နာကျင်အချိန်ပိုရန်ပွဲကြောင့် ချဲလ်ဆီးနှင့်လက်စတာစွဲချက်တင်ခြင်းခံရ

ချဲလ်ဆီးနှင့်လက်စတာတို့ဟာအင်္ဂါနေ့တုန်းကပရီးမီးယားလိဂ်ပွဲရဲ့နာကျင်အချိန်ပိုမှာနှစ်ဖက်ကစားသမားတို့အချင်းများမှုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခံလိုက်ရပါတယ်။ချဲလ်ဆီးနှင့်လက်စတာတို့ဟာယင်းဖြစ်ရပ်အတွက်အက်ဖ်အေရဲ့ပေါင်၂၅၀၀၀ဒဏ်ရိုက်ခံရဖို့ရှိနေပါတယ်။

ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာဘင်ချဲလ်ဝဲလ်ကိုရီကာဒိုပီရဲရာကကြမ်းတမ်းစွာဖျက်ထုတ်ပြီးနောက်နှစ်ဖက်အသင်းမှကစားသမားများ၊အရန်များနှင့်နည်းပြအဖွဲ့ဝင်များအချင်းများခဲ့ကြပါတယ်။

အထူးသဖြင့်ချဲလ်ဆီးနောက်ခံလူအန်တိုနီယိုရူဒီဂါဟာအဆိုပါကြမ်းတမ်းစွာဖျက်ထုတ်မှုအတွက်အကြီးအကျယ်ဒေါသထွက်ခဲ့တာတွေ့ရပါတယ်။

စနေနေ့တုန်းကအက်ဖ်အေဖလားချန်ပီယံဖြစ်ပြီးတဲ့နောက်လက်စတာကစားသမားဒါနီရယ်အေမာတေးဟာလက်စတာအဝတ်အစားလဲခန်းမှာချဲလ်ဆီးအလံကိုလွှင့်ပစ်ခဲ့ပြီးနောက်ကလပ်နှစ်သင်းအကြားတင်းမာမှုများရှိခဲ့ပါတယ်။

ဒါ့အပြင်ချဲလ်ဆီးနှင့်လက်စတာပွဲစဉ်မှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲဖြစ်ရာနှစ်သင်းအကြားယှဉ်ပြိုင်မှုကပိုမိုပြင်းထန်နေခဲ့ပါတယ်။

ZawGyi

နာက်င္အခ်ိန္ပိုရန္ပြဲေၾကာင့္ ခ်ဲလ္ဆီးႏွင့္လက္စတာစြဲခ်က္တင္ျခင္းခံရ

ခ်ဲလ္ဆီးႏွင့္လက္စတာတို႔ဟာအဂၤါေန႔တုန္းကပရီးမီးယားလိဂ္ပြဲရဲ႕နာက်င္အခ်ိန္ပိုမွာႏွစ္ဖက္ကစားသမားတို႔အခ်င္းမ်ားမႈအတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ခံလိုက္ရပါတယ္။ခ်ဲလ္ဆီးႏွင့္လက္စတာတို႔ဟာယင္းျဖစ္ရပ္အတြက္အက္ဖ္ေအရဲ႕ေပါင္၂၅၀၀၀ဒဏ္႐ိုက္ခံရဖို႔ရွိေနပါတယ္။

ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာဘင္ခ်ဲလ္ဝဲလ္ကိုရီကာဒိုပီရဲရာကၾကမ္းတမ္းစြာဖ်က္ထုတ္ၿပီးေနာက္ႏွစ္ဖက္အသင္းမွကစားသမားမ်ား၊အရန္မ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားအခ်င္းမ်ားခဲ့ၾကပါတယ္။

အထူးသျဖင့္ခ်ဲလ္ဆီးေနာက္ခံလူအန္တိုနီယို႐ူဒီဂါဟာအဆိုပါၾကမ္းတမ္းစြာဖ်က္ထုတ္မႈအတြက္အႀကီးအက်ယ္ေဒါသထြက္ခဲ့တာေတြ႕ရပါတယ္။

စေနေန႔တုန္းကအက္ဖ္ေအဖလားခ်န္ပီယံျဖစ္ၿပီးတဲ့ေနာက္လက္စတာကစားသမားဒါနီရယ္ေအမာေတးဟာလက္စတာအဝတ္အစားလဲခန္းမွာခ်ဲလ္ဆီးအလံကိုလႊင့္ပစ္ခဲ့ၿပီးေနာက္ကလပ္ႏွစ္သင္းအၾကားတင္းမာမႈမ်ားရွိခဲ့ပါတယ္။

ဒါ့အျပင္ခ်ဲလ္ဆီးႏွင့္လက္စတာပြဲစဥ္မွာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေရးပါတဲ့ပြဲျဖစ္ရာႏွစ္သင္းအၾကားယွဥ္ၿပိဳင္မႈကပိုမိုျပင္းထန္ေနခဲ့ပါတယ္။