
အင်တာမီလန်ဟာစီးရီးအေအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့နာပိုလီရဲ့ယခုရာသီစီးရီးအေရှုံးပွဲမရှိစံချိန်ကိုအဆုံးသတ်လိုက်နိုင်ပြီဖြစ်ပါတယ်။
နာပိုလီဟာမနေ့ညတုန်းကအဝေးကွင်းတွင်အင်တာမီလန်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမတိုင်မီအထိစီးရီးအေတွင်၁၅ပွဲဆက်ရှုံးပွဲမရှိစံချိန်ရယူထားနိုင်ခဲ့ပါတယ်။
အင်တာမီလန်ဟာမနေ့ညတုန်းကနာပိုလီနှင့်ပွဲစဉ်တွင်ဖီဒီရီကိုဒီမာကိုရဲ့ဖြတ်တင်ဘောကနေအေဒင်ဂျက်ကိုရဲ့ခေါင်းတိုက်ဂိုးကြောင့်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
နာပိုလီဟာအင်တာမီလန်ကိုရှုံးနိမ့်မှုကြောင့်ဒုတိယနေရာမှချန်ပီယံအေစီမီလန်ကိုရမှတ်၅မှတ်တည်းသာဖြတ်ထားနိုင်ပါတော့တယ်။
အင်တာမီလန်ဟာမနေ့ညတုန်းကနိုင်ပွဲကြောင့်ထိပ်ဆုံးမှနာပိုလီနှင့်ရမှတ်၈မှတ်အကွာသို့ရောက်လာပါတယ်။
ZawGyi
နာပိုလီရဲ့စီးရီးအေရှုံးပွဲမရှိစံချိန်ကို ရပ်တန့်လိုက်တဲ့ အင်တာမီလန်