နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူဖြစ်ပြီးတဲ့နောက် ပွဲပယ်ခံခဲ့ရတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဘောလုံးသမိုင်းမှာလက်ရွေးစင်အသင်းအတွက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ကြီးမားတဲ့သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်ပြီဖြစ်ပါတယ်။

မန်ယူကစားသမားသစ်ဟာမနေ့ညတုန်းကအိုင်ယာလန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပွဲချိန်၈၉နှင့်ပွဲချိန်၁၀၆မိနစ်တို့မှာချေပဂိုးနှင့်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းဂိုးများကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာအလီဒါယီရဲ့၁၀၉ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အိုင်ယာလန်နှင့်ပွဲစဉ်မှဂိုးနှစ်ဂိုးကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအတွက်သွင်းဂိုး၁၁၁ဂိုးရှိသွားပြီဖြစ်ကာဘောလုံးသမိုင်းတွင်နိုင်ငံတကာဂိုးအများဆုံးသူဖြစ်လာခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနိုင်ငံတကာဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တိုင်မရေးထိုးမီပင်နယ်တီလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာနာကျင်အချိန်ပိုမှာအဖိုးတန်အနိုင်ဂိုးသွင်းယူပြီးနောက်အင်္ကျချွတ်ကာအကြီးအကျယ်အောင်ပွဲခံမှုနဲ့အတူအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ယင်းအဝါကတ်ကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာတစ်ပွဲပယ်ခံခဲ့ရပြီးလာမယ့်အင်္ဂါနေ့မှာအဇာဘိုင်ဂျန်နှင့်ကစားရမယ့်ပွဲစဉ်ကိုလွဲချော်ပါမယ်။ဒါပေမယ့်သူဟစနေနေ့မှာကာတာနှင့်ကစားမယ့်ခြေစမ်းပွဲမှာတော့ပါဝင်လာနိုင်ဖို့ရှိပါတယ်။

တစ်ပွဲပယ်ခံခဲ့ရတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအသင်းနှင့်ပုံမှန်ထက်စောပြီးပူးပေါင်းမှာလည်းဖြစ်ပါတယ်။

ZawGyi

ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူျဖစ္ၿပီးတဲ့ေနာက္ ပြဲပယ္ခံခဲ့ရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဘာလုံးသမိုင္းမွာလက္ေ႐ြးစင္အသင္းအတြက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ႀကီးမားတဲ့သမိုင္းမွတ္တိုင္တစ္ခုစိုက္ထူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။

မန္ယူကစားသမားသစ္ဟာမေန႔ညတုန္းကအိုင္ယာလန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာပြဲခ်ိန္၈၉ႏွင့္ပြဲခ်ိန္၁၀၆မိနစ္တို႔မွာေခ်ပဂိုးႏွင့္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။ယင္းဂိုးမ်ားေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအလီဒါယီရဲ႕၁၀၉ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

အိုင္ယာလန္ႏွင့္ပြဲစဥ္မွဂိုးႏွစ္ဂိုးေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအတြက္သြင္းဂိုး၁၁၁ဂိုးရွိသြားၿပီျဖစ္ကာေဘာလုံးသမိုင္းတြင္ႏိုင္ငံတကာဂိုးအမ်ားဆုံးသူျဖစ္လာခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တိုင္မေရးထိုးမီပင္နယ္တီလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာနာက်င္အခ်ိန္ပိုမွာအဖိုးတန္အႏိုင္ဂိုးသြင္းယူၿပီးေနာက္အက်ၤခြၽတ္ကာအႀကီးအက်ယ္ေအာင္ပြဲခံမႈနဲ႔အတူအဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

ယင္းအဝါကတ္ေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတစ္ပြဲပယ္ခံခဲ့ရၿပီးလာမယ့္အဂၤါေန႔မွာအဇာဘိုင္ဂ်န္ႏွင့္ကစားရမယ့္ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။ဒါေပမယ့္သူဟစေနေန႔မွာကာတာႏွင့္ကစားမယ့္ေျခစမ္းပြဲမွာေတာ့ပါဝင္လာႏိုင္ဖို႔ရွိပါတယ္။

တစ္ပြဲပယ္ခံခဲ့ရတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအသင္းႏွင့္ပုံမွန္ထက္ေစာၿပီးပူးေပါင္းမွာလည္းျဖစ္ပါတယ္။