နယ်သာလန်နှင့်ကမ္ဘာ့ဖလားဖလားကွာတားဖိုင်နယ်ပွဲကို မက်ဆီရဲ့ဘော်ဒီဂတ်လွဲချော်ဖွယ်ရှိနေ

အာဂျင်တီးနားဟာမက်ဆီရဲ့ဘော်ဒီဂတ်အဖြစ်နာမည်ကြီးတဲ့ကွင်းလယ်ကစားသမားကိုနယ်သာလန်နှင့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲတွင်ဆုံးရှုံးရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ရိုဒရီဂိုဒီပေါလ်ဟာဒဏ်ရာပြဿနာကြောင့်အာဂျင်တီးနားကစားဖော်များနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိဘဲဒဏ်ရာကိုစစ်ဆေးမှုပြုလုပ်နေရပါတယ်။

အသက်၂၈နှစ်ရှိအက်သလက်တီကိုကွင်းလယ်ကစားသမားဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားရဲ့ပွဲတိုင်းပါဝင်ကစားထားသူဖြစ်ပါတယ်။

အာဂျင်တီးနားဟာသောကြာနေ့တွင်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်နယ်သာလန်နှင့်ရင်ဆိုင်ရပါမယ်။

သူဟာညာဖက်‌ပေါင်ကြွက်သားဒဏ်ရာရရှိနေတယ်လို့ယူဆရပြီးနယ်သာလန်နှင့်ပွဲမှာပါဝင်ကစားဖို့မရေမရာဖြစ်နေပါတယ်။

ဒီပေါလ်ဟာမက်ဆီရဲ့ဘော်ဒီဂတ်အဖြစ်အာဂျင်တီးနားပရိသတ်များရဲ့တင်စားပြောဆိုခြင်းခံရသူဖြစ်ပါတယ်။သူဟာကွင်းအတွင်းမက်ဆီကိုရန်လိုတဲ့ပြိုင်ဘက်ကစားသမားများကိုထိပ်တိုက်တွေ့ရာမှာနာမည်ကြီးသူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကအာဂျင်တီးနားအသင်း ကိုပါအမေရိကချန်ပီယံဖြစ်ရာတွင်အရေးပါခဲ့သူဖြစ်ပြီးယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားအတွက်ပွဲတိုင်းပွဲချိန်ပြည့်ကစားထားပါတယ်။

သူဟာအာဂျင်တီးနားအတွက်၄၈ပွဲကစားထားရာမှာ၂ဂိုးသွင်းထားနိုင်ပါတယ်။

အာဂျင်တီးနာဟာဒီပေါလ်သာမကစားနိုင်ပါကအန်ဇိုဖာနန်ဒက်စ်ကိုအသုံးပြုလာဖို့ရှိနေပါတယ်။

ZawGyi









