
ဒါနီအဲဗက်စ်ဟာနိုက်ကလပ်ဗလက္ကာယမှုကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက်ထောင်ဘောလုံးအသင်းအတွက်ပွဲတစ်ပွဲကစားခဲ့ကြောင်းသိရပါတယ်။
ဘရာဇီးလက်ရွေးစင်ကစားသမားဟာဒီဇင်ဘာလ၃၀ရက်နေ့တုန်းကဘာစီလိုနာရှိနာမည်ကျော်နိုက်ကလပ်တစ်ခုဖြစ်တဲ့ Sutton တွင်အမျိုးသမီးတစ်ဦးကိုလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
အသက်၂၃နှစ်ရှိအမည်မဖော်လိုသူအမျိုးသမီးဟာယင်းအမှုကိုတိုင်ချက်ဖွင့်လှစ်ပြီးနောက် ဇန်နဝါရီလ၂၀ရက်နေ့တွင်စပိန်ရဲတပ်ဖွဲ့ဝင်များကအဲဗက်စ်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
သူဟာစပိန်နိုင်ငံ၊ကာတာလိုနီးယားရှိ Brains 2 အကျဉ်းထောင်တွင်ထိန်းသိမ်းခံထားရပါတယ်။
La Vanguardia ရဲ့ဖော်ပြချက်အရအကျဉ်းကျထောင်သားများဟာဒါနီအဲဗက်စ်နှင့် တွေ့ဆုံရမှုကြောင့်အလွန်ဝမ်းသာနေကြပြီးဘာစီလိုနာစတားဟောင်းကလည်းအမှတ်တရလက်မှတ်ရေးထိုးမှုများပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။
ဒါ့အပြင်ဒါနီအဲဗက်စ်ဟာထောင်အတွင်းတွင်ကောင်းမွန်စွာဆက်ဆံခြင်းခံရကာမုဒိန်းကောင်အဖြစ်ခေါ်ဝေါ်ခြင်းလည်းမခံရပါဘူး။
အဲဗက်စ်ဟာဒီဇင်ဘာလ၃၀ရက်နေ့တုန်းက Sutton ကလပ်ရဲ့VIP ဧရိယာတွင်းတွင်အမျိုးသမီးတစ်ဦးအားလိင်တန်ကိုနှစ်ကြိမ်တိုင်တိုင်ထိစေခဲ့ပြီးနောက်အိမ်သာခန်းသို့အတင်းလိုက်ပါစေခဲ့ပါတယ်။ယင်းနောက်အဲဗက်စ်ဟာအိမ်သာခန်းထဲတွင်သူမကိုလဲကျအောင်ပြုလုပ်ပြီးငြင်းဆန်ချိန်တွင်ရိုက်နှက်ခဲ့တဲ့ပြီးနောက်အတင်းပြုကျင့်ခဲ့တာဖြစ်ပါတယ်။
အဲဗက်စ်ထောင်ကျနေစဉ်အတွင်းတွင်ဘရာဇီးကစားဖော်ကော်တင်ဟိုနှင့် ရော်နယ်ဒင်ဟိုရဲ့သက်တော်စောင့်ဟောင်းတို့ ထောင်ဝင်စာလာတွေ့ခဲ့ကြောင်းလည်းတွေ့ရပါတယ်။
ZawGyi
ႏိုက္ကလပ္တြင္ ဗလကၠာယမႈေၾကာင့္ အဖမ္းခံရၿပီးေနာက္ ေထာင္တြင္း ေဘာလုံးပြဲပါဝင္ကစားခဲ့တဲ့ ဒါနီအဲဗက္စ္
ဒါနီအဲဗက္စ္ဟာႏိုက္ကလပ္ဗလကၠာယမႈေၾကာင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံရၿပီးေနာက္ေထာင္ေဘာလုံးအသင္းအတြက္ပြဲတစ္ပြဲကစားခဲ့ေၾကာင္းသိရပါတယ္။
ဘရာဇီးလက္ေ႐ြးစင္ကစားသမားဟာဒီဇင္ဘာလ၃၀ရက္ေန႔တုန္းကဘာစီလိုနာရွိနာမည္ေက်ာ္ႏိုက္ကလပ္တစ္ခုျဖစ္တဲ့ Sutton တြင္အမ်ိဳးသမီးတစ္ဦးကိုလိင္ပိုင္းဆိုင္ရာအႏိုင္က်င့္မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။
အသက္၂၃ႏွစ္ရွိအမည္မေဖာ္လိုသူအမ်ိဳးသမီးဟာယင္းအမႈကိုတိုင္ခ်က္ဖြင့္လွစ္ၿပီးေနာက္ ဇန္နဝါရီလ၂၀ရက္ေန႔တြင္စပိန္ရဲတပ္ဖြဲ႕ဝင္မ်ားကအဲဗက္စ္ကိုဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။
သူဟာစပိန္ႏိုင္ငံ၊ကာတာလိုနီးယားရွိ Brains 2 အက်ဥ္းေထာင္တြင္ထိန္းသိမ္းခံထားရပါတယ္။
La Vanguardia ရဲ႕ေဖာ္ျပခ်က္အရအက်ဥ္းက်ေထာင္သားမ်ားဟာဒါနီအဲဗက္စ္ႏွင့္ ေတြ႕ဆုံရမႈေၾကာင့္အလြန္ဝမ္းသာေနၾကၿပီးဘာစီလိုနာစတားေဟာင္းကလည္းအမွတ္တရလက္မွတ္ေရးထိုးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္းသိရပါတယ္။
ဒါ့အျပင္ဒါနီအဲဗက္စ္ဟာေထာင္အတြင္းတြင္ေကာင္းမြန္စြာဆက္ဆံျခင္းခံရကာမုဒိန္းေကာင္အျဖစ္ေခၚေဝၚျခင္းလည္းမခံရပါဘူး။
အဲဗက္စ္ဟာဒီဇင္ဘာလ၃၀ရက္ေန႔တုန္းက Sutton ကလပ္ရဲ႕VIP ဧရိယာတြင္းတြင္အမ်ိဳးသမီးတစ္ဦးအားလိင္တန္ကိုႏွစ္ႀကိမ္တိုင္တိုင္ထိေစခဲ့ၿပီးေနာက္အိမ္သာခန္းသို႔အတင္းလိုက္ပါေစခဲ့ပါတယ္။ယင္းေနာက္အဲဗက္စ္ဟာအိမ္သာခန္းထဲတြင္သူမကိုလဲက်ေအာင္ျပဳလုပ္ၿပီးျငင္းဆန္ခ်ိန္တြင္႐ိုက္ႏွက္ခဲ့တဲ့ၿပီးေနာက္အတင္းျပဳက်င့္ခဲ့တာျဖစ္ပါတယ္။
အဲဗက္စ္ေထာင္က်ေနစဥ္အတြင္းတြင္ဘရာဇီးကစားေဖာ္ေကာ္တင္ဟိုႏွင့္ ေရာ္နယ္ဒင္ဟိုရဲ႕သက္ေတာ္ေစာင့္ေဟာင္းတို႔ ေထာင္ဝင္စာလာေတြ႕ခဲ့ေၾကာင္းလည္းေတြ႕ရပါတယ္။