတ္၊အန္ဒြမ္ဘီလီႏွင့္လူကပ္စ္ေမာ္ရာတို႔ဟာေျမာက္လန္ဒန္တြင္ပင္က်န္ရစ္ခဲ့ၾကၿပီးတနဂၤေႏြေန႔တြင္ဝက္စ္ဟမ္းႏွင့္ရင္ဆိုင္ရမယ့္ပြဲအတြက္လက္ေထာက္နည္းျပအီယန္ကက္သ႐ိုႏွင့္အတူ ျပင္ဆင္ကာက်န္ေနရစ္ခဲ့ၾကပါတယ္။

ႏူႏိုဟာဩဂုတ္လတုန္းကေပၚတူဂီမွာပါကို႔စ္ဒီဖာရဲရာအား၁-၀ဂိုးျဖင့္ရႈံးနိမ့္ပြဲမွာတုန္းကလည္းအရန္ကစားသမားမ်ားျဖင့္သာပြဲထြက္ခဲ့ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပကၿပိဳင္ပြဲကိုအရဲစြန႔္ကာအရန္အသင္းျဖင့္ရင္ဆိုင္ျခင္းမဟုတ္ဘဲကစားသမားမ်ား အားျပည့္အင္ျပည့္ျဖစ္ေနေစရန္အတြက္ ယင္းစနစ္ကိုသုံးျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဒါေၾကာင့္ဆန္တိုဟာဗီတက္စ္ဆီႏွင့္ပြဲစဥ္မွာဒီလီအလီ၊ဘ႐ိုင္ယန္ေဂးလ္တို႔ကိုအသုံးျပဳသြားဖို႔ရွိေနပါတယ္။ဒါ့အျပင္စပါးစ္နည္းျပဆန္တိုကဒဏ္ရာေၾကာင့္ေျခာက္ပြဲဆက္တိုက္လြဲေခ်ာ္ခဲ့တဲ့ေတာင္ပံတိုက္စစ္သမားဘတ္ဝင္းကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳလာမယ္လို႔အတည္ျပဳသြားပါတယ္။