နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူ စံချိန်ကို ရိုက်ချိုးပြီးပေမယ့် လက်ရွေးစင်မှ အနားယူရန် ရော်နယ်ဒို အစီအစဉ်မရှိသေး

ခရစ္စတီယာနိုရော်နယ်ဒိုကပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝမှအနားယူရန်အစီအစဉ်မရှိသေးကြောင်းပြောကြားလိုက်ပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့လတုန်းကဘောလုံးသမိုင်းတွင်လက်ရွေးစင်အသင်းအတွက်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်သစ်ရေးထိုးခဲ့သူဖြစ်ပါတယ်။

သူဟာယခင်တုန်းကလက်ရွေးစင်အတွက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေခဲ့တဲ့အလီဒါယီရဲ့အီရန်အတွက်၁၀၉ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပြီးယခုအခါ၁၁၅ဂိုးဖြင့်သမိုင်းတစ်လျှောက်နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပါတယ်။

ပေါ်တူဂီနှင့်အတူယူရို၂၀၁၆ဖလားဆွတ်ခူးခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်၂၀၂၂ခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းအောင်မြင်မှုရယူရန်အားခဲနေပါတယ်။

ရော်နယ်ဒိုက “ဘာလို့အနားယူရမှာလဲ။အနားယူရဖို့အချိန်မတန်သေးဘူးလို့ထင်ပါတယ်။လူတွေကလည်းအနားယူစေချင်မှာမဟုတ်ပါဘူး။ကျွန်တော်ကလည်းဆက်ကစားချင်ပါတယ်။မပြေးနိုင်တော့ဘူး၊မလိမ်ခေါက်နိုင်တော့ဘူး၊မကန်နိုင်တော့ဘူး၊ပါဝါမရှိတော့ဘူးဆိုရင်တောင်ကျွန်တော့်မှာပြင်းပြတဲ့စိတ်ဆန္ဒကရှိပါသေးတယ်။အဓိကစကားလုံးဖြစ်တဲ့စိတ်ဓာတ်ပြင်းပြမှုကမိသားစု၊လူတွေနဲ့ကျွန်တော့်ကိုယ်ကျွန်တော်ပျော်စေဖို့ပါ။အမြင့်ဆုံးအဆင့်အထိမြှင့်ချင်ပါတယ်။ခင်ဗျားကပေါ်တူဂီနဲ့ပတ်သက်ပြီးပြောလာတယ်။ကျွန်တော်ကချန်ပီယံလိဂ်မှာလည်းဂိုးအများဆုံးသွင်းထားတယ်၊နိုင်ပွဲအများဆုံးရထားတယ်၊ဖန်တီးမှုအများဆုံးလုပ်ထားတယ်။အားလုံးအများဆုံးပဲ။ဒါပေမယ့်ကျွန်တော်ကဆက်ပြီးတော့ဘောလုံးကစားချင်တယ်။လူတွေကိုပျော်အောင်လုပ်နိုင်သေးတယ်လို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီမှာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်တွင် ခြောက်ဂိုးသွင်းယူထားနိုင်ပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကတစ်ကိုယ်တော်ဆုတံဆိပ်ရရှိရေးအတွက်မန်ယူနှင့်ဆုဖလားရရှိရေးကိုသာအာရုံစိုက်ကြောင်းလည်းပြောကြားသွားပါတယ်။

၎င်းက “ကျွန်တော့်တစ်ကိုယ်တော်ရေးရာနဲ့ပတ်သက်ပြီးမပြောပါဘူး။အသင်းလိုက်ဆုရရှိရေးကိုပဲဦးစားပေးပါတယ်။တစ်ကိုယ်တော်ဆုရဖို့ဆိုတာအများကြီးလွယ်ပါတယ်။ဆုဖလားရနိုင်သေးတယ်လို့ထင်ပါတယ်။လူတိုင်းကိုယ့်တာဝန်ကိုယ်သိရမယ်၊ကျွန်တော်ကလည်းကိုယ့်တာဝန်ကိုယ်သိရမယ်။ဒီကလပ်မှာကျွန်တော့်တာဝန်ကဂိုးသွင်းဖို့ပါ။အသင်းကိုကျွန်တော့်အတွေ့အကြုံတွေနဲ့ကူညီဖို့ပါ။ကျွန်တော့်နောက်မှာစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပရိသတ်တွေရှိတယ်။စိတ်လှုပ်ရှားကောင်းတဲ့ကွင်းကြီးရှိတယ်။အရမ်းကောင်းတဲ့အသင်းလည်းပိုင်ဆိုင်ပြီးသားပါ။ဒီတော့ဒီအတိုင်းဘဲဆက်ကြိုးစားရုံပါပဲ”လို့ပြောကြားသွားပါတယ်။

ZawGyi

ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူ စံခ်ိန္ကို ႐ိုက္ခ်ိဳးၿပီးေပမယ့္ လက္ေ႐ြးစင္မွ အနားယူရန္ ေရာ္နယ္ဒို အစီအစဥ္မရွိေသး

ခရစၥတီယာႏိုေရာ္နယ္ဒိုကေပၚတူဂီလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူရန္အစီအစဥ္မရွိေသးေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့လတုန္းကေဘာလုံးသမိုင္းတြင္လက္ေ႐ြးစင္အသင္းအတြက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္စံခ်ိန္သစ္ေရးထိုးခဲ့သူျဖစ္ပါတယ္။

သူဟာယခင္တုန္းကလက္ေ႐ြးစင္အတြက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနခဲ့တဲ့အလီဒါယီရဲ႕အီရန္အတြက္၁၀၉ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးယခုအခါ၁၁၅ဂိုးျဖင့္သမိုင္းတစ္ေလွ်ာက္ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနပါတယ္။

ေပၚတူဂီႏွင့္အတူယူ႐ို၂၀၁၆ဖလားဆြတ္ခူးခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္၂၀၂၂ခုႏွစ္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းေအာင္ျမင္မႈရယူရန္အားခဲေနပါတယ္။

ေရာ္နယ္ဒိုက “ဘာလို႔အနားယူရမွာလဲ။အနားယူရဖို႔အခ်ိန္မတန္ေသးဘူးလို႔ထင္ပါတယ္။လူေတြကလည္းအနားယူေစခ်င္မွာမဟုတ္ပါဘူး။ကြၽန္ေတာ္ကလည္းဆက္ကစားခ်င္ပါတယ္။မေျပးႏိုင္ေတာ့ဘူး၊မလိမ္ေခါက္ႏိုင္ေတာ့ဘူး၊မကန္ႏိုင္ေတာ့ဘူး၊ပါဝါမရွိေတာ့ဘူးဆိုရင္ေတာင္ကြၽန္ေတာ့္မွာျပင္းျပတဲ့စိတ္ဆႏၵကရွိပါေသးတယ္။အဓိကစကားလုံးျဖစ္တဲ့စိတ္ဓာတ္ျပင္းျပမႈကမိသားစု၊လူေတြနဲ႔ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ေပ်ာ္ေစဖို႔ပါ။အျမင့္ဆုံးအဆင့္အထိျမႇင့္ခ်င္ပါတယ္။ခင္ဗ်ားကေပၚတူဂီနဲ႔ပတ္သက္ၿပီးေျပာလာတယ္။ကြၽန္ေတာ္ကခ်န္ပီယံလိဂ္မွာလည္းဂိုးအမ်ားဆုံးသြင္းထားတယ္၊ႏိုင္ပြဲအမ်ားဆုံးရထားတယ္၊ဖန္တီးမႈအမ်ားဆုံးလုပ္ထားတယ္။အားလုံးအမ်ားဆုံးပဲ။ဒါေပမယ့္ကြၽန္ေတာ္ကဆက္ၿပီးေတာ့ေဘာလုံးကစားခ်င္တယ္။လူေတြကိုေပ်ာ္ေအာင္လုပ္ႏိုင္ေသးတယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီမွာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္ ေျခာက္ဂိုးသြင္းယူထားႏိုင္ပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကတစ္ကိုယ္ေတာ္ဆုတံဆိပ္ရရွိေရးအတြက္မန္ယူႏွင့္ဆုဖလားရရွိေရးကိုသာအာ႐ုံစိုက္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

၎က “ကြၽန္ေတာ့္တစ္ကိုယ္ေတာ္ေရးရာနဲ႔ပတ္သက္ၿပီးမေျပာပါဘူး။အသင္းလိုက္ဆုရရွိေရးကိုပဲဦးစားေပးပါတယ္။တစ္ကိုယ္ေတာ္ဆုရဖို႔ဆိုတာအမ်ားႀကီးလြယ္ပါတယ္။ဆုဖလားရႏိုင္ေသးတယ္လို႔ထင္ပါတယ္။လူတိုင္းကိုယ့္တာဝန္ကိုယ္သိရမယ္၊ကြၽန္ေတာ္ကလည္းကိုယ့္တာဝန္ကိုယ္သိရမယ္။ဒီကလပ္မွာကြၽန္ေတာ့္တာဝန္ကဂိုးသြင္းဖို႔ပါ။အသင္းကိုကြၽန္ေတာ့္အေတြ႕အႀကဳံေတြနဲ႔ကူညီဖို႔ပါ။ကြၽန္ေတာ့္ေနာက္မွာစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ပရိသတ္ေတြရွိတယ္။စိတ္လႈပ္ရွားေကာင္းတဲ့ကြင္းႀကီးရွိတယ္။အရမ္းေကာင္းတဲ့အသင္းလည္းပိုင္ဆိုင္ၿပီးသားပါ။ဒီေတာ့ဒီအတိုင္းဘဲဆက္ႀကိဳးစား႐ုံပါပဲ”လို႔ေျပာၾကားသြားပါတယ္။