
မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာချန်ပီယံလိဂ်တွင်နာပိုလီအတွက်နောက်ဆုံးဂိုးသွင်းယူလာပြီးနောက်ဗစ်တာအိုဆမ်ဟန်အားခေါ်ယူရန်ယူနိုက်တက်ကိုတိုက်တွန်းလာပါတယ်။
ဗစ်တာအိုဆမ်ဟန်ဟာယခုရာသီတွင်အကောင်းဆုံးပုံစံပြသနေသူဖြစ်ပြီးချန်ပီယံလိဂ်တွင်ဖရန့်ဖတ်ကိုနာပိုလီကအနိုင်ရတဲ့ပွဲမှာလည်းထပ်မံဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
နာပိုလီကဖရန့်ဖတ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာအိုဆမ်ဟန်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ယင်းပွဲတွင်ယူနိုက်တက်ပစ်မှတ်တစ်ဦးဖြစ်တဲ့ကိုလိုမူအာနီမှာအနီကတ်ပြထုတ်ပယ်ခံရလို့ဖရန့်ဖတ်တို့တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရပါတယ်။
ဒါပေမဲ့ယူနိုက်တက်ပရိသတ်များဟာယင်းပွဲတွင် Man Of The Match ကစားသမားအိုဆမ်ဟန်ကိုသာအာရုံစိုက်နေခဲ့ကြပါတယ်။
သူဟာယခုရာသီတွင်နာပိုလီအတွက်စီးရီးအေ၁၉ပွဲကစားထားရာမှာ၁၈ဂိုးသွင်းထားသူဖြစ်ပြီးဥရောပပြိုင်ပွဲတွင်လည်း၂ဂိုးသွင်းထားပါတယ်။
ယူနိုက်တက်ဟာဗစ်တာအိုဆမ်ဟန်ကိုပစ်မှတ်ထားနေတဲ့ကလပ်များထဲမှတစ်ဦးဖြစ်ပြီးနာပိုလီကတန်ကြေးပေါင်၁၁၅သန်းအထိသတ်မှတ်ထားပါတယ်။
ဖရန့်ဖတ်နှင့်ပွဲတွင်အိုဆမ်ဟန်ဂိုးသွင်းနိုင်ခဲ့ပြီးနောက်ယူနိုက်တက်ပရိသတ်တစ်ဦးက “အိုဆမ်ဟန်ကိုယူနိုက်တက်လိုအပ်တယ်။တကယ့်ကိုမယုံနိုင်လောက်အောင်ကောင်းတယ်”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “အိုဆမ်ဟန်သွင်းပြန်ပြီ။တကယ့်ကိုအဆုံးသတ်ကောင်းတဲ့တိုက်စစ်မှူး။ ယူနိုက်တက်လိုနေတာဒီလိုကစားသမားမျိုး”လို့ဆိုသွားပါတယ်။
ယူနိုက်တက်ဟာနွေရာသီတွင်တိုက်စစ်အတွက်အဓိကပစ်မှတ်အဖြစ်ဟယ်ရီကိန်းကိုပစ်မှတ်ထားနေပါတယ်။ဒါပေမဲ့၎င်းတို့ဟာဟယ်ရီကိန်းကိုခေါ်ယူရေးမအောင်မြင်ပါကအိုဆမ်ဟန်ကိုကြိုးစားလာဖို့ရှိပါတယ်။
ZawGyi
နာပိုလီရဲ႕ခ်န္ပီယံလိဂ္ႏိုင္ပြဲတြင္ ထပ္မံဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ အိုဆမ္ဟန္ကို ေခၚယူရန္ ယူႏိုက္တက္ကို ပရိသတ္မ်ားေတာင္းဆိုလာ
မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာခ်န္ပီယံလိဂ္တြင္နာပိုလီအတြက္ေနာက္ဆုံးဂိုးသြင္းယူလာၿပီးေနာက္ဗစ္တာအိုဆမ္ဟန္အားေခၚယူရန္ယူႏိုက္တက္ကိုတိုက္တြန္းလာပါတယ္။
ဗစ္တာအိုဆမ္ဟန္ဟာယခုရာသီတြင္အေကာင္းဆုံးပုံစံျပသေနသူျဖစ္ၿပီးခ်န္ပီယံလိဂ္တြင္ဖရန႔္ဖတ္ကိုနာပိုလီကအႏိုင္ရတဲ့ပြဲမွာလည္းထပ္မံဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
နာပိုလီကဖရန႔္ဖတ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာအိုဆမ္ဟန္ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ယင္းပြဲတြင္ယူႏိုက္တက္ပစ္မွတ္တစ္ဦးျဖစ္တဲ့ကိုလိုမူအာနီမွာအနီကတ္ျပထုတ္ပယ္ခံရလို႔ဖရန႔္ဖတ္တို႔တစ္ေယာက္အေလွ်ာ့ျဖင့္ကစားခဲ့ရပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ပရိသတ္မ်ားဟာယင္းပြဲတြင္ Man Of The Match ကစားသမားအိုဆမ္ဟန္ကိုသာအာ႐ုံစိုက္ေနခဲ့ၾကပါတယ္။
သူဟာယခုရာသီတြင္နာပိုလီအတြက္စီးရီးေအ၁၉ပြဲကစားထားရာမွာ၁၈ဂိုးသြင္းထားသူျဖစ္ၿပီးဥေရာပၿပိဳင္ပြဲတြင္လည္း၂ဂိုးသြင္းထားပါတယ္။
ယူႏိုက္တက္ဟာဗစ္တာအိုဆမ္ဟန္ကိုပစ္မွတ္ထားေနတဲ့ကလပ္မ်ားထဲမွတစ္ဦးျဖစ္ၿပီးနာပိုလီကတန္ေၾကးေပါင္၁၁၅သန္းအထိသတ္မွတ္ထားပါတယ္။
ဖရန႔္ဖတ္ႏွင့္ပြဲတြင္အိုဆမ္ဟန္ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ယူႏိုက္တက္ပရိသတ္တစ္ဦးက “အိုဆမ္ဟန္ကိုယူႏိုက္တက္လိုအပ္တယ္။တကယ့္ကိုမယုံႏိုင္ေလာက္ေအာင္ေကာင္းတယ္”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “အိုဆမ္ဟန္သြင္းျပန္ၿပီ။တကယ့္ကိုအဆုံးသတ္ေကာင္းတဲ့တိုက္စစ္မႉး။ ယူႏိုက္တက္လိုေနတာဒီလိုကစားသမားမ်ိဳး”လို႔ဆိုသြားပါတယ္။
ယူႏိုက္တက္ဟာေႏြရာသီတြင္တိုက္စစ္အတြက္အဓိကပစ္မွတ္အျဖစ္ဟယ္ရီကိန္းကိုပစ္မွတ္ထားေနပါတယ္။ဒါေပမဲ့၎တို႔ဟာဟယ္ရီကိန္းကိုေခၚယူေရးမေအာင္ျမင္ပါကအိုဆမ္ဟန္ကိုႀကိဳးစားလာဖို႔ရွိပါတယ္။