နာပိုလီနည်းပြရာထူးမှ ထွက်ခွာလာပြီး ၂ ရက်အကြာတွင် ဖီအိုရင်တီးနားနည်းပြသစ်ဖြစ်လာတဲ့ ဂတ်တူဆို

ဂန်နာရိုဂတ်တူဆိုဟာနာပိုလီနည်းပြရာထူးမှထွက်ခွာလာပြီးနှစ်ရက်အကြာတွင်ပင်ဖီအိုရင်တီးနားနည်းပြသစ်ဖြစ်လာခဲ့ပါတယ်။

ဖီအိုရင်တီးနားဟာမတ်လတုန်းကဆီဇာပရန်ဒယ်လီနုတ်ထွက်သွားပြီးနောက်နည်းပြသစ်ရှာဖွေလာခဲ့တာဖြစ်ပြီးဂူဆက်ပီအီချိနီအားရာသီအကုန်အထိခန့်အပ်ခဲ့ပါတယ်။

ဂတ်တူဆိုဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကစီးရီးအေရာသီသိမ်းပွဲစဉ်အပြီးနှစ်နာရီခန့်ဝန်းကျင်တွင်ပင်နာပိုလီနည်းပြရာထူးမှထွက်ခွာခဲ့ပါတယ်။

ဂတ်တူဆိုဟာ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကနာပိုလီနည်းပြအဖြစ်အန်ဆယ်လော့တီရဲ့နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ဂတ်တူဆိုရဲ့လက်ထက်တွင်နာပိုလီဟာများစွာတိုးတက်ခဲ့ပြီးချန်ပီယံလိဂ်ဝင်ခွင့်ရလုနီးပါးဖြစ်ပြီးမှရာသီသိမ်းပွဲတွင်သရေကျမှုကြောင့်ယူရိုပါလိဂ်ဝင်ခွင့်ဖြင့်ကျေနပ်ခဲ့ရတာပါ။

ဂတ်တူဆိုဟာနာပိုလီပရိသတ်များရဲ့အားပေးမှုရရှိပေမယ့်လည်းအသင်းပိုင်ရှင်ဖြစ်သူအော်ရယ်လီယိုဒီလော်ရန်တစ်နှင့်အဆင်မပြေမှုကြောင့်ထွက်ခွာရန်ဆုံးဖြတ်ခဲ့တာပါ။

ဖီအိုရင်တီးနားမှာ၂၀၂၀-၂၁ဘောလုံးရာသီတွင်ခက်ခဲတဲ့ရာသီတစ်ခုကြုံခဲ့ရပြီးရမှတ်၄၀တည်းသာရရှိခဲ့ကာအဆင့်၁၃နေရာတွင်သာရပ်တည်နိုင်ခဲ့ပါတယ်။

ZawGyi

နာပိုလီနည္းျပရာထူးမွ ထြက္ခြာလာၿပီး ၂ ရက္အၾကာတြင္ ဖီအိုရင္တီးနားနည္းျပသစ္ျဖစ္လာတဲ့ ဂတ္တူဆို

ဂန္နာ႐ိုဂတ္တူဆိုဟာနာပိုလီနည္းျပရာထူးမွထြက္ခြာလာၿပီးႏွစ္ရက္အၾကာတြင္ပင္ဖီအိုရင္တီးနားနည္းျပသစ္ျဖစ္လာခဲ့ပါတယ္။

ဖီအိုရင္တီးနားဟာမတ္လတုန္းကဆီဇာပရန္ဒယ္လီႏုတ္ထြက္သြားၿပီးေနာက္နည္းျပသစ္ရွာေဖြလာခဲ့တာျဖစ္ၿပီးဂူဆက္ပီအီခ်ိနီအားရာသီအကုန္အထိခန႔္အပ္ခဲ့ပါတယ္။

ဂတ္တူဆိုဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကစီးရီးေအရာသီသိမ္းပြဲစဥ္အၿပီးႏွစ္နာရီခန႔္ဝန္းက်င္တြင္ပင္နာပိုလီနည္းျပရာထူးမွထြက္ခြာခဲ့ပါတယ္။

ဂတ္တူဆိုဟာ၂၀၁၉ခုႏွစ္၊ဒီဇင္ဘာလတုန္းကနာပိုလီနည္းျပအျဖစ္အန္ဆယ္ေလာ့တီရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီးကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဂတ္တူဆိုရဲ႕လက္ထက္တြင္နာပိုလီဟာမ်ားစြာတိုးတက္ခဲ့ၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ရလုနီးပါးျဖစ္ၿပီးမွရာသီသိမ္းပြဲတြင္သေရက်မႈေၾကာင့္ယူ႐ိုပါလိဂ္ဝင္ခြင့္ျဖင့္ေက်နပ္ခဲ့ရတာပါ။

ဂတ္တူဆိုဟာနာပိုလီပရိသတ္မ်ားရဲ႕အားေပးမႈရရွိေပမယ့္လည္းအသင္းပိုင္ရွင္ျဖစ္သူေအာ္ရယ္လီယိုဒီေလာ္ရန္တစ္ႏွင့္အဆင္မေျပမႈေၾကာင့္ထြက္ခြာရန္ဆုံးျဖတ္ခဲ့တာပါ။

ဖီအိုရင္တီးနားမွာ၂၀၂၀-၂၁ေဘာလုံးရာသီတြင္ခက္ခဲတဲ့ရာသီတစ္ခုႀကဳံခဲ့ရၿပီးရမွတ္၄၀တည္းသာရရွိခဲ့ကာအဆင့္၁၃ေနရာတြင္သာရပ္တည္ႏိုင္ခဲ့ပါတယ္။