
OnlyFans မော်ဒယ်တစ်ဦးဟာနာပိုလီအသင်းသာယခုရာသီတွင်ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာပါကကြီးကျယ်တဲ့အောင်ပွဲခံမှုပြုလုပ်ရန်စီစဉ်ထားပါတယ်။
မော်ဒယ်ပါလာပူလီနိုကနာပိုလီအသင်းသာချန်ပီယံလိဂ်ချန်ပီယံဖြစ်မည်ဆိုပါက အဝတ်မဲ့ဖြင့် အမိုးဖွင့်ဘတ်စ်ကားစီးကာမြို့ကိုလှည့်ပတ်သွားမယ်လို့ကတိပြုလာတာဖြစ်ပါတယ်။
နာပိုလီဟာ၂၀၂၂-၂၃ရာသီမှာကြီးကျယ်တဲ့ရာသီတစ်ခုပိုင်ဆိုင်နေပါတယ်။၎င်းတို့ဟာစီးရီးအေအမှတ်ပေးဇယားကို၁၅မှတ်ဖြတ်ပြီးဦးဆောင်နေသလို ချန်ပီယံလိဂ်တွင်လည်းကွာတားဖိုင်နယ်သို့တက်ရောက်ရန်အခြေအနေကောင်းနေပါတယ်။
နာပိုလီအသင်းကိုငယ်စဉ်ကတည်းကအားပေးလာတဲ့အသက်၃၃နှစ်ရှိဆူလီနိုက “Daily Starဖတ်သူတွေကိုပြောပြနိုင်တယ်။တကယ့်ကိုအမိုက်စားလုပ်ပြမယ်။အဝတ်မဲ့နဲ့ အမိုးဖွင့်ဘတ်စ်ကားစီးပြီးနေပယ်မှာအောင်ပွဲခံသွားမယ်။ဒါကကျွန်မလုပ်လာမဲ့အရာပါ။ကျွန်မလုပ်နိုင်တာလည်းဖြစ်တယ်။အရိုးသားဆုံးပြောရရင်ဘတ်စ်ကားငှားရတာဈေးကြီးတယ်လို့မထင်ပါဘူး။အများဆုံးယူရို၃၀၀၀ပေါ့။ကျွန်မတတ်နိုင်တယ်။ဘတ်စ်ကားငှားမဲ့သူတွေ၊ဝန်ဆောင်မဲ့ပေးမဲ့သူတွေကျွန်မကိုဆက်သွယ်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။
အုပ်စုပွဲတုန်းကလီဗာပူးကို၄-၁ဂိုးဖြင့်အနိုင်ယူခဲ့တဲ့နာပိုလီဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့တွင်ဖရန့်ဖတ်ကို၂-၀ဂိုးဖြင့်ဂျာမနီမြေမှာအနိုင်ယူခဲ့ပါတယ်။
ဒါ့အပြင်ဆူလီနိုကနာပိုလီမှာချန်ပီယံလိဂ်ချန်ပီယံနိုင်တဲ့အခြေအနေမျိုးတွင်ရှိနေကြောင်းပြောကြားသွားတဲ့အပြင်အင်္ဂလန်အသင်းပရိသတ်များကိုလည်းထိုးနှက်သွားပါသေးတယ်။
သူမက “ဘယ်အင်္ဂလိပ်အသင်းကိုမှမကြောက်ဘူး။အင်္ဂလိပ်ပရိသတ်တွေကသူတို့အင်္ဂလိပ်အသင်းတွေကိုပဲကမ္ဘာ့အကောင်းဆုံးအသင်းလို့ထင်ကြတာ။နောက်တော့လီဗာပူးကိုကျွန်မတို့တီးပြခဲ့တယ်။အရိုးသားဆုံးပြောရရင်စီးတီး(မန်စီးတီး)ကိုပဲနည်းနည်းကြောက်မိတယ်။ဒါပေမဲ့ကျွန်မတို့ကစီးရီးအေမှာလည်းတကယ့်ကိုအကြီးအကျယ်လုပ်ပြထားနိုင်တယ်။ပရီးမီးယားလိဂ်မှာလိုအာဆင်နယ်နဲ့စီးတီးတို့အပြိုင်ဖြစ်နေတာမဟုတ်ဘူး။နာပိုလီကပြိုင်ဘက်ကင်းပါ”လို့ပြောကြားသွားပါတယ်။
နာပိုလီအသင်း ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာနိုင်သလားဆိုတာကတော့ အချိန်ကအဖြေပေးပါလိမ့်မယ်။
ZawGyi
နာပိုလီအသင္း ခ်န္ပီယံလိဂ္ဖလားရလွ်င္ အဝတ္မဲ့ျဖင့္ အမိုးဖြင့္ဘတ္စ္ကားျဖင့္ ေအာင္ပြဲခံလာမည္ဟု ေမာ္ဒယ္ကတိျပဳလာ
OnlyFans ေမာ္ဒယ္တစ္ဦးဟာနာပိုလီအသင္းသာယခုရာသီတြင္ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္လာပါကႀကီးက်ယ္တဲ့ေအာင္ပြဲခံမႈျပဳလုပ္ရန္စီစဥ္ထားပါတယ္။
ေမာ္ဒယ္ပါလာပူလီႏိုကနာပိုလီအသင္းသာခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္မည္ဆိုပါက အဝတ္မဲ့ျဖင့္ အမိုးဖြင့္ဘတ္စ္ကားစီးကာၿမိဳ႕ကိုလွည့္ပတ္သြားမယ္လို႔ကတိျပဳလာတာျဖစ္ပါတယ္။
နာပိုလီဟာ၂၀၂၂-၂၃ရာသီမွာႀကီးက်ယ္တဲ့ရာသီတစ္ခုပိုင္ဆိုင္ေနပါတယ္။၎တို႔ဟာစီးရီးေအအမွတ္ေပးဇယားကို၁၅မွတ္ျဖတ္ၿပီးဦးေဆာင္ေနသလို ခ်န္ပီယံလိဂ္တြင္လည္းကြာတားဖိုင္နယ္သို႔တက္ေရာက္ရန္အေျခအေနေကာင္းေနပါတယ္။
နာပိုလီအသင္းကိုငယ္စဥ္ကတည္းကအားေပးလာတဲ့အသက္၃၃ႏွစ္ရွိဆူလီႏိုက “Daily Starဖတ္သူေတြကိုေျပာျပႏိုင္တယ္။တကယ့္ကိုအမိုက္စားလုပ္ျပမယ္။အဝတ္မဲ့နဲ႔ အမိုးဖြင့္ဘတ္စ္ကားစီးၿပီးေနပယ္မွာေအာင္ပြဲခံသြားမယ္။ဒါကကြၽန္မလုပ္လာမဲ့အရာပါ။ကြၽန္မလုပ္ႏိုင္တာလည္းျဖစ္တယ္။အ႐ိုးသားဆုံးေျပာရရင္ဘတ္စ္ကားငွားရတာေဈးႀကီးတယ္လို႔မထင္ပါဘူး။အမ်ားဆုံးယူ႐ို၃၀၀၀ေပါ့။ကြၽန္မတတ္ႏိုင္တယ္။ဘတ္စ္ကားငွားမဲ့သူေတြ၊ဝန္ေဆာင္မဲ့ေပးမဲ့သူေတြကြၽန္မကိုဆက္သြယ္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
အုပ္စုပြဲတုန္းကလီဗာပူးကို၄-၁ဂိုးျဖင့္အႏိုင္ယူခဲ့တဲ့နာပိုလီဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့တြင္ဖရန႔္ဖတ္ကို၂-၀ဂိုးျဖင့္ဂ်ာမနီေျမမွာအႏိုင္ယူခဲ့ပါတယ္။
ဒါ့အျပင္ဆူလီႏိုကနာပိုလီမွာခ်န္ပီယံလိဂ္ခ်န္ပီယံႏိုင္တဲ့အေျခအေနမ်ိဳးတြင္ရွိေနေၾကာင္းေျပာၾကားသြားတဲ့အျပင္အဂၤလန္အသင္းပရိသတ္မ်ားကိုလည္းထိုးႏွက္သြားပါေသးတယ္။
သူမက “ဘယ္အဂၤလိပ္အသင္းကိုမွမေၾကာက္ဘူး။အဂၤလိပ္ပရိသတ္ေတြကသူတို႔အဂၤလိပ္အသင္းေတြကိုပဲကမာၻ႔အေကာင္းဆုံးအသင္းလို႔ထင္ၾကတာ။ေနာက္ေတာ့လီဗာပူးကိုကြၽန္မတို႔တီးျပခဲ့တယ္။အ႐ိုးသားဆုံးေျပာရရင္စီးတီး(မန္စီးတီး)ကိုပဲနည္းနည္းေၾကာက္မိတယ္။ဒါေပမဲ့ကြၽန္မတို႔ကစီးရီးေအမွာလည္းတကယ့္ကိုအႀကီးအက်ယ္လုပ္ျပထားႏိုင္တယ္။ပရီးမီးယားလိဂ္မွာလိုအာဆင္နယ္နဲ႔စီးတီးတို႔အၿပိဳင္ျဖစ္ေနတာမဟုတ္ဘူး။နာပိုလီကၿပိဳင္ဘက္ကင္းပါ”လို႔ေျပာၾကားသြားပါတယ္။
နာပိုလီအသင္း ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္လာႏိုင္သလားဆိုတာကေတာ့ အခ်ိန္ကအေျဖေပးပါလိမ့္မယ္။