နယူးကာဆယ်အသင်း တန်းမဆင်းရရေးအတွက် နည်းပြသစ်ဟိုဝီအာမမခံ

နယူးကာဆယ်နည်းပြသစ်အက်ဒီဟိုဝီဟာနယူးကာဆယ်အသင်းကိုပရီးမီးယားလိဂ်တွင်တင်ကျန်ရေးအတွက်အာမခံရန်ငြင်းဆိုလိုက်ပါတယ်။

ဘုန်းမောက်နည်းပြဟောင်းဟာတနင်္လာနေ့တုန်းကနယူးကာဆယ်နည်းပြသစ်အဖြစ်၂နှစ်ခွဲစာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

နယူးကာဆယ်ရဲ့ပိုင်ရှင်သစ်ဆော်ဒီရင်းနှီးမြှပ်နှံသူများဟာရည်မှန်းချက်ကြီးမားသူများဖြစ်ကြပြီးအက်ဒီဟိုဝီအားဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားခေါ်ယူအားဖြည့်ရေးအတွက်ပေါင်သန်း၅၀အထိပေးသွားပါမယ်။

ဒါပေမယ့်နည်းပြသစ်ဟိုဝီက “ကျွန်တော်ကတော့ဆက်လက်ရှင်သန်နိုင်မယ်လို့အပြည့်အဝယုံကြည်ပါတယ်။ဒါပေမယ့်ကတိတော့မပေးနိုင်ပါဘူး။ရှေ့မှာကြုံရမယ့်စမ်းသပ်မှုကအလွန်ကြီးမားပါတယ်။ဒီဇင်ဘာမှာအရမ်းခက်ခဲတဲ့ပွဲစဉ်ဇယားကြုံနေရပါတယ်။မလွယ်ကူပါဘူး။မှော်တုတ်မရှိပါဘူး။အရမ်းအလုပ်ကြိုးစားရမယ်။ကျွန်တော့်ဘက်ကကိုယ်စွမ်းရှိသမျှကြိုးစားပြီးအသင်းကိုဦးဆောင်သွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲ၁၁ပွဲကစားချိန်မှာနိုင်ပွဲမရရှိသေးဘဲ၅ပွဲသရေကျကာ၆ပွဲရှုံးနိမ့်ထားပါတယ်။

တစ်ဖက်တွင်နယူးကာဆယ်ဟာချဲလ်ဆီးတွင်ဆယ်စုနှစ်တစ်ခုကြာနည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့မိုက်ကယ်အီမီနာလိုအား ဘောလုံးဒါရိုက်တာအဖြစ်ခန့်အပ်ရန်စီစဉ်နေပါတယ်။

ZawGyi

နယူးကာဆယ္အသင္း တန္းမဆင္းရေရးအတြက္ နည္းျပသစ္ဟိုဝီအာမမခံ

နယူးကာဆယ္နည္းျပသစ္အက္ဒီဟိုဝီဟာနယူးကာဆယ္အသင္းကိုပရီးမီးယားလိဂ္တြင္တင္က်န္ေရးအတြက္အာမခံရန္ျငင္းဆိုလိုက္ပါတယ္။

ဘုန္းေမာက္နည္းျပေဟာင္းဟာတနလၤာေန႔တုန္းကနယူးကာဆယ္နည္းျပသစ္အျဖစ္၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

နယူးကာဆယ္ရဲ႕ပိုင္ရွင္သစ္ေဆာ္ဒီရင္းႏွီးျမႇပ္ႏွံသူမ်ားဟာရည္မွန္းခ်က္ႀကီးမားသူမ်ားျဖစ္ၾကၿပီးအက္ဒီဟိုဝီအားဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားေခၚယူအားျဖည့္ေရးအတြက္ေပါင္သန္း၅၀အထိေပးသြားပါမယ္။

ဒါေပမယ့္နည္းျပသစ္ဟိုဝီက “ကြၽန္ေတာ္ကေတာ့ဆက္လက္ရွင္သန္ႏိုင္မယ္လို႔အျပည့္အဝယုံၾကည္ပါတယ္။ဒါေပမယ့္ကတိေတာ့မေပးႏိုင္ပါဘူး။ေရွ႕မွာႀကဳံရမယ့္စမ္းသပ္မႈကအလြန္ႀကီးမားပါတယ္။ဒီဇင္ဘာမွာအရမ္းခက္ခဲတဲ့ပြဲစဥ္ဇယားႀကဳံေနရပါတယ္။မလြယ္ကူပါဘူး။ေမွာ္တုတ္မရွိပါဘူး။အရမ္းအလုပ္ႀကိဳးစားရမယ္။ကြၽန္ေတာ့္ဘက္ကကိုယ္စြမ္းရွိသမွ်ႀကိဳးစားၿပီးအသင္းကိုဦးေဆာင္သြားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

နယူးကာဆယ္ဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲ၁၁ပြဲကစားခ်ိန္မွာႏိုင္ပြဲမရရွိေသးဘဲ၅ပြဲသေရက်ကာ၆ပြဲရႈံးနိမ့္ထားပါတယ္။

တစ္ဖက္တြင္နယူးကာဆယ္ဟာခ်ဲလ္ဆီးတြင္ဆယ္စုႏွစ္တစ္ခုၾကာနည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့မိုက္ကယ္အီမီနာလိုအား ေဘာလုံးဒါ႐ိုက္တာအျဖစ္ခန႔္အပ္ရန္စီစဥ္ေနပါတယ္။