နိုက်ကလပ်တွင် လက်သရမ်းမှုရဲ့အဓိကလက်သည် ဖြစ်နေတဲ့ ဒါနီအဲဗက်စ်

နိုက်ကလပ်တွင်အနှိက်ခံရတဲ့အမျိုးသမီးတစ်ဦးကသူမကိုလက်သရမ်းခဲ့သူမှာဒါနီအဲဗက်စ်ဖြစ်ကြောင်းပြောကြားကာရဲစခန်းတွင်အမှုဖွင့်လှစ်လာခဲ့ပြီဖြစ်ပါတယ်။

ယခုအပတ်အပတ်အစောပိုင်းတုန်းကအမျိုးသမီးတစ်ဦးဟာဘာစီလိုနာရှိ နာမည်ကျော်များ၊သူကြွယ်များလာရောက်လေ့ရှိတဲ့ Sutton ကလပ်တွင်အတွင်းဘောင်းဘီထဲအနှိက်ခံခဲ့ရပြီးရဲတပ်ဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်။

စပိန်သတင်းစာ ABC ကအမည်ဖော်ပြခြင်းမရှိတဲ့အမျိုးသမီးတစ်ဦးကနိုက်ကလပ်တွင်အနှိက်ခံရပြီးနောက်ဘရာဇီးလက်ရွေးစင်အဲဗက်စ်ကိုလက်သည်တရားခံအဖြစ်စွပ်စွဲခဲ့ပါတယ်။

ဘာစီလိုနာအခြေစိုက် သတင်းဝက်ဘ်ဆိုက် El Taquigrafo ကအဲဗက်စ်ဟာဒီဇင်ဘာလ၃၀ရက်နေ့အစောပိုင်းတုန်းကကလပ်သို့တစ်ဦးတည်းရောက်လာပြီးသန့်စင်ခန်းသို့ဝင်ရောက်ခဲ့ကာ၄၇စက္ကန့်အကြာတွင်ပြန်ထွက်သွားကြောင်း စီစီတီဗွီမှတ်တမ်းများအရသိရှိရကြောင်းဖော်ပြသွားပါတယ်။

စီစီတီဗွီမှတ်တမ်းအရအမျိုးသမီးတစ်ဦးဟာငိုယိုနေတာတွေ့ရပြီးအဲဗက်စ်ဟာ၁၀မိနစ်အကြာတွင်အမျိုးသားသူငယ်ချင်းတစ်ဦးနှင့်ထွက်ခွာသွားကြောင်းသိရပါတယ်။

ယင်းနောက်ယင်းအမျိုးသမီးရဲ့မိန်းကလေးသူငယ်ချင်းနှစ်ဦးတို့ဟာအဖြစ်အပျက်ကိုလုံခြုံရေးထံအကြောင်းကြားမှုပြုလုပ်ခဲ့ပါတယ်။

အဲဗက်စ်ဟာအထက်ပါအဖြစ်အပျက်နဲ့ပတ်သက်ပြီးလူသိရှင်ကြားပြောကြားတာမရှိပေမဲ့လည်း သူ့ကိုယ်စားလှယ်များကတော့ ဘရာဇီးစတားမှာယင်းနိုက်ကလပ်သို့ခေတ္တခဏသာရောက်လာတာဖြစ်ပြီးမည်သည့်အရာမျှမဖြစ်ခဲ့ကြောင်းငြင်းဆိုသွားခဲ့ပါတယ်။

ယခုအခါမှာတော့ယင်းအမျိုးသမီးဟာအဲဗက်စ်ကိုရဲစခန်းမှာအမှုဖွင့်လှစ်လာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်လည်းအဲဗက်စ်ဟာယင်းအမှုကိုတရားရုံးသို့တက်ကာဖြေရှင်းရတော့မှာလည်းဖြစ်ပါတယ်။

ယင်းအမျိုးသမီးကနိုက်ကလပ်အတွင်းတွင်သူမအတွင်းခံဘောင်းဘီထံသို့ အဲဗက်စ်လက်နှိက်ခဲ့ကြောင်းစွပ်စွဲထားတာဖြစ်ပါတယ်။

အဲဗက်စ်ဟာအထက်ပါအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်ချက်ချင်းပင် သူကစားနေတဲ့ မက္ကဆီကိုကလပ်UNAM Pumas သို့ပူးပေါင်းရန်ထွက်ခွာသွားခဲ့ပါတယ်။

သူဟာတီနီရိုက်ဖ်ဖွားမော်ဒယ်ဂျိုအာနာဆန့်ဇ်နှင့်လက်ထပ်ထားသူဖြစ်ပါတယ်။

သူဟာတရားရုံးကဆင့်ခေါ်လာပါက ဘာစီလိုနာသို့ပြန်ပြီးအမှုကိုဖြေရှင်းရပါမယ်။

ZawGyi

ႏိုက္ကလပ္တြင္ လက္သရမ္းမႈရဲ႕အဓိကလက္သည္ ျဖစ္ေနတဲ့ ဒါနီအဲဗက္စ္

ႏိုက္ကလပ္တြင္အႏွိက္ခံရတဲ့အမ်ိဳးသမီးတစ္ဦးကသူမကိုလက္သရမ္းခဲ့သူမွာဒါနီအဲဗက္စ္ျဖစ္ေၾကာင္းေျပာၾကားကာရဲစခန္းတြင္အမႈဖြင့္လွစ္လာခဲ့ၿပီျဖစ္ပါတယ္။

ယခုအပတ္အပတ္အေစာပိုင္းတုန္းကအမ်ိဳးသမီးတစ္ဦးဟာဘာစီလိုနာရွိ နာမည္ေက်ာ္မ်ား၊သူႂကြယ္မ်ားလာေရာက္ေလ့ရွိတဲ့ Sutton ကလပ္တြင္အတြင္းေဘာင္းဘီထဲအႏွိက္ခံခဲ့ရၿပီးရဲတပ္ဖြဲ႕ဝင္မ်ားကစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနပါတယ္။

စပိန္သတင္းစာ ABC ကအမည္ေဖာ္ျပျခင္းမရွိတဲ့အမ်ိဳးသမီးတစ္ဦးကႏိုက္ကလပ္တြင္အႏွိက္ခံရၿပီးေနာက္ဘရာဇီးလက္ေ႐ြးစင္အဲဗက္စ္ကိုလက္သည္တရားခံအျဖစ္စြပ္စြဲခဲ့ပါတယ္။

ဘာစီလိုနာအေျခစိုက္ သတင္းဝက္ဘ္ဆိုက္ El Taquigrafo ကအဲဗက္စ္ဟာဒီဇင္ဘာလ၃၀ရက္ေန႔အေစာပိုင္းတုန္းကကလပ္သို႔တစ္ဦးတည္းေရာက္လာၿပီးသန႔္စင္ခန္းသို႔ဝင္ေရာက္ခဲ့ကာ၄၇စကၠန႔္အၾကာတြင္ျပန္ထြက္သြားေၾကာင္း စီစီတီဗြီမွတ္တမ္းမ်ားအရသိရွိရေၾကာင္းေဖာ္ျပသြားပါတယ္။

စီစီတီဗြီမွတ္တမ္းအရအမ်ိဳးသမီးတစ္ဦးဟာငိုယိုေနတာေတြ႕ရၿပီးအဲဗက္စ္ဟာ၁၀မိနစ္အၾကာတြင္အမ်ိဳးသားသူငယ္ခ်င္းတစ္ဦးႏွင့္ထြက္ခြာသြားေၾကာင္းသိရပါတယ္။

ယင္းေနာက္ယင္းအမ်ိဳးသမီးရဲ႕မိန္းကေလးသူငယ္ခ်င္းႏွစ္ဦးတို႔ဟာအျဖစ္အပ်က္ကိုလုံၿခဳံေရးထံအေၾကာင္းၾကားမႈျပဳလုပ္ခဲ့ပါတယ္။

အဲဗက္စ္ဟာအထက္ပါအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီးလူသိရွင္ၾကားေျပာၾကားတာမရွိေပမဲ့လည္း သူ႔ကိုယ္စားလွယ္မ်ားကေတာ့ ဘရာဇီးစတားမွာယင္းႏိုက္ကလပ္သို႔ေခတၱခဏသာေရာက္လာတာျဖစ္ၿပီးမည္သည့္အရာမွ်မျဖစ္ခဲ့ေၾကာင္းျငင္းဆိုသြားခဲ့ပါတယ္။

ယခုအခါမွာေတာ့ယင္းအမ်ိဳးသမီးဟာအဲဗက္စ္ကိုရဲစခန္းမွာအမႈဖြင့္လွစ္လာခဲ့ၿပီျဖစ္ပါတယ္။ဒါေၾကာင့္လည္းအဲဗက္စ္ဟာယင္းအမႈကိုတရား႐ုံးသို႔တက္ကာေျဖရွင္းရေတာ့မွာလည္းျဖစ္ပါတယ္။

ယင္းအမ်ိဳးသမီးကႏိုက္ကလပ္အတြင္းတြင္သူမအတြင္းခံေဘာင္းဘီထံသို႔ အဲဗက္စ္လက္ႏွိက္ခဲ့ေၾကာင္းစြပ္စြဲထားတာျဖစ္ပါတယ္။

အဲဗက္စ္ဟာအထက္ပါအျဖစ္အပ်က္ျဖစ္ပ်က္ၿပီးေနာက္ခ်က္ခ်င္းပင္ သူကစားေနတဲ့ မကၠဆီကိုကလပ္UNAM Pumas သို႔ပူးေပါင္းရန္ထြက္ခြာသြားခဲ့ပါတယ္။

သူဟာတီနီ႐ိုက္ဖ္ဖြားေမာ္ဒယ္ဂ်ိဳအာနာဆန႔္ဇ္ႏွင့္လက္ထပ္ထားသူျဖစ္ပါတယ္။

သူဟာတရား႐ုံးကဆင့္ေခၚလာပါက ဘာစီလိုနာသို႔ျပန္ၿပီးအမႈကိုေျဖရွင္းရပါမယ္။