နယူးကာဆယ်အား ဆော်ဒီကဝယ်ယူလိုက်ကို ခွင့်ပြုမှုအတွက် ပရီးမီးယားလိဂ်ဥက္ကဌရာထူးမှ ဟော့ဖ်မန်းနုတ်ထွက်ရတော့မည်

ပရီးမီးယားလိဂ်ဥက္ကဌဂယ်ရီဟော့ဖ်မန်းဟာနယူးကာဆယ်အားဆော်ဒီရင်းနှီးမြှပ်နှံသူများကဝယ်ယူမှုအားခွင့်ပြုလိုက်မှုကြောင့်ပရီးမီးယားလိဂ်ကလပ်အသင်း၂၀တို့ရဲ့ယုံကြည်မှုဆုံးရှုံးခဲ့ရကာဥက္ကဌရာထူးမှနုတ်ထွက်ရတော့မှာဖြစ်ကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာအသက်၆၁နှစ်ရှိဟော့ဖ်မန်းရဲ့ခေါင်းဆောင်မှုအားနည်းမှုကိုအကြီးအကျယ်ဝေဖန်မှုပြုလုပ်နေပါတယ်။

ဟော့ဖ်မန်းဟာပြီးခဲ့တဲ့နှစ်ဇွန်လကမှပရီးမီးယားလိဂ်ဥက္ကဌနေရာကိုရယူခဲ့သူဖြစ်ပြီးဆော်ဒီရင်းနှီးမြှပ်နှံသူများကနယူးကာဆယ်အားပေါင်သန်း၃၀၀ဖြင့်ဝယ်ယူမှုကိုခွင့်ပြုခဲ့သူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များမှအကြီးအကဲများဟာတွေ့ဆုံဆွေးနွေးမှုတွင်ဟော့ဖ်မန်းရဲ့ခေါင်းဆောင်မှုအားနည်းမှု၊ကတိမတည်မှုများကိုထောက်ပြခဲ့ကြပါတယ်။

အစောပိုင်းတုန်းကဟော့ဖ်မန်းဟာနယူးကာဆယ်အားအရောင်းအဝယ်အားခွင့်ပြုလိုက်မှုအတွက် ရာထူးမှနုတ်ထွက်ရမှာမဟုတ်ဘူးလို့ယူဆခဲ့သော်လည်းနောက်ပိုင်းတွင်ဖိအားပေးမှုများပြားလာမှုနဲ့အတူနုတ်ထွက်လာရဖို့ရှိနေပြီဖြစ်ပါတယ်။သူဟာယခုအပတ်တွင်ပရီးမီးယားလိဂ်ဥက္ကဌရာထူးမှနုတ်ထွက်ကြောင်းတရားဝင်ကြေညာလာဖို့ရှိပါတယ်။

ZawGyi

နယူးကာဆယ္အား ေဆာ္ဒီကဝယ္ယူလိုက္ကို ခြင့္ျပဳမႈအတြက္ ပရီးမီးယားလိဂ္ဥကၠဌရာထူးမွ ေဟာ့ဖ္မန္းႏုတ္ထြက္ရေတာ့မည္

ပရီးမီးယားလိဂ္ဥကၠဌဂယ္ရီေဟာ့ဖ္မန္းဟာနယူးကာဆယ္အားေဆာ္ဒီရင္းႏွီးျမႇပ္ႏွံသူမ်ားကဝယ္ယူမႈအားခြင့္ျပဳလိုက္မႈေၾကာင့္ပရီးမီးယားလိဂ္ကလပ္အသင္း၂၀တို႔ရဲ႕ယုံၾကည္မႈဆုံးရႈံးခဲ့ရကာဥကၠဌရာထူးမွႏုတ္ထြက္ရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာအသက္၆၁ႏွစ္ရွိေဟာ့ဖ္မန္းရဲ႕ေခါင္းေဆာင္မႈအားနည္းမႈကိုအႀကီးအက်ယ္ေဝဖန္မႈျပဳလုပ္ေနပါတယ္။

ေဟာ့ဖ္မန္းဟာၿပီးခဲ့တဲ့ႏွစ္ဇြန္လကမွပရီးမီးယားလိဂ္ဥကၠဌေနရာကိုရယူခဲ့သူျဖစ္ၿပီးေဆာ္ဒီရင္းႏွီးျမႇပ္ႏွံသူမ်ားကနယူးကာဆယ္အားေပါင္သန္း၃၀၀ျဖင့္ဝယ္ယူမႈကိုခြင့္ျပဳခဲ့သူလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားမွအႀကီးအကဲမ်ားဟာေတြ႕ဆုံေဆြးေႏြးမႈတြင္ေဟာ့ဖ္မန္းရဲ႕ေခါင္းေဆာင္မႈအားနည္းမႈ၊ကတိမတည္မႈမ်ားကိုေထာက္ျပခဲ့ၾကပါတယ္။

အေစာပိုင္းတုန္းကေဟာ့ဖ္မန္းဟာနယူးကာဆယ္အားအေရာင္းအဝယ္အားခြင့္ျပဳလိုက္မႈအတြက္ ရာထူးမွႏုတ္ထြက္ရမွာမဟုတ္ဘူးလို႔ယူဆခဲ့ေသာ္လည္းေနာက္ပိုင္းတြင္ဖိအားေပးမႈမ်ားျပားလာမႈနဲ႔အတူႏုတ္ထြက္လာရဖို႔ရွိေနၿပီျဖစ္ပါတယ္။သူဟာယခုအပတ္တြင္ပရီးမီးယားလိဂ္ဥကၠဌရာထူးမွႏုတ္ထြက္ေၾကာင္းတရားဝင္ေၾကညာလာဖို႔ရွိပါတယ္။