
ဒါနီအဲဗက်စ်ရဲ့ဇနီးသည်ဟာခင်ပွန်းသည်မှာနိုက်ကလပ်ဗက္ကာယမှုကြောင့်အဖမ်းခံရပြီးနောက်ကွာရှင်းခွင့်တောင်းလာကြောင်းသိရပါတယ်။
အသက်၂၉နှစ်ရှိဂျိုအာနာဆန့်ဇ်ဟာခင်ပွန်းဖြစ်သူမှာနိုက်ကလပ်တွင်အမျိုးသမီးတစ်ဦးကိုဗလက္ကာယပြုကျင်မှုကြောင့်အဖမ်းခံရပြီးနောက်သူမရဲ့အင်စတာဂရမ်မှခင်ပွန်းသည်ရဲ့ဓာတ်ပုံများကိုဖယ်ရှားခဲ့ပါတယ်။
သူမဟာမိခင်ဖြစ်သူသေဆုံးပြီးနောက်ရက်အနည်းငယ်အကာတွင် ခင်ပွန်းဖြစ်သူအသက်၃၉နှစ်ရှိအဲဗက်စ်လည်းအဖမ်းခံရမှုကြောင့်အကြီးအကျယ် စိတ်ဒုက္ခရောက်နေရသူလည်းဖြစ်ပါတယ်။
ယခုအခါမှာတော့ဂျိုအန်နာဟာခင်ပွန်းသည်ကထောင်ဝင်စာတွေ့ရန်ငြင်းပယ်ခံရပြီးနောက်ရှေ့နေများမှတဆင့်ကွာရှင်းခွင့်တောင်းဆိုလာပြီဖြစ်ပါတယ်။
တီနီရိုက်ဖ်ဖွားမော်ဒယ်ဟာ၂၀၁၇ခုနှစ်တုန်းကဒါနီအဲဗက်စ်နှင့်လက်ထပ်ခဲ့သူဖြစ်ပါတယ်။
အဲဗက်စ်ဟာဒီဇင်ဘာလ၃၀ရက်နေ့တုန်းကဘာစီလိုနာရှိနိုက်ကလပ်တစ်ခုတွင်အမျိုးသမီးတစ်ဦးအား VIP ဧရိယာတွင်သူ့ရဲ့လိင်တန်ကိုအတင်းကိုင်စေခဲ့ပြီးနောက်အိမ်သာခန်းသို့အတင်းခေါ်ဆောင်ပြီးကြမ်းပြင်တွင်အတင်းကာမရယူပြီးမြောက်ခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
နိုက်ကလပ်ဗလက္ကာယမှုကြောင့် အဲဗက်စ် အဖမ်းခံရပြီးနောက် ဇနီးသည် ကွာရှင်းခွင့်တောင်းလာ