နိုင်ငံခြားကလပ်များရဲ့ လုပ်ခနှစ်ဆမြင့်မားတဲ့ကမ်းလှမ်းမှုကို ငြင်းကာ ဘာကာနှင့်စာချုပ်သစ်ချုပ်လိုက်တဲ့ ဖာတီ

ဘာစီလိုနာလူငယ်ပါရမီရှင်အန်ဆူးဖာတီဟာမန်ယူ၊လီဗာပူးနှင့်ပီအက်စ်ဂျီတို့ရဲ့မြင့်မားတဲ့လုပ်ခဖြင့်ကမ်းလှမ်းလာမှုအားပယ်ချကာဘာစီလိုနာနှင့်၂၀၂၇ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

ဘာစီလိုနာပါရမီရှင်ကစားသမားဟာယခုအပတ်အစောပိုင်းတုန်းကဘာကာနှင့်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့စပိန်လက်ရွေးစင်ပီဒရီကဲ့သို့ပင်စာချုပ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါကယူရို၁ဘီလီယံပေးရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

အန်ဆူးဖာတီဟာယခုလအကုန်တွင်မှအသက်၁၉နှစ်ပြည့်မယ့်သူဖြစ်ပြီး နိုင်ငံခြားထိပ်သီးကလပ်များရဲ့မြင့်မားတဲ့လုပ်ခများဖြင့်ကမ်းလှမ်းမှုကိုပယ်ချကာဘာစီလိုနာအိပ်မက်ကိုဆက်လက်အကောင်အထည်ဖော်ရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

Dario Sport ရဲ့ဖော်ပြချက်အရ မန်ယူ၊လီဗာပူးနှင့်ပီအက်စ်ဂျီတို့ဟာအန်ဆူးဖာတီကိုဘာစီလိုနာကကမ်းလှမ်းတဲ့လုပ်ခထက်နှစ်ဆမြင့်မားပြီးကမ်းလှမ်းမှုလုပ်ခဲ့ကြပေမယ့်လည်းပယ်ချခြင်းခံခဲ့ရပါတယ်။

အန်ဆူးဖာတီဟာအသက်၁၀နှစ်အရွယ် ၂၀၁၂ခုနှစ်တုန်းကဆီဗီလာမှဘာစီလိုနာသို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။

ဖာတီက “နိုင်ငံခြားကမ်းလှမ်းမှုတွေရခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော့်အိပ်မက်ကဒီမှာဘဲဆက်ကစားဖို့ပါ။ပထမနေ့ကတည်းကဂျော့မန်ဒက်စ်(အေးဂျင့်)ကိုဘာကာမှာဆက်နေမယ်လို့ပြောထားပြီးသားပါ။သူကလည်းအပြည့်အဝနားလည်ပါတယ်။ကလပ်ဘက်ကကျွန်တော့်အပေါ်ယုံကြည်မှုရှိလို့ပျော်ပါတယ်”လို့ပြောကြားပါတယ်။

အန်ဆူးဖာတီဟာမက်ဆီထွက်ခွာသွားမှုကြောင့်လစ်လပ်တဲ့ကျောနံပါတ်၁၀ကိုဆက်ခံခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။

ဆက်လက်ပြီးဖာတီက “မက်ဆီဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၀ကိုဝတ်ဆင်ခွင့်ပေးတာကျွန်တော့်အပေါ်ယုံကြည်လို့ပါ။အသင်းအတွက်ကျွန်တော့်ဘာတွေယူလာပေးနိုင်တယ်ဆိုတာသိပါတယ်။ဖိအားလည်းမရှိပါဘူး။ဘယ်သူမှလီယိုလိုလုပ်နိုင်မှာမဟုတ်ပါဘူး။ဘယ်သူမှပူယိုးလ်(သို့မဟုတ်)ဇာဗီးလိုလုပ်နိုင်မှာမဟုတ်ပါဘူး။လီယိုလုပ်ခဲ့တဲ့ဘယ်သူလိုက်တုနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်လည်းဘာမှမလုပ်ပြရသေးပါဘူး။ကျွန်တော်လည်းသူတို့လိုကစားသမားဘဝမျိုးပိုင်ဆိုင်ဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အန်ဆူးဖာတီဟာဘာစီလိုနာအတွက်၄၈ပွဲကစားထားရာမှာ၁၅ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။

ZawGyi

ႏိုင္ငံျခားကလပ္မ်ားရဲ႕ လုပ္ခႏွစ္ဆျမင့္မားတဲ့ကမ္းလွမ္းမႈကို ျငင္းကာ ဘာကာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္လိုက္တဲ့ ဖာတီ

ဘာစီလိုနာလူငယ္ပါရမီရွင္အန္ဆူးဖာတီဟာမန္ယူ၊လီဗာပူးႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕ျမင့္မားတဲ့လုပ္ချဖင့္ကမ္းလွမ္းလာမႈအားပယ္ခ်ကာဘာစီလိုနာႏွင့္၂၀၂၇ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။

ဘာစီလိုနာပါရမီရွင္ကစားသမားဟာယခုအပတ္အေစာပိုင္းတုန္းကဘာကာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့စပိန္လက္ေ႐ြးစင္ပီဒရီကဲ့သို႔ပင္စာခ်ဳပ္အတြင္းတြင္သူ႔ကိုေခၚယူလိုပါကယူ႐ို၁ဘီလီယံေပးရမယ္ဆိုတဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

အန္ဆူးဖာတီဟာယခုလအကုန္တြင္မွအသက္၁၉ႏွစ္ျပည့္မယ့္သူျဖစ္ၿပီး ႏိုင္ငံျခားထိပ္သီးကလပ္မ်ားရဲ႕ျမင့္မားတဲ့လုပ္ခမ်ားျဖင့္ကမ္းလွမ္းမႈကိုပယ္ခ်ကာဘာစီလိုနာအိပ္မက္ကိုဆက္လက္အေကာင္အထည္ေဖာ္ရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

Dario Sport ရဲ႕ေဖာ္ျပခ်က္အရ မန္ယူ၊လီဗာပူးႏွင့္ပီအက္စ္ဂ်ီတို႔ဟာအန္ဆူးဖာတီကိုဘာစီလိုနာကကမ္းလွမ္းတဲ့လုပ္ခထက္ႏွစ္ဆျမင့္မားၿပီးကမ္းလွမ္းမႈလုပ္ခဲ့ၾကေပမယ့္လည္းပယ္ခ်ျခင္းခံခဲ့ရပါတယ္။

အန္ဆူးဖာတီဟာအသက္၁၀ႏွစ္အ႐ြယ္ ၂၀၁၂ခုႏွစ္တုန္းကဆီဗီလာမွဘာစီလိုနာသို႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

ဖာတီက “ႏိုင္ငံျခားကမ္းလွမ္းမႈေတြရခဲ့ပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္အိပ္မက္ကဒီမွာဘဲဆက္ကစားဖို႔ပါ။ပထမေန႔ကတည္းကေဂ်ာ့မန္ဒက္စ္(ေအးဂ်င့္)ကိုဘာကာမွာဆက္ေနမယ္လို႔ေျပာထားၿပီးသားပါ။သူကလည္းအျပည့္အဝနားလည္ပါတယ္။ကလပ္ဘက္ကကြၽန္ေတာ့္အေပၚယုံၾကည္မႈရွိလို႔ေပ်ာ္ပါတယ္”လို႔ေျပာၾကားပါတယ္။

အန္ဆူးဖာတီဟာမက္ဆီထြက္ခြာသြားမႈေၾကာင့္လစ္လပ္တဲ့ေက်ာနံပါတ္၁၀ကိုဆက္ခံခြင့္ရရွိထားသူလည္းျဖစ္ပါတယ္။

ဆက္လက္ၿပီးဖာတီက “မက္ဆီဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၀ကိုဝတ္ဆင္ခြင့္ေပးတာကြၽန္ေတာ့္အေပၚယုံၾကည္လို႔ပါ။အသင္းအတြက္ကြၽန္ေတာ့္ဘာေတြယူလာေပးႏိုင္တယ္ဆိုတာသိပါတယ္။ဖိအားလည္းမရွိပါဘူး။ဘယ္သူမွလီယိုလိုလုပ္ႏိုင္မွာမဟုတ္ပါဘူး။ဘယ္သူမွပူယိုးလ္(သို႔မဟုတ္)ဇာဗီးလိုလုပ္ႏိုင္မွာမဟုတ္ပါဘူး။လီယိုလုပ္ခဲ့တဲ့ဘယ္သူလိုက္တုႏိုင္မွာမဟုတ္ပါဘူး။ကြၽန္ေတာ္လည္းဘာမွမလုပ္ျပရေသးပါဘူး။ကြၽန္ေတာ္လည္းသူတို႔လိုကစားသမားဘဝမ်ိဳးပိုင္ဆိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အန္ဆူးဖာတီဟာဘာစီလိုနာအတြက္၄၈ပြဲကစားထားရာမွာ၁၅ဂိုးသြင္းယူထားႏိုင္သူျဖစ္ပါတယ္။