
ရို့စ်ဘာကလေဟာတနင်္လာနေ့တုန်းကရန်းနက်စ်နှင့်ပွဲစဉ်တွင်နိုက်စ်အတွက် အမိုက်စားဂိုးတစ်ဂိုးသွင်းယူကာပြင်သစ်ဘောလုံးလောကတွင်ဂိုးသွင်းမှတ်တမ်းစတင်ဖွင့်လှစ်လာနိုင်ခဲ့ပါတယ်။
ရို့စ်ဘာကလေဟာနွေရာသီတုန်းကချဲလ်ဆီးမှထွက်ခွာပြီးနောက်ပြင်သစ်လီဂူး၁ကလပ်သို့တစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့သူလည်းဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိကွင်းလယ်ကစားသမားဟာလူစီယန်ဖာဗရီရဲ့ပွဲထွက်လူစာရင်းတွင် ပါဝင်လိုက်/မပါဝင်လိုက်ဖြင့်ကစားနေခဲ့ပြီးရန်းနက်စ်နှင့်ပွဲတွင်ပွဲထွက်ကစားခွင့်ရပြီးနောက်၂၅ကိုက်အကွာမှအမိုက်စားဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
နိုက်စ်ဟာမာတင်တာရီယာရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားနေခဲ့ရပါတယ်။ဒါပေမဲ့ပွဲချိန်၂၁မိနစ်မှာဘာကလေကအမိုက်စားဂိုးဖြင့်နိုက်စ်အတွက်ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
သူဟာ၂၅ကိုက်အကွာတွင်ဂျော်ဒမ်လိုတွမ်ဘာထံမှဘောလုံးရရှိပြီးနောက်ညာခြေဖြင့်အမြန်ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။သူ့ကန်ချက်ကတိကျမှန်ကန်မှုနဲ့အတူပြင်သစ်လက်ရွေးစင်ဂိုးသမားစတိဗ်မန်ဒန်ဒါဟာငေးကြည့်ရုံသာတတ်နိုင်ခဲ့ပါတယ်။
ဘာကလေဟာဂိုးသွင်းယူပြီးနောက်အာဆင်နယ်မှအငှားဖြင့်လာကစားနေတဲ့ပီပီအပါအဝင်ကစားဖော်များနှင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
သူဟာပွဲချိန်၆၇မိနစ်မှာဆိုဖီယာနီဒီယော့ပ်နဲ့လူစားလဲခြင်းခံခဲ့ရပါတယ်။သူလူစားလဲခြင်းခံခဲ့ရပြီးနောက်၈၉မိနစ်မှာဘာဂျာမင်ဘူရီဂတ်ကရန်းနက်စ်အတွက်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။
ယင်းရှုံးပွဲကြောင့်နိုက်စ်ဟာလီဂူး၁အမှတ်ပေးဇယားအဆင့်၁၁နေရာမှာစိတ်ပျက်ဖွယ်ရာရပ်တည်နေရပါတယ်။
zawgyi
ႏိုက္စ္အတြက္ ၂၅ ကိုက္အကြာမွ အမိုက္စားဂိုးသြင္းယူခဲ့တဲ့ ခ်ဲလ္ဆီးစတားေဟာင္းဘာကေလ
႐ို႕စ္ဘာကေလဟာတနလၤာေန႔တုန္းကရန္းနက္စ္ႏွင့္ပြဲစဥ္တြင္ႏိုက္စ္အတြက္ အမိုက္စားဂိုးတစ္ဂိုးသြင္းယူကာျပင္သစ္ေဘာလုံးေလာကတြင္ဂိုးသြင္းမွတ္တမ္းစတင္ဖြင့္လွစ္လာႏိုင္ခဲ့ပါတယ္။
႐ို႕စ္ဘာကေလဟာေႏြရာသီတုန္းကခ်ဲလ္ဆီးမွထြက္ခြာၿပီးေနာက္ျပင္သစ္လီဂူး၁ကလပ္သို႔တစ္ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူလည္းျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ရွိကြင္းလယ္ကစားသမားဟာလူစီယန္ဖာဗရီရဲ႕ပြဲထြက္လူစာရင္းတြင္ ပါဝင္လိုက္/မပါဝင္လိုက္ျဖင့္ကစားေနခဲ့ၿပီးရန္းနက္စ္ႏွင့္ပြဲတြင္ပြဲထြက္ကစားခြင့္ရၿပီးေနာက္၂၅ကိုက္အကြာမွအမိုက္စားဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။
ႏိုက္စ္ဟာမာတင္တာရီယာရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားေနခဲ့ရပါတယ္။ဒါေပမဲ့ပြဲခ်ိန္၂၁မိနစ္မွာဘာကေလကအမိုက္စားဂိုးျဖင့္ႏိုက္စ္အတြက္ေခ်ပဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။
သူဟာ၂၅ကိုက္အကြာတြင္ေဂ်ာ္ဒမ္လိုတြမ္ဘာထံမွေဘာလုံးရရွိၿပီးေနာက္ညာေျချဖင့္အျမန္ကန္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။သူ႔ကန္ခ်က္ကတိက်မွန္ကန္မႈနဲ႔အတူျပင္သစ္လက္ေ႐ြးစင္ဂိုးသမားစတိဗ္မန္ဒန္ဒါဟာေငးၾကည့္႐ုံသာတတ္ႏိုင္ခဲ့ပါတယ္။
ဘာကေလဟာဂိုးသြင္းယူၿပီးေနာက္အာဆင္နယ္မွအငွားျဖင့္လာကစားေနတဲ့ပီပီအပါအဝင္ကစားေဖာ္မ်ားႏွင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။
သူဟာပြဲခ်ိန္၆၇မိနစ္မွာဆိုဖီယာနီဒီေယာ့ပ္နဲ႔လူစားလဲျခင္းခံခဲ့ရပါတယ္။သူလူစားလဲျခင္းခံခဲ့ရၿပီးေနာက္၈၉မိနစ္မွာဘာဂ်ာမင္ဘူရီဂတ္ကရန္းနက္စ္အတြက္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။
ယင္းရႈံးပြဲေၾကာင့္ႏိုက္စ္ဟာလီဂူး၁အမွတ္ေပးဇယားအဆင့္၁၁ေနရာမွာစိတ္ပ်က္ဖြယ္ရာရပ္တည္ေနရပါတယ္။