
ရိန်းဂျားနှင့်အက်စတွန်ဗီလာနည်းပြဟောင်းစတီဗင်ဂျရတ်ဟာဆောက်သမ်တန်နည်းပြသစ်ဖြစ်လာရန်ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေတဲ့ဆောက်သမ်တန်ဟာနသန်ဂျုံးစ်ကိုခန့်အပ်ပြီးသုံးလခန့်အကြာတွင်ပင်ရာထူးမှထုတ်ပယ်လိုက်ပြီးနောက်နည်းပြသစ်ရှာဖွေနေပါတယ်။
အသက်၄၉နှစ်ရှိနသန်ဂျုံးစ်ဟာဆောက်သမ်တန်ကို၃လခန့်သာကိုင်တွယ်ခဲ့ပြီး၁၄ပွဲကိုင်တွယ်ခဲ့ပြီးနောက်ထုတ်ပယ်ခံခဲ့ရပါတယ်။
သူဟာနိုဝင်ဘာလတုန်းကရေးဖ်ဟာဆန်ဟက်တယ်နေရာတွင်အစားထိုးတာဝန်ယူခဲ့ပေမဲ့လည်းဆောက်သမ်တန်ကိုအပြောင်းအလဲကြီးပြောင်းလဲလာအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့အပတ်တုန်းကဆောက်သမ်တန်ကစားသမားများဟာနသန်ဂျုံးစ်ရဲ့နည်းဗျူဟာအပေါ်အယုံမကြည်မရှိတော့ကြောင်းသတင်းထွက်ခဲ့ပါသေးတယ်။
ယင်းနောက်ဆောက်သမ်တန်ဟာစနေနေ့တုန်းကဝုဗ်ကိုတစ်ယောက်အသာဖြင့်ကစားခဲ့ရပေမဲ့လည်း၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ဒါကြောင့်လည်းဆောက်သမ်တန်ဟာနသန်ဂျုံးစ်ကိုထုတ်ပယ်ရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ဆောက်သမ်တန်ကိုပထမအသင်းနည်းပြရူဘင်ဆယ်လက်စ်ကယာယီကိုင်တွယ်ကာလေ့ကျင့်ပေးနေပါတယ်။
လက်ရှိအချိန်တွင်လစ်လပ်နေတဲ့ဆောက်သမ်တန်နည်းပြရာထူးအတွက်စတီဗင်ဂျရတ်ကရေပန်းအစားဆုံးဖြစ်နေပါတယ်။
လီဗာပူးနှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာအောက်တိုဘာလတုန်းကဗီလာမှထုတ်ပယ်ခြင်းခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။
သူဟာဆောက်သမ်တန်နည်းပြရာထူးအတွက်၃/၁ဖြင့်ရေပန်းအစားဆုံးဖြစ်နေပြီးလိဒ်နည်းပြဟောင်းဂျက်စီမတ်ရှ်ကဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။ရေးဗားပလိတ်နည်းပြဟောင်းမာဆယ်လိုဂယ်လာဒိုလည်းဆောက်သမ်တန်နည်းပြရာထူးအတွက်ရေပန်းစားသူစာရင်းထဲတွင်ပါဝင်ပါတယ်။
ZawGyi
နသန္ဂ်ဳံးစ္အထုတ္ခံရၿပီးေနာက္ ေဆာက္သမ္တန္နည္းျပရာထူးအတြက္ ေရပန္းအစားဆုံးျဖစ္ေနတဲ့ စတီဗင္ဂ်ရတ္
ရိန္းဂ်ားႏွင့္အက္စတြန္ဗီလာနည္းျပေဟာင္းစတီဗင္ဂ်ရတ္ဟာေဆာက္သမ္တန္နည္းျပသစ္ျဖစ္လာရန္ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
ပရီးမီးယားလိဂ္အမွတ္ေပးဇယားေအာက္ဆုံးတြင္ရပ္တည္ေနတဲ့ေဆာက္သမ္တန္ဟာနသန္ဂ်ဳံးစ္ကိုခန႔္အပ္ၿပီးသုံးလခန႔္အၾကာတြင္ပင္ရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္နည္းျပသစ္ရွာေဖြေနပါတယ္။
အသက္၄၉ႏွစ္ရွိနသန္ဂ်ဳံးစ္ဟာေဆာက္သမ္တန္ကို၃လခန႔္သာကိုင္တြယ္ခဲ့ၿပီး၁၄ပြဲကိုင္တြယ္ခဲ့ၿပီးေနာက္ထုတ္ပယ္ခံခဲ့ရပါတယ္။
သူဟာႏိုဝင္ဘာလတုန္းကေရးဖ္ဟာဆန္ဟက္တယ္ေနရာတြင္အစားထိုးတာဝန္ယူခဲ့ေပမဲ့လည္းေဆာက္သမ္တန္ကိုအေျပာင္းအလဲႀကီးေျပာင္းလဲလာေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။
ၿပီးခဲ့တဲ့အပတ္တုန္းကေဆာက္သမ္တန္ကစားသမားမ်ားဟာနသန္ဂ်ဳံးစ္ရဲ႕နည္းဗ်ဴဟာအေပၚအယုံမၾကည္မရွိေတာ့ေၾကာင္းသတင္းထြက္ခဲ့ပါေသးတယ္။
ယင္းေနာက္ေဆာက္သမ္တန္ဟာစေနေန႔တုန္းကဝုဗ္ကိုတစ္ေယာက္အသာျဖင့္ကစားခဲ့ရေပမဲ့လည္း၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းေဆာက္သမ္တန္ဟာနသန္ဂ်ဳံးစ္ကိုထုတ္ပယ္ရန္ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ေဆာက္သမ္တန္ကိုပထမအသင္းနည္းျပ႐ူဘင္ဆယ္လက္စ္ကယာယီကိုင္တြယ္ကာေလ့က်င့္ေပးေနပါတယ္။
လက္ရွိအခ်ိန္တြင္လစ္လပ္ေနတဲ့ေဆာက္သမ္တန္နည္းျပရာထူးအတြက္စတီဗင္ဂ်ရတ္ကေရပန္းအစားဆုံးျဖစ္ေနပါတယ္။
လီဗာပူးႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းဟာေအာက္တိုဘာလတုန္းကဗီလာမွထုတ္ပယ္ျခင္းခံရၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနခဲ့သူျဖစ္ပါတယ္။
သူဟာေဆာက္သမ္တန္နည္းျပရာထူးအတြက္၃/၁ျဖင့္ေရပန္းအစားဆုံးျဖစ္ေနၿပီးလိဒ္နည္းျပေဟာင္းဂ်က္စီမတ္ရွ္ကဒုတိယေရပန္းအစားဆုံးျဖစ္ေနပါတယ္။ေရးဗားပလိတ္နည္းျပေဟာင္းမာဆယ္လိုဂယ္လာဒိုလည္းေဆာက္သမ္တန္နည္းျပရာထူးအတြက္ေရပန္းစားသူစာရင္းထဲတြင္ပါဝင္ပါတယ္။