နယူးကာဆယ်အား ဆော်ဒီက ဝယ်ယူလိုက်မှုအပေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြေညာ

လူ့အခွင့်အရေးချိုးဖောက်မှုစောင့်ကြည့်ရေးအဖွဲ့ AMNESTY INTERNATIONAL ဟာဆော်ဒီစီးပွားရေးရင်းနှီးမြှပ်နှံရေးအဖွဲ့အားနယူးကာဆယ်ကိုဝယ်ယူရန်ခွင့်ပြုချက်ပေးလိုက်တဲ့ ပရီးမီးယားလိဂ်အား ကိုယ့်အဆင့်အတန်းကိုပြန်လည်ပြုပြင်မှုပြုလုပ်ရန်တောင်းဆိုမှုပြုလုပ်လာပါတယ်။

ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်မန်ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့Saudi Public Investment Fund ဟာနယူးကာဆယ်အသင်းကိုပေါင်သန်း၃၀၀ဖြင့်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

ဘင်ဆယ်မန်ဟာ၂၀၁၈ခုနှစ်တုန်းကဂျာနယ်လစ်ဂျာမယ်ခါရှော့ဂီအားတူရကီနိုင်ငံ၊အစ္စလန်ဘူလ်ရှိဆော်ဒီသံရုံးတွင်လုပ်ကြံသတ်ဖြတ်ရန်ညွှန်ကြားပေးသူအဖြစ်စွပ်စွဲခံရသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်ဆော်ဒီနိုင်ငံဟာအမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူများအားကြမ်းတမ်းစွာကိုင်တွယ်တဲ့နိုင်ငံအဖြစ်လည်းနာမည်ကြီးပါတယ်။

ဒါကြောင့်လည်း AMNESTY INTERNATIONAL က ဆော်ဒီမင်းသားဟာလူကြိုက်များတဲ့ဘောလုံးအားကစားနည်းကိုအသုံးချပြီးသူတို့လုပ်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုများစွာတို့ကိုဖုံးကွယ်နိုင်ရေးအတွက်ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ပရီးမီးယားလိဂ်ကိုဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။

အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာကလည်းနယူးကာဆယ်ပရိသတ်များမှာရှေ့မှာကျား၊နောက်မှာချောက်အနေအထားမျိုးနှင့်ကြုံတွေ့နေကြောင်းဆိုသွားပါတယ်။နယူးကာဆယ်ပရိသတ်များဟာအသင်းကို မိုက်အက်ရှ်လေလက်အောက်တွင်မရှိစေလိုခဲ့တာကြာမြင့်ပြီဖြစ်ပေမယ့်ပိုင်ရှင်သစ်ဖြစ်လာမယ့် ဆော်ဒီမင်းသားမှာလည်း အသင်းအတွက်ငွေသန်းပေါင်းများစွာအသုံးနိုင်တဲ့သူဖြစ်သော်လည်းလူ့အခွင့်အရေးချိုးဖောက်တဲ့လူ့အဖွဲ့အစည်းမှခေါင်းဆောင်တစ်ဦးဖြစ်နေရာ ထောက်ခံရအခက်၊မထောက်ခံရအခက်အနေအထားတွင်ရှိနေပါတယ်။

ZawGyi

နယူးကာဆယ္အား ေဆာ္ဒီက ဝယ္ယူလိုက္မႈအေပၚ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ေၾကညာ

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေစာင့္ၾကည့္ေရးအဖြဲ႕ AMNESTY INTERNATIONAL ဟာေဆာ္ဒီစီးပြားေရးရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕အားနယူးကာဆယ္ကိုဝယ္ယူရန္ခြင့္ျပဳခ်က္ေပးလိုက္တဲ့ ပရီးမီးယားလိဂ္အား ကိုယ့္အဆင့္အတန္းကိုျပန္လည္ျပဳျပင္မႈျပဳလုပ္ရန္ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။

ေဆာ္ဒီမင္းသား မိုဟာမက္ဘင္ဆယ္မန္ဥကၠဌအျဖစ္ေဆာင္႐ြက္ေနတဲ့Saudi Public Investment Fund ဟာနယူးကာဆယ္အသင္းကိုေပါင္သန္း၃၀၀ျဖင့္ဝယ္ယူလိုက္ၿပီျဖစ္ပါတယ္။

ဘင္ဆယ္မန္ဟာ၂၀၁၈ခုႏွစ္တုန္းကဂ်ာနယ္လစ္ဂ်ာမယ္ခါေရွာ့ဂီအားတူရကီႏိုင္ငံ၊အစၥလန္ဘူလ္ရွိေဆာ္ဒီသံ႐ုံးတြင္လုပ္ႀကံသတ္ျဖတ္ရန္ၫႊန္ၾကားေပးသူအျဖစ္စြပ္စြဲခံရသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္ေဆာ္ဒီႏိုင္ငံဟာအမ်ိဳးသမီးလူ႔အခြင့္အေရးလႈပ္ရွားသူမ်ားအားၾကမ္းတမ္းစြာကိုင္တြယ္တဲ့ႏိုင္ငံအျဖစ္လည္းနာမည္ႀကီးပါတယ္။

ဒါေၾကာင့္လည္း AMNESTY INTERNATIONAL က ေဆာ္ဒီမင္းသားဟာလူႀကိဳက္မ်ားတဲ့ေဘာလုံးအားကစားနည္းကိုအသုံးခ်ၿပီးသူတို႔လုပ္ခဲ့တဲ့လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားစြာတို႔ကိုဖုံးကြယ္ႏိုင္ေရးအတြက္ႀကိဳးပမ္းလာျခင္းျဖစ္ေၾကာင္း ပရီးမီးယားလိဂ္ကိုေဝဖန္မႈျပဳလုပ္သြားခဲ့ပါတယ္။

အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဂယ္ရီလိုင္နီကာကလည္းနယူးကာဆယ္ပရိသတ္မ်ားမွာေရွ႕မွာက်ား၊ေနာက္မွာေခ်ာက္အေနအထားမ်ိဳးႏွင့္ႀကဳံေတြ႕ေနေၾကာင္းဆိုသြားပါတယ္။နယူးကာဆယ္ပရိသတ္မ်ားဟာအသင္းကို မိုက္အက္ရွ္ေလလက္ေအာက္တြင္မရွိေစလိုခဲ့တာၾကာျမင့္ၿပီျဖစ္ေပမယ့္ပိုင္ရွင္သစ္ျဖစ္လာမယ့္ ေဆာ္ဒီမင္းသားမွာလည္း အသင္းအတြက္ေငြသန္းေပါင္းမ်ားစြာအသုံးႏိုင္တဲ့သူျဖစ္ေသာ္လည္းလူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့လူ႔အဖြဲ႕အစည္းမွေခါင္းေဆာင္တစ္ဦးျဖစ္ေနရာ ေထာက္ခံရအခက္၊မေထာက္ခံရအခက္အေနအထားတြင္ရွိေနပါတယ္။