နယူးကာဆယ်ရဲ့ဆက်သွယ်မှုရရှိထားကြောင်း အူနိုင်းအမ်မရီအတည်ပြု

အူနိုင်းအမ်မရီကနယူးကာဆယ်အသင်းနှင့်အဆက်အသွယ်ရှိကြောင်းအတည်ပြုပြောကြားသွားပါတယ်။ဒါပေမယ့်ဗီလာရီးရဲလ်ကတော့ယူရိုပါလိဂ်ဖလားဆွတ်ခူးပေးထားတဲ့အမ်မရီကိုအသင်းတွင်ဆက်ထိန်းထားနိုင်ရန်မျှော်လင့်နေပါတယ်။

နယူးကာဆယ်ရဲ့ဆော်ဒီပိုင်ရှင်များဟာပြီးခဲ့တဲ့လတုန်းကထုတ်ပယ်လိုက်တဲ့စတိဗ်ဘရုစ်နေရာတွင်အစားထိုးခန့်အပ်ရန်နံပါတ်တစ်ပစ်မှတ်အဖြစ်အူနိုင်းအမ်မရီကိုခန့်အပ်လိုနေပါတယ်။

နယူးကာဆယ်ဟာဘရိုက်တန်နှင့်ကစားမယ့်ပွဲစဉ်မတိုင်မီအသက်၄၉နှစ်ရှိအမ်မရီကိုခန့်အပ်လိုနေပါတယ်။

ယန်းဘွိုင်းအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ဗီလာရီးရဲလ်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင်အမ်မရီက “နယူးကာဆယ်ဆီကနေစိတ်ဝင်စားမှုရရှိထားပါတယ်။ဗီလာရီးရဲလ်ဒါရိုက်တာတွေနဲ့စကားပြောသွားပါမယ်။ဥက္ကဌကိုတော့စကားပြောပြီးပါပြီ။စိတ်ဝင်စားမှုရှိနေတယ်လို့ပြောထားတာပါ။ကမ်းလှမ်းမှုတော့မရောက်လာသေးပါဘူး။ကမ်းလှမ်းမှုရောက်လာမှကလပ်နဲ့ကျွန်တော်တို့ဆွေးနွေးရပါမယ်”လို့ပြောကြားသွားပါတယ်။

နယူးကာဆယ်ဟာအူနိုင်းအမ်မရီကိုခန့်အပ်လိုက်ပါကဗီလာရီးရဲလ်အသင်းကိုလျော်ကြေးပေါင်၅.၁သန်းပေးရပါမယ်။

ဗီလာရီးရဲလ်ဥက္ကဌဖာနန်ဒိုရွိုက်ကတော့အူနိုင်းအမ်မရီကိုစာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၃ခုနှစ်၊ဇွန်လအထိထိန်းထားနိုင်ရန်မျှော်လင့်နေပါတယ်။

အမ်မရီဟာအာဆင်နယ်အသင်းကို၁၈လကိုင်တွယ်ခဲ့ပြီးရာသီပြည့်ကိုင်တွယ်တဲ့ရာသီတွင်အဆင့်၅နေရာတွင်သာရပ်တည်နိုင်ခဲ့ပါတယ်။သူဟာအာဆင်နယ်ကိုယူရိုပါလိဂ်ဗိုလ်လုပွဲသို့ပို့ဆောင်ပေးခဲ့ပေမယ့်ချဲလ်ဆီးကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဆီဗီလာနှင့်ပီအက်စ်ဂျီနည်းပြဟောင်းဟာဗီလာရီးရဲလ်ကိုကိုင်တွယ်ပြီးနောက်ပြီးခဲ့တဲ့မေလတုန်းကမန်ယူကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူကာယူရိုပါလိဂ်ဖလားရရှိအောင်ကူညီထားပါတယ်။

ZawGyi

နယူးကာဆယ္ရဲ႕ဆက္သြယ္မႈရရွိထားေၾကာင္း အူႏိုင္းအမ္မရီအတည္ျပဳ

အူႏိုင္းအမ္မရီကနယူးကာဆယ္အသင္းႏွင့္အဆက္အသြယ္ရွိေၾကာင္းအတည္ျပဳေျပာၾကားသြားပါတယ္။ဒါေပမယ့္ဗီလာရီးရဲလ္ကေတာ့ယူ႐ိုပါလိဂ္ဖလားဆြတ္ခူးေပးထားတဲ့အမ္မရီကိုအသင္းတြင္ဆက္ထိန္းထားႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

နယူးကာဆယ္ရဲ႕ေဆာ္ဒီပိုင္ရွင္မ်ားဟာၿပီးခဲ့တဲ့လတုန္းကထုတ္ပယ္လိုက္တဲ့စတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးခန႔္အပ္ရန္နံပါတ္တစ္ပစ္မွတ္အျဖစ္အူႏိုင္းအမ္မရီကိုခန႔္အပ္လိုေနပါတယ္။

နယူးကာဆယ္ဟာဘ႐ိုက္တန္ႏွင့္ကစားမယ့္ပြဲစဥ္မတိုင္မီအသက္၄၉ႏွစ္ရွိအမ္မရီကိုခန႔္အပ္လိုေနပါတယ္။

ယန္းဘြိဳင္းအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ဗီလာရီးရဲလ္ရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးတြင္အမ္မရီက “နယူးကာဆယ္ဆီကေနစိတ္ဝင္စားမႈရရွိထားပါတယ္။ဗီလာရီးရဲလ္ဒါ႐ိုက္တာေတြနဲ႔စကားေျပာသြားပါမယ္။ဥကၠဌကိုေတာ့စကားေျပာၿပီးပါၿပီ။စိတ္ဝင္စားမႈရွိေနတယ္လို႔ေျပာထားတာပါ။ကမ္းလွမ္းမႈေတာ့မေရာက္လာေသးပါဘူး။ကမ္းလွမ္းမႈေရာက္လာမွကလပ္နဲ႔ကြၽန္ေတာ္တို႔ေဆြးေႏြးရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

နယူးကာဆယ္ဟာအူႏိုင္းအမ္မရီကိုခန႔္အပ္လိုက္ပါကဗီလာရီးရဲလ္အသင္းကိုေလ်ာ္ေၾကးေပါင္၅.၁သန္းေပးရပါမယ္။

ဗီလာရီးရဲလ္ဥကၠဌဖာနန္ဒို႐ြိဳက္ကေတာ့အူႏိုင္းအမ္မရီကိုစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္၂၀၂၃ခုႏွစ္၊ဇြန္လအထိထိန္းထားႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

အမ္မရီဟာအာဆင္နယ္အသင္းကို၁၈လကိုင္တြယ္ခဲ့ၿပီးရာသီျပည့္ကိုင္တြယ္တဲ့ရာသီတြင္အဆင့္၅ေနရာတြင္သာရပ္တည္ႏိုင္ခဲ့ပါတယ္။သူဟာအာဆင္နယ္ကိုယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးခဲ့ေပမယ့္ခ်ဲလ္ဆီးကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဆီဗီလာႏွင့္ပီအက္စ္ဂ်ီနည္းျပေဟာင္းဟာဗီလာရီးရဲလ္ကိုကိုင္တြယ္ၿပီးေနာက္ၿပီးခဲ့တဲ့ေမလတုန္းကမန္ယူကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ယူကာယူ႐ိုပါလိဂ္ဖလားရရွိေအာင္ကူညီထားပါတယ္။