နာကျင်မှုတွေကို သက်တမ်းတိုးခဲ့ရပေမယ့် ခေါင်းမော့ရင်ကော့ထားကြရန် အင်္ဂလန်အသင်းကို မင်းသားဝီလျှံပြောကြား

အီတလီကိုပင်နယ်တီအဆုံးအဖြတ်မှာရှုံးနိမ့်ခဲ့ရမှုနဲ့အတူအင်္ဂလန်ရဲ့ယူရို၂၀၂၀အိပ်မက်ကြီးအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်ဟာဗိုလ်လုပွဲကိုရှုံးနိမ့်ခဲ့မှုနဲ့အတူ၅၅နှစ်ကြာနာကျင်မှုကိုဆက်လက်သက်တမ်းတိုးခဲ့ရပြန်ပါတယ်။

အင်္ဂလန်ဟာဂိုးသမားပစ်ဖို့ဒ်ကပင်နယ်တီနှစ်ကြိမ်ကာကွယ်ခဲ့ပေမယ့်လည်းရပ်ရှ်ဖို့ဒ်၊ဆန်ချိုနှင့်ဆာကာတို့ပင်နယ်တီမဝင်ခဲ့မှုနဲ့အတူအီတလီကိုပင်နယ်တီအဆုံးအဖြတ်မှာ၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ယူရိုဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့တဲ့ပြီးတဲ့နောက်ပင်နယ်တီလွဲချော်ခဲ့ကြတဲ့လူမည်းကစားသမားသုံးဦးတို့ဟာလည်းလူမျိုးရေးခွဲခြားတိုက်ခိုက်မှုများခံနေရပါတယ်။

အင်္ဂလန်ကစားသမားများဟာသူတို့အကြီးအကျယ်မျှော်လင့်ခဲ့တဲ့ယူရိုဖလားကိုလက်မတင်ကလေးလက်လွှတ်လိုက်ရမှုနဲ့အတူအကြီးအကျယ်စိတ်ပျက်နေကြပါတယ်။အင်္ဂလန်ကစားသမားများဟာဒုတိယငွေတံဆိပ်ကိုလက်ခံရချိန်မှာစင်ပေါ်မှမဆင်းမီပင်ဆုတံဆိပ်ကိုချွတ်ပစ်ခဲ့ကြကြောင်းတွေ့ရပါတယ်။

ဒါပေမယ့်လည်းဗြိတိန်မင်းသားဝီလျှံကအင်္ဂလန်အသင်းအနေဖြင့်ယူရို၂၀၂၀ပြိုင်ပွဲအောင်မြင်မှုအတွက်ခေါင်းမော့ရင်ကော့ကာဂုဏ်ယူသင့်ကြောင်းဆိုလာပါတယ်။

မင်းသားဝီလျှံက “အသည်းကွဲကြေရပါတယ်။ကြီးမားတဲ့အောင်ပွဲအတွက်အီတလီကိုဂုဏ်ပြုပါတယ်။အင်္ဂလန်ရေ။မင်းတို့အားလုံးဟာအများကြီးခရီးပေါက်ခဲ့ကြတာပါ။ဒါပေမယ့်စိတ်မကောင်းဖြစ်ရတာကဒီနေ့ကငါတို့နေ့မဟုတ်ဘူး။ခေါင်းမော့ရင်ကော့ထားကြပါ။အရမ်းဂုဏ်ယူသင့်ပါတယ်။နောက်ထပ်အများကြီးလာဦးမှာငါသိနေတယ်”လို့ဆိုသွားပါတယ်။

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာကစားသမားဘဝတုန်းကဂျာမနီနှင့်ယူရို၁၉၉၆ပြိုင်ပွဲမှာပင်နယ်တီလွဲပြီးအင်္ဂလန်ပြိုင်ပွဲမှထွက်ခွာစေခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

နာက်င္မႈေတြကို သက္တမ္းတိုးခဲ့ရေပမယ့္ ေခါင္းေမာ့ရင္ေကာ့ထားၾကရန္ အဂၤလန္အသင္းကို မင္းသားဝီလွ်ံေျပာၾကား

အီတလီကိုပင္နယ္တီအဆုံးအျဖတ္မွာရႈံးနိမ့္ခဲ့ရမႈနဲ႔အတူအဂၤလန္ရဲ႕ယူ႐ို၂၀၂၀အိပ္မက္ႀကီးအဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။အဂၤလန္ဟာဗိုလ္လုပြဲကိုရႈံးနိမ့္ခဲ့မႈနဲ႔အတူ၅၅ႏွစ္ၾကာနာက်င္မႈကိုဆက္လက္သက္တမ္းတိုးခဲ့ရျပန္ပါတယ္။

အဂၤလန္ဟာဂိုးသမားပစ္ဖို႔ဒ္ကပင္နယ္တီႏွစ္ႀကိမ္ကာကြယ္ခဲ့ေပမယ့္လည္းရပ္ရွ္ဖို႔ဒ္၊ဆန္ခ်ိဳႏွင့္ဆာကာတို႔ပင္နယ္တီမဝင္ခဲ့မႈနဲ႔အတူအီတလီကိုပင္နယ္တီအဆုံးအျဖတ္မွာ၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ယူ႐ိုဗိုလ္လုပြဲမွာရႈံးနိမ့္ခဲ့တဲ့ၿပီးတဲ့ေနာက္ပင္နယ္တီလြဲေခ်ာ္ခဲ့ၾကတဲ့လူမည္းကစားသမားသုံးဦးတို႔ဟာလည္းလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားခံေနရပါတယ္။

အဂၤလန္ကစားသမားမ်ားဟာသူတို႔အႀကီးအက်ယ္ေမွ်ာ္လင့္ခဲ့တဲ့ယူ႐ိုဖလားကိုလက္မတင္ကေလးလက္လႊတ္လိုက္ရမႈနဲ႔အတူအႀကီးအက်ယ္စိတ္ပ်က္ေနၾကပါတယ္။အဂၤလန္ကစားသမားမ်ားဟာဒုတိယေငြတံဆိပ္ကိုလက္ခံရခ်ိန္မွာစင္ေပၚမွမဆင္းမီပင္ဆုတံဆိပ္ကိုခြၽတ္ပစ္ခဲ့ၾကေၾကာင္းေတြ႕ရပါတယ္။

ဒါေပမယ့္လည္းၿဗိတိန္မင္းသားဝီလွ်ံကအဂၤလန္အသင္းအေနျဖင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲေအာင္ျမင္မႈအတြက္ေခါင္းေမာ့ရင္ေကာ့ကာဂုဏ္ယူသင့္ေၾကာင္းဆိုလာပါတယ္။

မင္းသားဝီလွ်ံက “အသည္းကြဲေၾကရပါတယ္။ႀကီးမားတဲ့ေအာင္ပြဲအတြက္အီတလီကိုဂုဏ္ျပဳပါတယ္။အဂၤလန္ေရ။မင္းတို႔အားလုံးဟာအမ်ားႀကီးခရီးေပါက္ခဲ့ၾကတာပါ။ဒါေပမယ့္စိတ္မေကာင္းျဖစ္ရတာကဒီေန႔ကငါတို႔ေန႔မဟုတ္ဘူး။ေခါင္းေမာ့ရင္ေကာ့ထားၾကပါ။အရမ္းဂုဏ္ယူသင့္ပါတယ္။ေနာက္ထပ္အမ်ားႀကီးလာဦးမွာငါသိေနတယ္”လို႔ဆိုသြားပါတယ္။

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာကစားသမားဘဝတုန္းကဂ်ာမနီႏွင့္ယူ႐ို၁၉၉၆ၿပိဳင္ပြဲမွာပင္နယ္တီလြဲၿပီးအဂၤလန္ၿပိဳင္ပြဲမွထြက္ခြာေစခဲ့ဖူးသူျဖစ္ပါတယ္။