နိုင်ဂျီးရီးယားအတွက် ပြောင်းကစားတော့မယ့် အင်္ဂလန်ယူ-၂၀ ကမ္ဘာ့ဖလားသူရဲကောင်း

အင်္ဂလန်လူငယ်လက်ရွေးစင်အဒီမိုလာလော့ခ်မန်းဟာအင်္ဂလန်အသင်းတွင်ရွေးချယ်ခြင်းခံရရန်မျှော်လင့်ချက်မရှိတော့မှုကြောင့်နိုင်ဂျီးရီးယားအတွက် ပြောင်းကစားသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

လက်စတာလူငယ်ကစားသမားဟာဗြိတိန်တွင်မွေးဖွားသူဖြစ်ပြီးချာလ်တန်၊အဲဗာတန်၊လိုက်ဇစ်တို့တွင်ကစားခဲ့သူဖြစ်ပါတယ်။သူ့ရဲ့မိဘများမှာနိုင်ဂျီးရီးယားနွယ်များဖြစ်ရာနိုင်ဂျီးရီးယားအတွက်ကစားခွင့်ရှိနေပါတယ်။

လော့ခ်မန်းဟာအင်္ဂလန်ယူ-၁၉၊ယူ-၂၀နှင့်ယူ-၂၁တို့အတွက်ကစားခဲ့သူဖြစ်ပြီး၂၀၁၇ခုနှစ်တုန်းကအင်္ဂလန်ယူ-၂၀အသင်းနှင့်အတူယူ-၂၀ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သူဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိကစားသမားဟာဒိုမီနစ်ကယ်ဗတ်လီဝင်း၊ဖီကာယိုတိုမိုရီတို့နှင့်အတူတွဲကစားခဲ့ပြီးယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဖူလ်ဟမ်အတွက်ပရီးမီးယားလိဂ်ပွဲ၃၄ပွဲအထိကစားခွင့်ရရှိခဲ့ပေမယ့်ပရီးမီးယားလိဂ်မှာတင်ကျန်အောင်မကူညီနိုင်ခဲ့ပါဘူး။

သူဟာပြီးခဲ့တဲ့နွေရာသီမှာလက်စတာသို့ပြောင်းလာပြီးနောက်ယခုရာသီမှာ၂ဂိုးသွင်းယူထားပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့လက်ရှိအင်္ဂလန်အသင်းတွင်အရည်အသွေးမြင့်မားတဲ့တောင်ပံကစားသမားအမြောက်အမြားရှိနေရာလော့ခ်မန်းအနေဖြင့်လက်စတာတွင်ဆက်လက်ခြေစွမ်းပြပါကလည်းအင်္ဂလန်စီနီယာအသင်းတွင်အခွင့်အရေးရလာနိုင်ခြေအလွန်နည်းပါတယ်။

ဒါကြောင့်ယခင်တုန်းကနိုင်ဂျီးရီးယားအတွက်ကစားရန်သုံးကြိမ်တိုင်တိုင်ပယ်ချခဲ့ဖူးတဲ့လော့ခ်မန်းဟာနိုင်ဂျီးရီးယားအတွက်ကစားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ZawGyi

ႏိုင္ဂ်ီးရီးယားအတြက္ ေျပာင္းကစားေတာ့မယ့္ အဂၤလန္ယူ-၂၀ ကမာၻ႔ဖလားသူရဲေကာင္း

အဂၤလန္လူငယ္လက္ေ႐ြးစင္အဒီမိုလာေလာ့ခ္မန္းဟာအဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းခံရရန္ေမွ်ာ္လင့္ခ်က္မရွိေတာ့မႈေၾကာင့္ႏိုင္ဂ်ီးရီးယားအတြက္ ေျပာင္းကစားသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

လက္စတာလူငယ္ကစားသမားဟာၿဗိတိန္တြင္ေမြးဖြားသူျဖစ္ၿပီးခ်ာလ္တန္၊အဲဗာတန္၊လိုက္ဇစ္တို႔တြင္ကစားခဲ့သူျဖစ္ပါတယ္။သူ႔ရဲ႕မိဘမ်ားမွာႏိုင္ဂ်ီးရီးယားႏြယ္မ်ားျဖစ္ရာႏိုင္ဂ်ီးရီးယားအတြက္ကစားခြင့္ရွိေနပါတယ္။

ေလာ့ခ္မန္းဟာအဂၤလန္ယူ-၁၉၊ယူ-၂၀ႏွင့္ယူ-၂၁တို႔အတြက္ကစားခဲ့သူျဖစ္ၿပီး၂၀၁၇ခုႏွစ္တုန္းကအဂၤလန္ယူ-၂၀အသင္းႏွင့္အတူယူ-၂၀ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့သူျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိကစားသမားဟာဒိုမီနစ္ကယ္ဗတ္လီဝင္း၊ဖီကာယိုတိုမိုရီတို႔ႏွင့္အတူတြဲကစားခဲ့ၿပီးယူ-၂၀ကမာၻ႔ဖလားၿပိဳင္ပြဲတြင္၃ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဖူလ္ဟမ္အတြက္ပရီးမီးယားလိဂ္ပြဲ၃၄ပြဲအထိကစားခြင့္ရရွိခဲ့ေပမယ့္ပရီးမီးယားလိဂ္မွာတင္က်န္ေအာင္မကူညီႏိုင္ခဲ့ပါဘူး။

သူဟာၿပီးခဲ့တဲ့ေႏြရာသီမွာလက္စတာသို႔ေျပာင္းလာၿပီးေနာက္ယခုရာသီမွာ၂ဂိုးသြင္းယူထားပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕လက္ရွိအဂၤလန္အသင္းတြင္အရည္အေသြးျမင့္မားတဲ့ေတာင္ပံကစားသမားအေျမာက္အျမားရွိေနရာေလာ့ခ္မန္းအေနျဖင့္လက္စတာတြင္ဆက္လက္ေျခစြမ္းျပပါကလည္းအဂၤလန္စီနီယာအသင္းတြင္အခြင့္အေရးရလာႏိုင္ေျခအလြန္နည္းပါတယ္။

ဒါေၾကာင့္ယခင္တုန္းကႏိုင္ဂ်ီးရီးယားအတြက္ကစားရန္သုံးႀကိမ္တိုင္တိုင္ပယ္ခ်ခဲ့ဖူးတဲ့ေလာ့ခ္မန္းဟာႏိုင္ဂ်ီးရီးယားအတြက္ကစားရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။