နယူးယောက်ဟိုတယ်တွင် နိုက်ခ်ဝန်ထမ်းကို ပါးစပ်နဲ့ကိစ္စပြီးခိုင်းခဲ့တဲ့ နေမာ

ပီအက်စ်ဂျီစတားနေမာဟာနိုက်ခ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းကိုဟိုတယ်တစ်ခုရဲ့အခန်းထဲတွင်ပါးစပ်ဖြင့်ကိစ္စပြီးစေရန်ဖိအားပေးမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အသက်၂၉နှစ်ရှိနေမာဟာ၂၀၁၆ခုနှစ်တုန်းကနိုက်ခ်ရဲ့ပွဲတစ်ခုအတွက်နယူးယောက်သို့ရောက်ရှိနေစဉ်အတွင်းမှာအထက်ပါအဖြစ်အပျက်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

ယင်းအမျိုးသမီးဝန်ထမ်းဟာနေမာနှင့်သူ့ဝန်ထမ်းများအတွက်အစီအစဉ်များချမှတ်လုပ်ဆောင်ပေးရသူဖြစ်ပါတယ်။

ယင်းဝန်ထမ်းအမျိုးသမီးဟာ၂၀၁၈ခုနှစ်မှာနေမာရဲ့လုပ်ရပ်အပေါ်တိုင်ချက်ဖွင့်ခဲ့ပြီးနိုက်ခ်ကလည်းလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုငှားရမ်းကာစစ်ဆေးမှုပြုလုပ်စေခဲ့ပါတယ်။

နေမာကတော့အထက်ပါအဖြစ်အပျက်နဲ့ပတ်သက်ပြီးငြင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေမာနှင့်နိုက်ခ်ဝန်ထမ်းမတို့ရဲ့အဖြစ်အပျက်ကိုစစ်ဆေးရာမှာတိကျရေရာတဲ့အဖြေမထွက်ခဲ့ပါတယ်။

ဒါပေမယ့်နိုက်ခ်ဟာပြီးခဲ့တဲ့နှစ်တုန်းက၁၅နှစ်ကြာလက်တွဲလာခဲ့တဲ့ဘရာဇီးတိုက်စစ်မှူးနေမာနှင့်လမ်းခွဲရန်ဆုံးဖြတ်ခဲ့ပါတယ်။

နေမာဟာအသက်၁၃နှစ်အရွယ်မှာနိုက်ခ်နှင့်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်သက်တမ်းမှာ၈နှစ်ကျန်ပါသေးတယ်။

နိုက်ခ်ကနေမာနှင့်လမ်းခွဲမှုမှာကော်မာရှယ်ပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့်လမ်းခွဲခဲ့ကြောင်းကြေညာခဲ့ပေမယ့်တကယ်တမ်းမှာတော့ဝန်ထမ်းအားပါးစပ်ဖြင့်ကိစ္စပြီးရန်ဖိအားပေးမှုကြောင့်ဖြစ်ပါတယ်။

ZawGyi









