နိုက်စ်ပရိသတ်များ ကွင်းအတွင်းဝင်ရောက်ကာ မာဆေးလ်ကစားသမားများကို တိုက်ခိုက်

မနေ့ညတုန်းကနိုက်စ်နှင့်မာဆေးလ်တို့ကစားတဲ့လီဂူး၁ပွဲစဉ်မှာရုပ်ဆိုးအကျည်းတန်စွာဖြင့်ပွဲကိုရပ်ဆိုင်းလိုက်ခဲ့ရပါတယ်။

အိမ်ရှင်နိုက်စ်အသင်းဟာဒုတိယပိုင်းအစမှာကက်စ်ပါဒိုလ်ဘတ်သွင်းယူတဲ့ဂိုးဖြင့်၁-၀ဂိုးဖြင့်ဦးဆောင်နေခဲ့ပါတယ်။ဒါပေမယ့်နောက်ပိုင်းတွင်ထောင့်ကန်ဘောကန်ရန်မာဆေးလ်ရဲ့ဒီမီထရီပါယက်ပြင်နေစဉ်ပုလင်းတစ်လုံးဖြင့်ပစ်ပေါက်ခံခဲ့ရပါတယ်။

ဝက်စ်ဟမ်းကစားသမားဟောင်းကလည်းယင်းပုလင်းကိုကောက်ယူကာနိုက်စ်ပရိသတ်များရှိရာပွဲကြည့်စင်သို့ပြန်လည်ပစ်ပေါက်ခဲ့ပါတယ်။ထိုအခါနိုက်စ်ပရိသတ်များဟာအကြီးအကျယ်ဒေါသထွက်ပြီးကွင်းအတွင်းသို့ဝင်ရောက်လာခဲ့ကြပါတော့တယ်။

လုံခြုံရေးများဟာကွင်းအတွင်းသို့ဝင်ရောက်လာတဲ့နိုက်စ်ပရိသတ်များကိုမထိန်းသိမ်းနိုင်တော့ပဲပွဲကို၇၅မိနစ်မှာရပ်ဆိုင်းခဲ့ရပါတယ်။

ကွင်းအတွင်းတွင်နိုက်စ်ပရိသတ်များဟာမာဆေးလ်အသင်းမှလူများကိုရိုက်ပြုရန်ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။

မာဆေးလ်နည်းပြအဖွဲ့ဝင်တစ်ဦးဟာနိုက်စ်ပရိသတ်တစ်ဦးကိုမြက်ခင်းတွင်တွန်းလှဲကာထိုးနေကြောင်းတွေ့ခဲ့ရသလိုပရိသတ်တစ်ဦးကလည်းဒီမီထရီပါယက်ကိုကန်ကျောက်ရန်ကြိုးပမ်းနေကြောင်းတွေ့ရပါတယ်။

မာဆေးလ်နည်းပြဂျော့ဆမ်ပါအိုလီမှာလည်းအကြီးအကျယ်ဒေါသထွက်ကာနိုက်စ်ပရိသတ်များကိုတိုက်ခိုက်လိုနေကြောင်းတွေ့ရပါတယ်။

မာဆေးလ်ကစားသမားများဟာပွဲကိုဆက်ကစားလိုနေခဲ့ပြီးမာဆေးလ်ဥက္ကဌဟာဥမင်လှိုဏ်ခေါင်းအတွင်းတွင်တာဝန်ရှိသူများနှင့်ဆွေးနွေးနေတာတွေ့ရပါတယ်။

နိုက်စ်အသင်းခေါင်းဆောင်ဒန်တီဟာပြိုင်ဘက်ကစားသမားများကိုပွဲဆက်ကစားရေးဖြောင်းဖျခဲ့ပေမယ့်လည်းတာဝန်ရှိသူများကပွဲကိုရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိအနေအထားအရမာဆေးလ်က၃-၀ဂိုးဖြင့်အနိုင်ပေးခံရဖို့ရှိနေပါတယ်။

ပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရနိုက််စ်ပရိသတ်တစ်ဦးမှာဆိုးဆိုးရွားရွားဒဏ်ရာရရှိကာထမ်းစင်ဖြင့်ထွက်ခွာခဲ့ရပြီးမာဆေးလ်ကစားသမားသုံးဦးလည်းဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

ZawGyi

ႏိုက္စ္ပရိသတ္မ်ား ကြင္းအတြင္းဝင္ေရာက္ကာ မာေဆးလ္ကစားသမားမ်ားကိုတိုက္ခိုက္

မေန႔ညတုန္းကႏိုက္စ္ႏွင့္မာေဆးလ္တို႔ကစားတဲ့လီဂူး၁ပြဲစဥ္မွာ႐ုပ္ဆိုးအက်ည္းတန္စြာျဖင့္ပြဲကိုရပ္ဆိုင္းလိုက္ခဲ့ရပါတယ္။

အိမ္ရွင္ႏိုက္စ္အသင္းဟာဒုတိယပိုင္းအစမွာကက္စ္ပါဒိုလ္ဘတ္သြင္းယူတဲ့ဂိုးျဖင့္၁-၀ဂိုးျဖင့္ဦးေဆာင္ေနခဲ့ပါတယ္။ဒါေပမယ့္ေနာက္ပိုင္းတြင္ေထာင့္ကန္ေဘာကန္ရန္မာေဆးလ္ရဲ႕ဒီမီထရီပါယက္ျပင္ေနစဥ္ပုလင္းတစ္လုံးျဖင့္ပစ္ေပါက္ခံခဲ့ရပါတယ္။

ဝက္စ္ဟမ္းကစားသမားေဟာင္းကလည္းယင္းပုလင္းကိုေကာက္ယူကာႏိုက္စ္ပရိသတ္မ်ားရွိရာပြဲၾကည့္စင္သို႔ျပန္လည္ပစ္ေပါက္ခဲ့ပါတယ္။ထိုအခါႏိုက္စ္ပရိသတ္မ်ားဟာအႀကီးအက်ယ္ေဒါသထြက္ၿပီးကြင္းအတြင္းသို႔ဝင္ေရာက္လာခဲ့ၾကပါေတာ့တယ္။

လုံၿခဳံေရးမ်ားဟာကြင္းအတြင္းသို႔ဝင္ေရာက္လာတဲ့ႏိုက္စ္ပရိသတ္မ်ားကိုမထိန္းသိမ္းႏိုင္ေတာ့ပဲပြဲကို၇၅မိနစ္မွာရပ္ဆိုင္းခဲ့ရပါတယ္။

ကြင္းအတြင္းတြင္ႏိုက္စ္ပရိသတ္မ်ားဟာမာေဆးလ္အသင္းမွလူမ်ားကို႐ိုက္ျပဳရန္ႀကိဳးပမ္းခဲ့တာေတြ႕ရပါတယ္။

မာေဆးလ္နည္းျပအဖြဲ႕ဝင္တစ္ဦးဟာႏိုက္စ္ပရိသတ္တစ္ဦးကိုျမက္ခင္းတြင္တြန္းလွဲကာထိုးေနေၾကာင္းေတြ႕ခဲ့ရသလိုပရိသတ္တစ္ဦးကလည္းဒီမီထရီပါယက္ကိုကန္ေက်ာက္ရန္ႀကိဳးပမ္းေနေၾကာင္းေတြ႕ရပါတယ္။

မာေဆးလ္နည္းျပေဂ်ာ့ဆမ္ပါအိုလီမွာလည္းအႀကီးအက်ယ္ေဒါသထြက္ကာႏိုက္စ္ပရိသတ္မ်ားကိုတိုက္ခိုက္လိုေနေၾကာင္းေတြ႕ရပါတယ္။

မာေဆးလ္ကစားသမားမ်ားဟာပြဲကိုဆက္ကစားလိုေနခဲ့ၿပီးမာေဆးလ္ဥကၠဌဟာဥမင္လႈိဏ္ေခါင္းအတြင္းတြင္တာဝန္ရွိသူမ်ားႏွင့္ေဆြးေႏြးေနတာေတြ႕ရပါတယ္။

ႏိုက္စ္အသင္းေခါင္းေဆာင္ဒန္တီဟာၿပိဳင္ဘက္ကစားသမားမ်ားကိုပြဲဆက္ကစားေရးေျဖာင္းဖ်ခဲ့ေပမယ့္လည္းတာဝန္ရွိသူမ်ားကပြဲကိုရပ္ဆိုင္းရန္ဆုံးျဖတ္ခဲ့ပါတယ္။

လက္ရွိအေနအထားအရမာေဆးလ္က၃-၀ဂိုးျဖင့္အႏိုင္ေပးခံရဖို႔ရွိေနပါတယ္။

ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရႏိုက္္စ္ပရိသတ္တစ္ဦးမွာဆိုးဆိုး႐ြား႐ြားဒဏ္ရာရရွိကာထမ္းစင္ျဖင့္ထြက္ခြာခဲ့ရၿပီးမာေဆးလ္ကစားသမားသုံးဦးလည္းဒဏ္ရာရရွိခဲ့ေၾကာင္းသိရပါတယ္။