
ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်လ်ခီလိုင်ဖီကမော်ရီစီယိုပိုချက်တီနိုကိုထုတ်ပယ်လိုက်ပြီဖြစ်ပြီးနိုက်စ်နည်းပြခရစ္စတိုဖီဂယ်တီယာကိုခန့်အပ်နိုင်ရေးဆွေးနွေးနေကြောင်းအတည်ပြုလာပါတယ်။
ပီအက်စ်ဂျီဟာယခုလအစောပိုင်းကတည်းကအာဂျင်တီးနားလူမျိုးနည်းပြပိုချက်တီနိုကိုထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာအားကစားဒါရိုက်တာလီယိုနာဒိုကိုလည်းထုတ်ပယ်ကာလူးဝစ်ကမ်ပို့စ်ကိုဘောလုံးအကြံပေးအဖြစ်ခန့်အပ်ထားပါတယ်။
လူးဝစ်ကမ်ပို့စ်ဟာလိုင်လီတွင်လည်းအားကစားဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဂယ်တီယာကို လီဂူး၁ဖလားရရှိအောင်နောက်ကွယ်မှပံ့ပေးပို့ခဲ့သူဖြစ်ပါတယ်။
လူးဝစ်ကမ်ပို့စ်ဟာပီအက်စ်ဂျီသို့ရောက်လာချိန်တွင်လိုင်လီတွင်လက်တွဲခဲ့ဖူးတဲ့ဂယ်တီယာကိုလည်းခေါ်ဆောင်ရန်ကြိုးပမ်းလာတာဖြစ်ပါတယ်။
ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်လ်ခီလိုင်လီက “လျာထားနည်းပြစာရင်းလုပ်ထားပြီးသားပါ။နိုက်စ်နဲ့ဆွေးနွေးနေပါတယ်။ဒါကလျို့ဝှက်ထားစရာမရှိပါဘူး”လို့ပြောကြားသွားပါတယ်။
ပီအက်စ်ဂျီဟာဂယ်တီယာကိုခန့်အပ်နိုင်ရေးအတွက်နိုက်စ်နှင့်ဆွေးနွေးလာခဲ့တာရက်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်ပြီးလာမယ့်ရက်ပိုင်းအတွင်းတွင်အပြီးသတ်လာဖို့ရှိပါတယ်။
ဒါပေမဲ့နိုက်စ်ဘက်ကဂယ်တီယာရဲ့စာချုပ်ကိုဖျက်သိမ်းကြေးအဖြစ်ပေါင်၈.၅သန်းအထိအလိုရှိနေမှုနဲ့အတူ ဆွေးနွေးမှုမှာထင်မှတ်ထားသည်ထက်ကြာမြင့်သွားနိုင်တဲ့အနေအထားမှာလည်းရှိနေပါတယ်။
ပီအက်စ်ဂျီဟာစာချပ်ဖျက်သိမ်းထားတဲ့ပိုချက်တီနိုကိုလည်းနစ်နာကြေးပေါင်၁၇သန်းအထိပေးရမယ့်အခြေအနေမှာရှိနေပါတယ်။
ZawGyi
နိုက်စ်နည်းပြခရစ္စတိုဖီဂယ်တီယာကို ခန့်အပ်ရန် ဆွေးနွေးနေကြောင်း ပီအက်စ်ဂျီဥက္ကဌအတည်ပြု