နိုက်ကလပ်တွင် လက်သရမ်းမှုအတွက် စပိန်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုခံလိုက်ရတဲ့ အဲဗက်စ်

ဘရာဇီးစတားဒါနီအဲဗက်စ်ဟာဘာစီလိုနာရှိနိုက်ကလပ်တစ်ခုတွင်အမျိုးသမီးတစ်ဦးကိုလက်သရမ်းမှုအတွက်ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီဖြစ်ပါတယ်။

စပိန်ရဲတပ်ဖွဲ့ဝင်များဟာဘာစီလိုနာရှိနာမည်ကျော်Sutton Clubတွင်အနှိုက်ခံရကြောင်းအမျိုးသမီးတစ်ဦးရဲ့တိုင်ကြားမှုရရှိပြီးနောက် ဘာစီလိုနာစတားဟောင်းကိုဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။

မက္ကဆီကိုကလပ် UNAM Pumas တွင်ကစားနေတဲ့အဲဗက်စ်ဟာဒီဇင်ဘာလ၃၀ရက်နေ့တုန်းကဘာစီလိုနာရှိနာမည်ကျော်နိုက်ကလပ်တွင်အမျိုးသမီးတစ်ဦးကိုလက်သရမ်းခဲ့တာလည်းဖြစ်ပါတယ်။

အဲဗက်စ်ဟာဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက်တရားရုံးသို့ဆွဲခေါ်ခြင်းခံခဲ့ရပြီးသူ့အပေါ်စွပ်စွဲမှုများကိုငြင်းဆိုထားပါတယ်။

လက်ရှိအချိန်တွင်အဲဗက်စ်ကတော့ “ဒီအမျိုးသမီးကဘယ်သူလဲကျွန်တော်မသိပါဘူး။သူ့အမည်ကိုလည်းမသိပါဘူး။သူမကိုလည်းမသိပါဘူး။ဘဝမှာတစ်ခါမှလည်းမမြင်ဖူးပါဘူး”လို့ဆိုထားပါတယ်။

အဲဗက်စ်ကိုစွပ်စွဲထားသူအမျိုးသမီးကတော့ဒီဇင်ဘာလ၃၀ရက်နေ့တုန်းက သူမရဲ့အတွင်းခံဘောင်းဘီထဲသို့အဲဗက်စ်နှိုက်သွားကြောင်းစွပ်စွဲထားပါတယ်။ဒါ့အပြင်ရဲတပ်ဖွဲ့ဝင်များကလည်းအမျိုးသမီးသုံးရေအိမ်သာထဲသို့အဲဗက်စ်ဝင်သွားကြောင်းစစ်ဆေးတွေ့ရှိထားပါတယ်။

ယင်းအမျိုးသမီးဟာယင်းနိုက်ကလပ်ရဲ့ VIP ဧရိယာတွင်သူငယ်ချင်းများနှင့်ရှိနေပြီးနောက် အိမ်သာသို့သွားစဉ်အဲဗက်စ်ရဲ့စိတ်ပျက်စရာလုပ်ရပ်နှင့်ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

သူမဟာယင်းအဖြစ်အပျက်ကိုသူငယ်ချင်းနှင့်လုံခြုံရေးကိုပြောကြားလိုက်ချိန်တွင်အဲဗက်စ်ဟာသူငယ်ချင်းတစ်ဦးနှင့်အတူ နိုက်ကလပ်မှထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။

ZawGyi

ႏိုက္ကလပ္တြင္ လက္သရမ္းမႈအတြက္ စပိန္ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးမႈခံလိုက္ရတဲ့ အဲဗက္စ္

ဘရာဇီးစတားဒါနီအဲဗက္စ္ဟာဘာစီလိုနာရွိႏိုက္ကလပ္တစ္ခုတြင္အမ်ိဳးသမီးတစ္ဦးကိုလက္သရမ္းမႈအတြက္ဖမ္းဆီးထိန္းသိမ္းျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။

စပိန္ရဲတပ္ဖြဲ႕ဝင္မ်ားဟာဘာစီလိုနာရွိနာမည္ေက်ာ္Sutton Clubတြင္အႏႈိက္ခံရေၾကာင္းအမ်ိဳးသမီးတစ္ဦးရဲ႕တိုင္ၾကားမႈရရွိၿပီးေနာက္ ဘာစီလိုနာစတားေဟာင္းကိုဖမ္းဆီးလိုက္တာလည္းျဖစ္ပါတယ္။

မကၠဆီကိုကလပ္ UNAM Pumas တြင္ကစားေနတဲ့အဲဗက္စ္ဟာဒီဇင္ဘာလ၃၀ရက္ေန႔တုန္းကဘာစီလိုနာရွိနာမည္ေက်ာ္ႏိုက္ကလပ္တြင္အမ်ိဳးသမီးတစ္ဦးကိုလက္သရမ္းခဲ့တာလည္းျဖစ္ပါတယ္။

အဲဗက္စ္ဟာဖမ္းဆီးထိန္းသိမ္းျခင္းခံရၿပီးေနာက္တရား႐ုံးသို႔ဆြဲေခၚျခင္းခံခဲ့ရၿပီးသူ႔အေပၚစြပ္စြဲမႈမ်ားကိုျငင္းဆိုထားပါတယ္။

လက္ရွိအခ်ိန္တြင္အဲဗက္စ္ကေတာ့ “ဒီအမ်ိဳးသမီးကဘယ္သူလဲကြၽန္ေတာ္မသိပါဘူး။သူ႔အမည္ကိုလည္းမသိပါဘူး။သူမကိုလည္းမသိပါဘူး။ဘဝမွာတစ္ခါမွလည္းမျမင္ဖူးပါဘူး”လို႔ဆိုထားပါတယ္။

အဲဗက္စ္ကိုစြပ္စြဲထားသူအမ်ိဳးသမီးကေတာ့ဒီဇင္ဘာလ၃၀ရက္ေန႔တုန္းက သူမရဲ႕အတြင္းခံေဘာင္းဘီထဲသို႔အဲဗက္စ္ႏႈိက္သြားေၾကာင္းစြပ္စြဲထားပါတယ္။ဒါ့အျပင္ရဲတပ္ဖြဲ႕ဝင္မ်ားကလည္းအမ်ိဳးသမီးသုံးေရအိမ္သာထဲသို႔အဲဗက္စ္ဝင္သြားေၾကာင္းစစ္ေဆးေတြ႕ရွိထားပါတယ္။

ယင္းအမ်ိဳးသမီးဟာယင္းႏိုက္ကလပ္ရဲ႕ VIP ဧရိယာတြင္သူငယ္ခ်င္းမ်ားႏွင့္ရွိေနၿပီးေနာက္ အိမ္သာသို႔သြားစဥ္အဲဗက္စ္ရဲ႕စိတ္ပ်က္စရာလုပ္ရပ္ႏွင့္ရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။

သူမဟာယင္းအျဖစ္အပ်က္ကိုသူငယ္ခ်င္းႏွင့္လုံၿခဳံေရးကိုေျပာၾကားလိုက္ခ်ိန္တြင္အဲဗက္စ္ဟာသူငယ္ခ်င္းတစ္ဦးႏွင့္အတူ ႏိုက္ကလပ္မွထြက္ခြာသြားခဲ့ေၾကာင္းသိရပါတယ္။