
နိုက်စ်ဂိုးသမားကက်စ်ပါရှမိုက်ကယ်ဟာတနင်္ဂနွေနေ့တုန်းကနန့်တက်စ်နှင့်ပွဲတွင်ကိုယ့်အသင်းပရိသတ်များရဲ့လှောင်ပြောင်မှုခံခဲ့ရပြီးနောက် လာမယ့်ဇန်နဝါရီတွင်ပင်ထွက်ခွာရန်စဉ်းစားနေပါတယ်။
အသက်၃၅နှစ်ရှိဒိန်းမတ်ဂိုးသမားဟာနွေရာသီတုန်းကလက်စတာတွင်ဆယ်စုနှစ်တစ်ခုကျော်ကြာကစားပြီးနောက် ပြင်သစ်လီဂူး၁ကလပ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့သူဟာလီဂူး၁တွင်ကစားတဲ့အစောပိုင်းလများတွင်အိပ်မက်ဆိုးမက်ခဲ့ရပါတယ်။သူဟာမနေ့ညတုန်းကနန့်တက်စ်နှင့်ပွဲမတိုင်မီအချိန်တွင်လည်း နိုက်စ်ပရိသတ်များရဲ့လှောင်ပြောင်မှုခံခဲ့ရပါတယ်။
နိုက်စ်ပရိသတ်များဟာယင်းပွဲမတိုင်မီလူစာရင်းကြေညာရာတွင်ရှမိုက်ကယ်အမည်ကိုကြေညာလာချိန်မှာလှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။၎င်းတို့ဟာအရန်ဂိုးသမားမာကန်ဘူလ်ကာအမည်ကိုကြေညာလာချိန်မှာတော့အော်ဟစ်အားပေးခဲ့ကြပါတယ်။
နိုက်စ်ဟာမနေ့ညတုန်းကနန့်တက်စ်နှင့်ပွဲတွင်နာကျင်အချိန်ပိုတွင်နီကိုလပ်စ်ပီပီသွင်းယူတဲ့ပင်နယ်တီဂိုးကြောင့်တစ်ဂိုးစီသရေကျခဲ့ပါတယ်။
ရှမိုက်ကယ်ဟာယခုရာသီတွင်နိုက်စ်ရဲ့လီဂူး၁ ၁၂ပွဲတွင်၁၀ပွဲကစားထားသူဖြစ်ပါတယ်။သူဟာနိုက်စ်တွင်မပျော်ရွှင်မှုနှင့်အတူအသင်းပြောင်းလိုနေပါတယ်။တဖက်တွင်နိုက်စ်ကလည်းရှမိုက်ကယ်ရဲ့ကစားဖော်များနှင့်ခင်မင်ရင်းနှီးစွာမနေထိုင်မှု၊ပရော်ဖက်ရှင်နယ်မဆန်မှုတို့အပေါ်စိတ်ပျက်နေကြောင်းသိရပါတယ်။
ZawGyi
နိုက်စ်သို့ ပြောင်းပြီး ၆ လကြာအမှာဘဲ ပရိသတ်လှောင်ပြောင်မှုကြောင့် ထွက်ခွာဖို့ စဉ်းစားနေတဲ့ ရှမိုက်ကယ်