နိုက်စ်ရှုံးပွဲတွင် Rainbow Flick ပဥ္စလက်ကွက်ပြသရန် ကြိုးပမ်းတဲ့ နိုက်စ်တိုက်စစ်မှူးကို ဒေါသတကြီး တွန်းခဲ့တဲ့ နေမာ

နေမာဟာစနေနေ့တုန်းကနိုက်စ်နှင့်ပွဲတွင် နိုက်စ်တိုက်စစ်မှူးအေမိန်းဂူရီက ဘရာဇီးစတားရဲ့အမှတ်အသားဘောလုံးလိမ်ခေါက်ကွက်တစ်ခုဖြစ်တဲ့ Rainbow Flick ကိုအသုံးပြုရန်ကြိုးပမ်းမှုအပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာစနေနေ့ညတုန်းကပွဲတွင်နိုက်စ်ကိုမထင်မှတ်ဘဲ၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကာ ယခုရာသီတတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။

နိုက်စ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုအင်ဒီဒီလော့ဒ်ကသွင်းယူခဲ့ပြီးယင်းနိုင်ပွဲကြောင့်နိုက်စ်ဟာအမှတ်ပေးဇယားအဆင့်၂နေရာသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာနေမာဟာပြဿနာရှာခဲ့ပါတယ်။

ဂူရီဟာဒိုင်လူကြီးကပွဲသိမ်းခရာမှုတ်ပြီးနောက် Rainbow Flick ပဥ္စလက်ကွက်သုံးရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမဲ့နေမာဟာသူ့အမှတ်အသားပဥ္စလက်ကွက်ကိုအသုံးပြုတဲ့နိုက်စ်တိုက်စစ်မှူးကိုတွန်းပြီးရန်ပွဲစတင်ခဲ့ပါတယ်။ဒါပေမဲ့ကွင်းလယ်ဒိုင်လူကြီးနှင့်စည်းကြပ်ဒိုင်တို့အချိန်မီရောက်လာကာလူခွဲမှုနဲ့အတူရန်ပွဲမဖြစ်ခဲ့ပါဘူး။

နေမာဟာပြိုင်ဘက်ကစားသမားများကိုပဥ္စလက်ကွက်အသုံးပြုပြီးအရှက်တကွဲဖြစ်အောင်လုပ်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

ZawGyi

ႏိုက္စ္ရႈံးပြဲတြင္ Rainbow Flick ပၪၥလက္ကြက္ျပသရန္ ႀကိဳးပမ္းတဲ့ ႏိုက္စ္တိုက္စစ္မႉးကို ေဒါသတႀကီး တြန္းခဲ့တဲ့ ေနမာ

ေနမာဟာစေနေန႔တုန္းကႏိုက္စ္ႏွင့္ပြဲတြင္ ႏိုက္စ္တိုက္စစ္မႉးေအမိန္းဂူရီက ဘရာဇီးစတားရဲ႕အမွတ္အသားေဘာလုံးလိမ္ေခါက္ကြက္တစ္ခုျဖစ္တဲ့ Rainbow Flick ကိုအသုံးျပဳရန္ႀကိဳးပမ္းမႈအေပၚ ေဒါသတႀကီးတုံ႔ျပန္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာစေနေန႔ညတုန္းကပြဲတြင္ႏိုက္စ္ကိုမထင္မွတ္ဘဲ၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ကာ ယခုရာသီတတိယေျမာက္ရႈံးပြဲႀကဳံေတြ႕ခဲ့ပါတယ္။

ႏိုက္စ္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုအင္ဒီဒီေလာ့ဒ္ကသြင္းယူခဲ့ၿပီးယင္းႏိုင္ပြဲေၾကာင့္ႏိုက္စ္ဟာအမွတ္ေပးဇယားအဆင့္၂ေနရာသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာေနမာဟာျပႆနာရွာခဲ့ပါတယ္။

ဂူရီဟာဒိုင္လူႀကီးကပြဲသိမ္းခရာမႈတ္ၿပီးေနာက္ Rainbow Flick ပၪၥလက္ကြက္သုံးရန္ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမဲ့ေနမာဟာသူ႔အမွတ္အသားပၪၥလက္ကြက္ကိုအသုံးျပဳတဲ့ႏိုက္စ္တိုက္စစ္မႉးကိုတြန္းၿပီးရန္ပြဲစတင္ခဲ့ပါတယ္။ဒါေပမဲ့ကြင္းလယ္ဒိုင္လူႀကီးႏွင့္စည္းၾကပ္ဒိုင္တို႔အခ်ိန္မီေရာက္လာကာလူခြဲမႈနဲ႔အတူရန္ပြဲမျဖစ္ခဲ့ပါဘူး။

ေနမာဟာၿပိဳင္ဘက္ကစားသမားမ်ားကိုပၪၥလက္ကြက္အသုံးျပဳၿပီးအရွက္တကြဲျဖစ္ေအာင္လုပ္ခဲ့ဖူးတဲ့သူျဖစ္ပါတယ္။