နယူးကာဆယ်ရဲ့ကစားသမားအဝယ်စာရင်းထဲတွင် သရဲနီကစားသမားလေးဦးပါဝင်နေ

နယူးကာဆယ်အသင်းပိုင်ရှင်သစ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားသစ်များခေါ်ယူကာအသင်းကိုအားဖြည့်ရန်စီစဉ်နေကြပြီဖြစ်ပါတယ်။ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်မန်ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ Public Investment Fund ဟာကြာသပတေးနေ့တုန်းကနယူးကာဆယ်ကိုပေါင်၃၀၅သန်းဖြင့်ဝယ်ယူခဲ့ပါတယ်။

နယူးကာဆယ်ပရိသတ်များဟာငွေကြေးကျောထောက်နောက်ခံတောင့်တင်းတဲ့ဆော်ဒီကုမ္ပဏီအားအကြီးအကျယ်ကြိုဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

ယခုအခါနယူးကာဆယ်ပိုင်ရှင်သစ်များဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားသစ်ခေါ်ယူရေးတွက်အချိန်မဆိုင်းဘဲစတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာရဲ့ဖော်ပြချက်အရနယူးကာဆယ်အသင်းရဲ့ဇန်နဝါရီအပြောင်းအရွှေ့ကစားသမားအဝယ်စာရင်းထဲတွင်သရဲနီကစားသမားလေးဦးကိုထည့်သွင်းထားကြောင်းသိရပါတယ်။

နယူးကာဆယ်ရဲ့အဝယ်စာရင်းတွင်ပါဝင်နေတဲ့မန်ယူကစားသမားလေးဦးတို့မှာမန်ယူတွင်နေရာရရှိရန်ရုန်းကန်နေရတဲ့ဂျက်စီလင်ဂတ်၊အန်တိုနီမာရှယ်၊အဲရစ်ဘိုင်လီနှင့်ဒွန်နီဗန်ဒီဘိခ်တို့ဖြစ်ကြပါတယ်။

လင်ဂတ်၊ဘိုင်လီနှင့်မာရှယ်တို့မှာနေရာရရှိရေးအတွက်အပြင်းအထန်တိုက်ပွဲဝင်နေရသူများဖြစ်ပြီးဗန်ဒီဘိခ်မှာအခွင့်အရေးရရှိမှုအလွန်နည်းပါးနေသူလည်းဖြစ်ပါတယ်။သူဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာမန်ယူမှထွက်ခွာဖို့သေချာသလောက်ရှိနေသူဖြစ်ပါတယ်။သူ့ကိုအဲဗာတန်ကလည်းခေါ်ယူလိုနေခဲ့ပေမယ့်ယခုအခါနယူးကာဆယ်ကလည်းဝယ်ယူရေးအပြိုင်ကြိုးပမ်းလာပြီဖြစ်ပါတယ်။

ZawGyi

နယူးကာဆယ္ရဲ႕ကစားသမားအဝယ္စာရင္းထဲတြင္ သရဲနီကစားသမားေလးဦးပါဝင္ေန

နယူးကာဆယ္အသင္းပိုင္ရွင္သစ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာကစားသမားသစ္မ်ားေခၚယူကာအသင္းကိုအားျဖည့္ရန္စီစဥ္ေနၾကၿပီျဖစ္ပါတယ္။ေဆာ္ဒီမင္းသားမိုဟာမက္ဘင္ဆယ္မန္ဥကၠဌအျဖစ္ေဆာင္႐ြက္ေနတဲ့ Public Investment Fund ဟာၾကာသပေတးေန႔တုန္းကနယူးကာဆယ္ကိုေပါင္၃၀၅သန္းျဖင့္ဝယ္ယူခဲ့ပါတယ္။

နယူးကာဆယ္ပရိသတ္မ်ားဟာေငြေၾကးေက်ာေထာက္ေနာက္ခံေတာင့္တင္းတဲ့ေဆာ္ဒီကုမၸဏီအားအႀကီးအက်ယ္ႀကိဳဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

ယခုအခါနယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားသစ္ေခၚယူေရးတြက္အခ်ိန္မဆိုင္းဘဲစတင္လုပ္ေဆာင္ေနၾကၿပီျဖစ္ပါတယ္။

မန္ခ်က္စတာညေနခင္းသတင္းစာရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္အသင္းရဲ႕ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကစားသမားအဝယ္စာရင္းထဲတြင္သရဲနီကစားသမားေလးဦးကိုထည့္သြင္းထားေၾကာင္းသိရပါတယ္။

နယူးကာဆယ္ရဲ႕အဝယ္စာရင္းတြင္ပါဝင္ေနတဲ့မန္ယူကစားသမားေလးဦးတို႔မွာမန္ယူတြင္ေနရာရရွိရန္႐ုန္းကန္ေနရတဲ့ဂ်က္စီလင္ဂတ္၊အန္တိုနီမာရွယ္၊အဲရစ္ဘိုင္လီႏွင့္ဒြန္နီဗန္ဒီဘိခ္တို႔ျဖစ္ၾကပါတယ္။

လင္ဂတ္၊ဘိုင္လီႏွင့္မာရွယ္တို႔မွာေနရာရရွိေရးအတြက္အျပင္းအထန္တိုက္ပြဲဝင္ေနရသူမ်ားျဖစ္ၿပီးဗန္ဒီဘိခ္မွာအခြင့္အေရးရရွိမႈအလြန္နည္းပါးေနသူလည္းျဖစ္ပါတယ္။သူဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာမန္ယူမွထြက္ခြာဖို႔ေသခ်ာသေလာက္ရွိေနသူျဖစ္ပါတယ္။သူ႔ကိုအဲဗာတန္ကလည္းေခၚယူလိုေနခဲ့ေပမယ့္ယခုအခါနယူးကာဆယ္ကလည္းဝယ္ယူေရးအၿပိဳင္ႀကိဳးပမ္းလာၿပီျဖစ္ပါတယ္။