နယူးကာဆယ်အရောင်းအဝယ်အတွက် ရာထူးမှ နုတ်ထွက်ရန် ပရီးမီးယားလိဂ်အကြီးအကဲများကို ကလပ်များတောင်းဆို

ဒေါသထွက်နေတဲ့ပရီးမီးယားလိဂ်ကလပ်အကြီးအကဲများဟာနယူးကာဆယ်အားဆော်ရင်းနှီးမြှပ်နှံသူများဝယ်ယူခွင့်ပေးလိုက်မှုအတွက်ရာထူးမှနုတ်ထွက်ရန်ပရီးမီးယားလိဂ်အကြီးအကဲများကိုတောင်းဆိုလာပါတယ်။

ပရီးမီးယားလိဂ်ဟာကလပ်များကိုတစ်စုံတစ်ရာအသိပေးခြင်းမရှိဘဲပြီးခဲ့တဲ့အပတ်တုန်းကနယူးကာဆယ်အားဆော်ဒီရင်းနှီးမြှပ်နှံသူများကိုဝယ်ယူခွင့်ပေးခဲ့ပါတယ်။

ကလပ်အသင်းအကြီးအကဲတစ်ဦးက “တကယ့်ကိုအရှုပ်ပဲ။ဒီဘုတ်အဖွဲ့ကဘာလို့နုတ်မထွက်သေးတာလဲ”လို့ဒေါသတကြီးပြောသွားပါတယ်။

လက်ရှိအနေအထားအရကလပ်များဟာနယူးကာဆယ်အရောင်းအဝယ်မှာပြီးပြတ်သွားပြီဖြစ်တာကြောင့်မည်သို့မျှမလုပ်နိုင်တော့သော်လည်းအင်္ဂါနေ့ကပြုလုပ်တဲ့အရေးပေါ်အစည်းအဝေးတွင်ပရီးမီးယားလိဂ်မှအမှုဆောင်ချုပ်ရစ်ချက်မာစတာ၊ဥက္ကဌဂယ်ရီဟော့ဖ်မန်းနှင့်အခြားတာဝန်ရှိသူများကိုလက်ညှိုးထိုးအပြစ်တင်ခဲ့ကြပါတယ်။

The Sun ရဲ့ဖော်ပြချက်အရစပါးစ်၊မန်ယူနှင့်အဲဗာတန်အသင်းတို့မှာနယူးကာဆယ်အရောင်းအဝယ်အားခွင့်ပြုလိုက်မှုအပေါ်ဒေါသအများဆုံးထွက်နေကြတဲ့ကလပ်များဖြစ်ကြကြောင်းသိရပါတယ်။ဒါ့အပြင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအလယ်ပိုင်းတွင်ရပ်တည်နေတဲ့ဗီလာ၊ခရစ္စတယ်ပဲလေ့စ်၊ဘရိုက်တန်၊ဝက်စ်ဟမ်းတို့မှာလည်းပရီးမီးယားလိဂ်ဘုတ်အဖွဲ့အားဖြေရှင်းချက်ပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

ZawGyi

နယူးကာဆယ္အေရာင္းအဝယ္အတြက္ ရာထူးမွ ႏုတ္ထြက္ရန္ ပရီးမီးယားလိဂ္အႀကီးအကဲမ်ားကို ကလပ္မ်ားေတာင္းဆို

ေဒါသထြက္ေနတဲ့ပရီးမီးယားလိဂ္ကလပ္အႀကီးအကဲမ်ားဟာနယူးကာဆယ္အားေဆာ္ရင္းႏွီးျမႇပ္ႏွံသူမ်ားဝယ္ယူခြင့္ေပးလိုက္မႈအတြက္ရာထူးမွႏုတ္ထြက္ရန္ပရီးမီးယားလိဂ္အႀကီးအကဲမ်ားကိုေတာင္းဆိုလာပါတယ္။

ပရီးမီးယားလိဂ္ဟာကလပ္မ်ားကိုတစ္စုံတစ္ရာအသိေပးျခင္းမရွိဘဲၿပီးခဲ့တဲ့အပတ္တုန္းကနယူးကာဆယ္အားေဆာ္ဒီရင္းႏွီးျမႇပ္ႏွံသူမ်ားကိုဝယ္ယူခြင့္ေပးခဲ့ပါတယ္။

ကလပ္အသင္းအႀကီးအကဲတစ္ဦးက “တကယ့္ကိုအရႈပ္ပဲ။ဒီဘုတ္အဖြဲ႕ကဘာလို႔ႏုတ္မထြက္ေသးတာလဲ”လို႔ေဒါသတႀကီးေျပာသြားပါတယ္။

လက္ရွိအေနအထားအရကလပ္မ်ားဟာနယူးကာဆယ္အေရာင္းအဝယ္မွာၿပီးျပတ္သြားၿပီျဖစ္တာေၾကာင့္မည္သို႔မွ်မလုပ္ႏိုင္ေတာ့ေသာ္လည္းအဂၤါေန႔ကျပဳလုပ္တဲ့အေရးေပၚအစည္းအေဝးတြင္ပရီးမီးယားလိဂ္မွအမႈေဆာင္ခ်ဳပ္ရစ္ခ်က္မာစတာ၊ဥကၠဌဂယ္ရီေဟာ့ဖ္မန္းႏွင့္အျခားတာဝန္ရွိသူမ်ားကိုလက္ညႇိဳးထိုးအျပစ္တင္ခဲ့ၾကပါတယ္။

The Sun ရဲ႕ေဖာ္ျပခ်က္အရစပါးစ္၊မန္ယူႏွင့္အဲဗာတန္အသင္းတို႔မွာနယူးကာဆယ္အေရာင္းအဝယ္အားခြင့္ျပဳလိုက္မႈအေပၚေဒါသအမ်ားဆုံးထြက္ေနၾကတဲ့ကလပ္မ်ားျဖစ္ၾကေၾကာင္းသိရပါတယ္။ဒါ့အျပင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအလယ္ပိုင္းတြင္ရပ္တည္ေနတဲ့ဗီလာ၊ခရစၥတယ္ပဲေလ့စ္၊ဘ႐ိုက္တန္၊ဝက္စ္ဟမ္းတို႔မွာလည္းပရီးမီးယားလိဂ္ဘုတ္အဖြဲ႕အားေျဖရွင္းခ်က္ေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။