နာပိုလီက ဂျူဗင်တပ်ကိုအနိုင်ရတဲ့ပွဲအပြီးတွင် စပယ်လက်တီနှင့် အယ်လီဂရီ ရန်ပွဲဖြစ်

နာပိုလီနည်းပြလူစီယာနိုစပယ်လက်တီနှင့်ဂျူဗင်တပ်နည်းပြအယ်လီဂရီတို့ဟာမနေ့ညတုန်းကပွဲအပြီးတွင်သတင်းစာရှင်းလင်းပွဲမှာအချင်းများရန်ဖြစ်ခဲ့ကြကြောင်းသိရပါတယ်။

နာပိုလီဟာမိုရာတာရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရသော်လည်းကူလီဘာလီနှင့်ပိုလီတာနိုတို့ရဲ့သွင်းဂိုးများကြောင့်၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် Sky Sport Italian ရဲ့ဖော်ပြချက်အရနာပိုလီနည်းပြနှင့်ဂျူဗင်တပ်နည်းပြတို့ဟာသတင်းစာရှင်းလင်းပွဲခန်းမတွင်အချင်းများရန်ဖြစ်ခဲ့ကြောင်းသိရပါတယ်။

သတင်းစာရှင်းလင်းပွဲတွင်အယ်လီဂရီကနာပိုလီအသင်းရရှိသွားတဲ့ဂိုးများမှာ၎င်းတို့အသင်းရဲ့အမှားကြောင့်လို့ပေးခဲ့ခြင်းလို့ပြောကြားခဲ့ရာမှာစပယ်လက်တီကသူတို့အသင်းရဲ့ကြိုးစားအားထုတ်မှုကိုမျက်ကွယ်ပြုမှုအပေါ်ဒေါသထွက်ကာကြားဖြတ်ဝင်ပြောရာမှာအချင်းများခဲ့တာလို့သိရပါတယ်။

ZawGyi




